ညနေရောက်လို့ နေရောင်ပျောက်တာကို နောက်ကျတယ်လို့ မဆိုနိုင်ပါဘူး

blank

ဘဝမှာ အရာရာနောက်ကျသွားပြီလို့ ထင်နေတာလား။ သင့်ဘဝမှာ ဘယ်သောအခါမှ နောက်မကျသေးပါဘူး။ ဘာလို့လဲဆိုတော့-

၁။ ပစ္စုပ္ပန်မှာ နေထိုင်နေတဲ့သင့်အတွက် ပြောင်းလဲလို့မရတဲ့အတိတ်ဆိုတာရှိသလို ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အနာဂတ်ဆိုတာလည်း ရှိနေပါတယ်။

၂။ သင့်ဘဝကို ပြောင်းလဲနိုင်စွမ်းကလည်း သင့်လက်ထဲမှာပဲ ရှိပါသေးတယ်။

၃။ အချိန်တိုလေးအတွင်းမှာ မပြောင်းလဲနိုင်ဘူးဆိုရင်တောင် ကလေးလေးတွေ ပြောင်းလဲဖွံ့ဖြိုးလာသလို တစ်ဆင့်ချင်းကြိုးစား ပြောင်းလဲလို့ရပါသေးတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မရေရာတဲ့အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ အခုအချိန်မှာ နောက်ကျသွားပြီလို့ သင်ထင်ချင်ထင်နေလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ အခွင့်အရေးအသစ်တွေ ပေါ်လာနိုင်သေးတာပဲ မဟုတ်လား။

၅။ သင့်မှာ စွမ်းအားပြည့်တဲ့ စိတ်ဆန္ဒတွေ ရှိတယ်လေ။ သင့်မှာ စိတ်ကူးအိပ်မက်တွေ ရှိနေတယ်။ သင်လိုချင်တာကို ရအောင်ယူဖို့ တွန်းအားပေးနိုင်တဲ့ စိတ်စွမ်းအားတွေရှိနေသေးတယ်လေ။

၆။ သင့်ဘဝကို တိုးတက်မြင့်မားအောင် သင်ယူလေ့လာဖို့ ဘယ်သောအခါမှ နောက်မကျသေးပါဘူး။ အသက်ကြီးမှ စာသင်ပြီး ဘုရင်ကို သက်သေပြခဲ့တဲ့ ဦးကျည်ပွေ့ကိုပဲ ကြည့်ပါ။

၇။ လူတိုင်းလူတိုင်း ကမ္ဘာလောကကြီးကနေ ထွက်ခွာသွားရမှာပါ။ သင်ချန်ခဲ့နိုင်တာ သမိုင်းပဲရှိပါတယ်။ သင့်သမိုင်းတစ်လျှောက်လုံးမှာ နောက်မျိုးဆက်သစ်လူငယ်တွေအတွက် အတုယူစရာတွေ ချန်ထားနိုင်အောင် ကြိုးစားနိုင်ပါသေးတယ်။

ညနေရောက်လို့ နေရောင်ပျောက်သွားတာနဲ့  နေမင်းကြီးကို ဆုံးရှုံးလိုက်ရတာမှ မဟုတ်တာ။ မနက်ခင်းအသစ်မှာ နေခြည်နုနုလေးတွေ  ထွက်ပြူလာဦးမှာပဲလေ။ ဘဝမှာလည်း ပြီးဆုံးသွားပြီဆိုတာ မရှိပါဘူး။ မှောင်မိုက်တဲ့အဆုံးသတ်တိုင်းမှာ သာယာတဲ့ဘဝအစတွေရှိတယ်ဆိုတာကို ယုံကြည်ရင်းဘဝကိုတစ်ဖန်ပြန်လည် အစပြုပါနော်။ မနက်ခင်းတိုင်းဟာ ဘဝအသစ်တွေကိုတည်ဆောက်ဖို့ အားအင်တွေပါပဲလေ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။