လူတစ်ယောက်အကြောင်း ဖုန်းကာဗာက ဘာတွေပြောနိုင်လဲ

blank
သင်ဟာ ဖုန်းကာဗာ မတပ်ဘဲ သုံးတတ်တယ်ဆိုရင်…..

သင်ဟာ ကိုယ့်ကိုယ်ကိုအလွန်အမင်း ယုံကြည်တတ်တယ်။ အရာရာကို စည်းကမ်းတကျနဲ့ ဂရုတစိုက်လုပ်တတ်တယ်။ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး စိတ်ခံစားမှုတွေကို မကွယ်ဝှက်ဘဲ အမှန်အတိုင်းထုတ်ဖော်ပြောပြတတ်တယ်။ ပွင့်လင်းလွန်းအားကြီးတဲ့သင်ကြောင့် တစ်ခါတလေမှာ ခင်မင်ရသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။

ဖုန်းကာဗာမှာ စတစ်ကာတွေ ကပ်ထားတတ်တယ်ဆိုရင်….

သင်ဟာ ခေတ်မီမီဝတ်စားဆင်ယင်တတ်တယ်။ ရိုးသားဖြူစင်တယ်။ ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ပြီး ဟန်ဆောင်လိမ်ညာတာကို မုန်းတတ်သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေကို ကူညီတတ်တယ်။ ဒါပေမဲ့ မိမိအပေါ်မကောင်းဘူးဆိုရင်တော့ ပြတ်သားစွာ လမ်းခွဲရဲသူတစ်ယောက်ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အရုပ်တွေ၊ ဒီဇိုင်းတွေပါတဲ့ ကာဗာကိုတပ်ထားတယ်ဆိုရင်….  

သင်ဟာ မိသားစုကို တွယ်တာတတ်တယ်။ ကလေးဆန်တယ်။ ခေတ်မီပြီး အများနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။ ခရီးထွက်ရတာနှစ်သက်ပြီး အသစ်အဆန်းတွေကို နှစ်သက်တယ်။ သင်ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ သင့်ကို ချုပ်ကိုင်လွှမ်းမိုးတာကိုတော့ မုန်းတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ပျော်ပျော်နေတတ်ပြီး ပေါ့ပါးလန်းဆန်းနေတတ်တဲ့သင့်ကို ခင်တွယ်တတ်ကြပါတယ်။

သင်ဟာ ကာဗာအမည်းရောင်တပ်ထားတယ်ဆိုရင်….

သင်ဟာ စည်းတွေဘောင်တွေ ကန့်သတ်ချက်တွေကို မုန်းတတ်သူတစ်ယောက်ပါ။ အပေးအကမ်းရက်ရောတယ်။ စိတ်သဘောထားကောင်းမွန်တယ်။ ကူညီတတ်ပြီး သစ္စာတရားကို တန်ဖိုးထားတယ်။ သင့်ရဲ့ ဟာသဉာဏ်နဲ့ ပွင့်လင်းမှုကြောင့် အပေါင်းအသင်းတွေရဲ့ ဂျိုကာလေးပဲဖြစ်ပါတယ်။ အလောတကြီးဆောင်ရွက်တတ်မှုနဲ့ ရှပ်ပြာလျပ်ပြာနိုင်မှုတွေကတော့ သင့်ရဲ့အားနည်းချက်တွေပေါ့။

အရောင်ဖျော့တဲ့ ဖုံးကာဗာ တပ်ထားတယ်ဆိုရင်…

သင်ကအရှက်အကြောက်ကြီးတယ်။ ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထားတတ်တယ်။ ပစ္စည်းတွေကို စနစ်တကျကိုင်တွယ်တတ်ပြီး စည်းစနစ်ကြီးသူတစ်ယောက်ဖြစ်တယ်။ သင့်ရဲ့ပေးဆပ်တတ်တဲ့ နှလုံးသားကြောင့် အချစ်ရေးမှာတော့သင်က သူရဲကောင်းကြီးပေါ့။ ခံစားချက်တွေကို ဖုံးကွယ်လွန်းတာနဲ့ လိုချင်တာတွေကိုတောင်းဆိုဖို့ တွန့်ဆုတ်တတ်တာကြောင့် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။

တိုက်ဆိုင်တယ်ဆိုရင် SHARE ပေးလိုက်ပါဦးနော်။