ငွေဖြုန်းတီးရာမရောက်အောင် လျှော့ချသင့်တဲ့အသုံးစရိတ်လေးများ

“အကြီးမားဆုံးငွေစုဆောင်းဖို့နည်းလမ်းက ငွေကိုမလိုအပ်ဘဲ မဖြုန်းတီးပစ်ဖို့ပါပဲ” ဆိုတဲ့ အ နောက်တိုင်းဒဿနလေးတစ်ခုရှိပါတယ်။ မှန်ပါတယ်။ ငွေကို မလိုအပ်ဘဲ မဖြုန်းတီးခြင်းက ငွေစုတာနဲ့ အတူတူပါပဲ။ ဒါကြောင့် လူအများစုရဲ့တစ်နေ့တာ ငွေအသုံးပြုခြင်းထဲက လျှော့ချနိုင်တဲ့ အသုံးစရိတ် လေးတချို့ကို အကြံပြုတင်ဆက်လိုက်ပါတယ်နော်။

၁။ စိတ်ကူးပေါက်ရာ ဝယ်ယူခြင်း။

တစ်ခါတရံမှာ သင့်အတွက် မလိုအပ်ဘဲ မျက်စိထဲတွေ့လို့ ဝယ်ယူမိတဲ့ အသုံး အဆောင် ပစ္စည်းလေးတွေရှိပါတယ်။ အထူးသဖြင့် စူပါမားကတ်တွေထဲ ရောက်တဲ့အခါ မြင်မြင်သမျှလိုချင်စရာ တွေချည်းမို့ ဝယ်ယူမိတတ်ပါတယ်။ ဒါကြောင့် တကယ်လိုအပ်မှဝယ်ယူတတ်တဲ့အကျင့်ကို မွေးမြူ ခြင်းဖြင့် မလိုလားအပ်တဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။

၂။ ရေဝယ်သောက်ခြင်း။

လူအများစုဟာ ရေဘူးကိုသွားလေရာသယ်သွားရမှာ ပျင်းရိလေ့ရှိကြပါတယ်။ ဒါပေမဲ့ ရုံးကို နေ့လယ်စာထမင်းဘူးယူသွားတဲ့အလေ့အထရှိရင်တော့ ရေဘူးဖြည့်ယူသွားဖို့လည်း မခဲယဉ်းတော့ပါ ဘူး။ တစ်နေ့ချင်းစီမှာ မသိသာပေမဲ့ ကြာလာတဲ့အခါ ဖြုန်းတီးရာကျတဲ့ အသုံးစရိတ်မို့ လျှော့ချသင့်ပါ တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အင်တာနက်အတွက် ဖုန်းဘေလ်များစွာ ကျခံခြင်း။

ဖုန်းဘေလ်အများကြီးထည့်ပြီး အင်တာနက်သုံးတာက အသုံးစရိတ်တွေကို မြင့်တက်စေပါ တယ်။ တတ်နိုင်သမျှ Wi-Fi ရှိတဲ့နေရာတွေမှာသုံးရင် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ။

၎။ အစားအသောက်တွေပိုလျှံခြင်း။

အစားအသောက်တွေကို မကုန်နိုင်ဘဲ ဝယ်တာ၊ မလိုအပ်သေးတဲ့ အစားအစာတွေကို ဝယ် ယူထားတာတွေကလည်း ရေရှည်မှာ မလိုအပ်ဘဲ ငွေကုန်ကြေးကျများစေတဲ့ အပြုအမူတွေဖြစ်ပါ တယ်။ ဒါကြောင့် အသုံးစရိတ်လျှော့ချဖို့ဆိုရင် အစားအသောက်ဝယ်ယူတဲ့အခါ စားနိုင်သလောက်ပဲ ချင့်ချိန်ဝယ်ပါ။ ဈေးဝယ်ထွက်တဲ့အခါ လိုအပ်တာပဲ ကြိုတင်စာရင်းလုပ်ထားပြီး စာရင်းအတိုင်းသာ အတိအကျဝယ်ယူပါ။

၅။ နာမည်ကြီးတံဆိပ်တွေကို အစွဲအလန်းထားခြင်း။

နိုင်ငံတကာအမှတ်တံဆိပ်တွေနဲ့ ပစ္စည်းတွေက ကွာလတီကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ ဈေးနည်းပေမဲ့ ကွာလတီကောင်းတဲ့ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် သင့်အတွက် မရှိမဖြစ်အရေးပါတဲ့ပစ္စည်းကလွဲပြီး ကျန်တဲ့ပစ္စည်းတွေမှာ သင့်တင့်တဲ့ဈေးနှုန်းသာရှိတဲ့ ပစ္စည်းတွေ သုံးခြင်းဖြင့် မလိုလားအပ်တဲ့အသုံးစရိတ်တွေကို လျှော့ချနိုင်ပါတယ်။

၆။ နေ့လယ်စာအပြင်ထွက်စားခြင်း။

နေ့လယ်စာကို အပြင်ထွက်စားတာက အချိန်ကုန်ပြီး ငွေလည်းပိုကုန်ပါတယ်။ အိမ်မှာချက် ပြုတ်ပြင်ဆင်ပြီး ရုံးကိုထမင်းချိုင့်ထည့်သွားတာက ပိုအဆင်ပြေပါတယ်။

စာစောင်လေးက သင့်အ တွက် အသုံးတည့်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။