၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၆-ရက်နေ့မှ ၁၂-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

တာဝန်ယူရတဲ့ကိစ္စတွေများနေတဲ့ကာလဖြစ်ပါတယ်။ ကြိုးစားမှုတွေနဲ့ သင့်ရဲ့ခေါင်းဆောင်မှု စွမ်းရည်ကို ပြသလိုက်ပါ။ အလုပ်အတွက် အလားအလာကောင်းတွေက ရှေ့မှာစောင့်ကြိုနေပါတယ်။ မိသားစုတွင်း ပျော်ရွှင်စရာသတင်းကောင်းတွေကြားရမယ်။ ချစ်သူမရှိသေးသူများ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုပြုလုပ်ပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အများနဲ့ပူးပေါင်းဆောင်ရွက်ရတဲ့ကိစ္စတွေမှာ စွမ်းစွမ်းတမံလုပ်ကိုင်ဖြစ်နေမယ့်ကာလဖြစ်ပါ တယ်။ မျှော်လင့်မထားတဲ့ လုပ်ငန်းသစ်တွေကို လက်ခံရရှိမယ်။ ကြိုးစားသလောက် အရာထင်မှာမို့ သင့်အတွက် ကြိုးစားဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့အနေဝေးနေ မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

အလုပ်တွေအများကြီးလုပ်ဖြစ်နေမယ့်ကာလဖြစ်ပါတယ်။ ငွေဝင်ပေမဲ့ ငွေကုန်ကြေးကျစရာ တွေကလည်း များနေတဲ့အတွက် ငွေကိုချွေတာစုနိုင်မှ တော်ကာကျမှာပါ။ ကျန်းမာရေးအနည်းငယ် ချူချာတတ်ပါတယ်။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်သတိပြုပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်စရာတွေများနေပေမဲ့ ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာနဲ့အတန်ငယ်စိတ်လေနေမိမယ့် ကာလဖြစ်ပါတယ်။ အများကြီးမတွေးပါနဲ့။ လက်ရှိအသင့်တော်ဆုံး အခြေအနေတစ်ခုကို ရွေးချယ် လိုက်ပါ။ အဆင်ပြေမှုတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ ကွဲကွာနေတဲ့အချစ်ဟောင်းရှိသူများ မမျှော်လင့်ဘဲ ပြန်ဆုံရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          အကောင်းဆုံးမျှော်လင့်ပြီးလုပ်ဆောင်ခဲ့ပေမဲ့ ထင်သလောက်အဆင်မပြေတဲ့ အလုပ်တွေ ကြောင့် အတန်ငယ်စိတ်မောရလိမ့်မယ်။ ဒါပေမဲ့ အားမလျှော့ပါနဲ့။ နောက်တစ်ကြိမ် ပိုကြိုးစားကြည့်ပါ။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်သွားမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

တခြားသူတွေဆီက အားကိုးယုံကြည်မှုတွေကို ရရှိနေမယ့်ကာလဖြစ်ပါတယ်။ အကြံဉာဏ် တောင်းသူတွေ များနေလိမ့်မယ်။ ငွေကြေးဆုံးရှုံးကိန်းရှိတာကြောင့် လွယ်လွယ်နဲ့ အချေးအငှားမလုပ် ပါနဲ့။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးထားတဲ့အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်မယ့်ကာလဖြစ်ပါတယ်။ ကူညီ မယ့်ဆရာသမားနဲ့ မိတ်ဆွေကောင်းတွေတွေ့မယ်။ ပညာရပ်အသစ်တွေ လေ့လာသင်ယူခွင့်ရမယ်။ ငွေကြေးကံကောင်းနေတာကြောင့် အလုပ်ကိုပိုမိုကြိုးစားလိုက်ပါ။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသက်စေ့ကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ဘဝအတွက် လေးလံနေတဲ့ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးလျှောက်လှမ်းချင်နေ မယ့်ကာလဖြစ်ပါတယ်။ မိသားစုအရေး၊ အချစ်ရေးမှာ စိတ်တွေအတန်ငယ်ရှုပ်ထွေးနေရမယ်။ စိတ်ကို အလိုမလိုက်ဘဲ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းပါ။ မကြာခင်မှာ အဆင်ပြေမှုတွေ ပြန်ရောက်လာမှာပါ။

ယတြာ။         ။ မွေးနေ့မှာ လိုအပ်နေသူကို ဆေးဝါးဒါနပြုပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

နှောင့်နှေးကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့မယ်။ ဆိုင်းငံ့ထားတဲ့စီးပွားရေးလုပ်ငန်းလေးတွေ ပြန်လည်ပတ်လာနိုင်မယ်။ အချစ်ရေးမှာ တတိယလူပေါ် လာတတ်တယ်။ ငွေကြေးကံ အထူးကောင်းနေတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ခေါက်ဆွဲကြော်ဆွမ်းလောင်းပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
         အဆိုးတွေကုန်ပြီး အကောင်းတွေဘက်ဦးတည် လာနေတဲ့ ကာလဖြစ်ပါတယ်။ ဘဝအတွက် အ ထောက်အကူဖြစ်စေမယ့် မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံရတတ်တယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရ မယ်။ သင့်အတွက် ကံကောင်းခြင်းတွေယူဆောင်လာမယ့် ပျော်စရာခရီးဖြစ်ပါတယ်။
ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

လူမှုရေးကိစ္စတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ အချိန်ကုန်နေတဲ့ကာလဖြစ်ပါတယ်။ မိသားစုနဲ့ ချစ်သူကို အချိန်သိပ်မပေးနိုင်တာကြောင့် အနေဝေးသလိုဖြစ်နေမယ်။ ငွေကုန်ကြေးကျများနေမယ်။ အရောင်းအဝယ်လုပ်သူများ အမြတ်အစွန်းများမယ်။ စနေနံနဲ့စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ပါ။

ယတြာ။         ။ မွေးရက်မှာ သပြေညွှန့်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
          ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ရမယ့်ကာလဖြစ်ပါတယ်။ အမှားအ ယွင်းဖြစ်တတ်တာကြောင့် မိဘတွေ၊ ဆရာသမားတွေနဲ့တိုင်ပင်ပါ။ အလျင်မလိုပါနဲ့။ အချစ်ရေးသာ ယာပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက်ဆင်ခြင်ပါ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်တစ်ပင်စိုက်ပါ။