နေရောင်ခြည်နဲ့ပျော်ရွှင်မှု ဘယ်လိုဆက်စပ်နေတာလဲ

blank

မကြာသေးခင်က လေ့လာမှုတစ်ခုမှာ အပူချိန်၊လေထုညစ်ညမ်းမှုနဲ့ မိုးစက်တွေထက် နေဝင်ချိန်နဲ့ နေထွက်ချိန်ကြားကာလအတွင်းက အချိန်တွေဟာ လူတွေရဲ့ စိတ်ခံစားမှုတွေအပေါ်သက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေ့လာသူတွေက လူတစ်ယောက်ရဲ့ စိတ်ဟာ ရာသီဥတုအခြေအနေတွေနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာကို စူးစမ်းကြည့်ခဲ့ပါတယ်။ လူတွေဟာ နေ့တာတိုတဲ့နေ့တွေ၊ မိုးအုံ့တဲ့နေ့တွေမှာ ပိုပြီးစိတ်ညစ်တတ်တာကို တွေ့ရှိခဲ့ပါတယ်။

မိုးရွာတဲ့နေ့တွေနဲ့ ရာသီဥတု အုံ့မှိုင်းတဲ့နေ့တွေမှာ လူတွေဟာ ပိုပြီးတော့ စိတ်ပျက်လွယ်တာကိုတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နေသာတဲ့နေ့လေးတွေမှာ ပျော်ပျော်ကြီး လျှောက်လည်ကြရအောင်နော်။