လူတွေကြောင့် ကမ္ဘာကြီးက ပိုကောင်းလာတာလား… ဒါဆို လူတွေမရှိတော့ရင် ကမ္ဘာကြီးဘာဖြစ်သွားမလဲ

blank

ကမ္ဘာကြီးပေါ်ကနေ လူတွေ ရုတ်တရက်ပျောက်ကွယ်သွားတဲ့အခါမှာ ကမ္ဘာကြီးက ဘယ်လိုပုံစံနဲ့ ကျန်ခဲ့မလဲလို့ တွေးဖူးကြလား။

သိပ္ပံပညာရှင်တွေကတော့ လူသားတွေမရှိတော့တဲ့ ကမ္ဘာကြီးအကြောင်းကို သိပ္ပံနည်းကျ ဆက်စပ်ပုံဖော်ခဲ့ပါတယ်။ လူတွေမရှိတော့ရင် ဘာတွေဘယ်လိုဖြစ်သွားမယ်ဆိုတဲ့ အကြောင်းပေါ့။

ကမ္ဘာကြီးပေါ်ကနေ လူတွေရုတ်တရက်ပျောက်သွားရင်-

တစ်နှစ်လောက်ကြာတဲ့အခါမှာ သစ်ပင်ပန်းပင်တွေက အထိန်းအချုပ်မဲ့စွာ ကြီးထွားရှင်သန်လာကြမယ်။ သစ်ပင်တွေက လေထုထဲကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပိုပြီး စုပ်ယူနိုင်လာမယ်။

ဆောင်းညတွေမှာ အအေးဓာတ်ပိုလွန်ကဲလာပြီး နှစ်ပေါင်း (၁၅ဝ) ကြာတဲ့အခါမှာ ကနေဒါနိုင်ငံက ရေခဲပြင်တွေအောက် ရောက်သွားလိမ့်မယ်။

လူတွေရဲ့ အမဲလိုက်သတ်ဖြတ်ခြင်းကို ခံနေရတဲ့ တောရိုင်းတိရစ္ဆာန်လေးတွေက အကောင်ရေများများပေါက်ပြီး ပွားများလာမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက် (၁၅) နှစ်ကြာတဲ့အခါမှာ ကမ္ဘာပေါ်က လမ်းတွေအားလုံး မြေကြီးတွေ၊ ဖုန်မှုန့်တွေ ဖုံးလွှမ်းသွားမယ်။

နှစ် (၃ဝ) ကြာတဲ့အခါမှာ အဆောက်အဦးတွေ အက်ကြောင်းလိုက်ပြီး စတင်ယိုယွင်းလာမယ်။ မြို့ကြီးတွေမှာ ဂေဟစနစ်သစ်တစ်ခု ဖြစ်တည်လာမယ်။ လူသားတို့တည်ဆောက်ထားတဲ့ အဆောက်အဦးတွေကြားမှာ သဘာဝပေါက်ပင်တွေ ရောနှော ပေါက်ရောက်နေလိမ့်မယ်။

သမုဒ္ဒရာထဲမှာတော့ နစ်မြုပ်နေတဲ့ သင်္ဘောတွေကို သန္တာကျောက်တန်းတွေက ဖုံးလွှမ်းသွားလိမ့်မယ်။

နှစ်ပေါင်း (၆ဝ) လောက်ကြာတဲ့အခါမှာ အလွန်အကျွံငါးဖမ်းမှုတွေကြောင့် တိတ်ဆိတ်နေတဲ့ သမုဒ္ဒရာကြီးက ငါးအမျိုးပေါင်းများစွာနဲ့ တဖန်ပြန်လည်စည်ကားလာလိမ့်မယ်။

နောင်နှစ်ပေါင်း (၂ဝဝ) ကြာတဲ့အခါမှာ လူသားတွေကြောင့် ပိုလျှံနေရတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ လုံးဝကင်းရှင်းသွားမယ်။

ဆည်တမံတွေ ကျိုးပေါက်ပျက်စီးပြီး မြစ်ချောင်းတွေက သူ့သဘာဝအတိုင်း အတားအဆီးမရှိ လှပစွာ ဆက်လက်စီးဆင်းကြလိမ့်မယ်။

နှစ်ပေါင်း (၅ဝဝ) ကြာတဲ့အခါမှာတော့ သစ်တောတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်ကလို ပြန်လည်ပြီး စိမ်းစိုအုံ့မှိုင်းလှပလာလိမ့်မယ်။

နှစ်ပေါင်း (၂၅,ဝဝဝ) လောက်ကြာတဲ့အချိန်မှာတော့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကသာ တစ်ချိန်က လူသားတွေ ဒီကမ္ဘာမှာ ရှိခဲ့ဖူးတယ်ဆိုတဲ့ သက်သေခံပစ္စည်းတွေအဖြစ် ကျန်ရှိနေပါလိမ့်မယ်။

ကဲ… အခုဆိုရင် လူတွေကြောင့် ကမ္ဘာကြီး ပိုကောင်းလာသလား…၊ ပိုဆိုးသွားသလား… သိနိုင်ပါပြီ။

ကျွန်မတို့လူသားတွေ ကမ္ဘာကြီးကို အကြွေးတင်တာ များနေပါပြီ။ ဒီတော့ ကမ္ဘာကြီးပြန်လည်ကျန်းမာလာအောင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ကုစားပေးလိုက်ရအောင်လားရှင်။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေပြီး ဒီစာစောင်လေးကို share လိုက်ပါနော်။