၂၀၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ ၃ဝ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ)

blank
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော ပြဿနာတစ်ခုကြောင့် စိတ်ရှုပ်ထွေးနေရမည်။ သင်မထိန်းချုပ်နိုင်သော ကိစ္စရပ်များအတွက် သင့်ကိုယ်သင် အပြစ်တင်မနေပါနှင့်။ ထင်မှတ်မထားသော သူတစ်ဦးထံမှ အကူအညီများစွာရရှိမည်။ ပျော်စရာများကို တဖန်ပြန်လည်ရှာတွေ့ပြီး ဘဝကိုတစ်ဆစ်ချိုးတည်ဆောက်နိုင်မည်။ မိသားစုအတွင်း မင်္ဂလာသတင်းတစ်ခုကြားရလိမ့်မည်။

ယတြာ- ဘုရားတွင်ဆီမီးကပ်လှူပါ။

၂။ ပြိဿ ရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

သင့်အပေါ်လွှမ်းမိုးခြယ်လှယ်တတ်သူတစ်ဦးကြောင့် စိတ်ကျဉ်းကြပ်သလို ခံစားနေရမည်။ သင်စိတ်ထဲမပါသော အရာများကို လုပ်ဆောင်နေရသောကြောင့် စိတ်ညစ်ညူးနေရမည်။ အလုပ်အကိုင်အတွင်း အရာရာကို ရေးကြီးခွင်ကျယ်လုပ်တတ်သူတစ်ဦးကြောင့် စိတ်ကသိကအောက်ဖြစ်ရမည်။ တနင်္လာသားသမီးတစ်ဦး၏ အကူအညီကြောင့် စိတ်အနှောင့်အယှက်များကို ကျော်လွှားနိုင်မည်။
ယတြာ-မွေးနေ့တွင် ငှက်သက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

မိသားစုကဖြစ်စေချင်သော ဆန္ဒနှင့် သင်တည်ဆောက်လိုသော ဘဝပုံစံအကြား ကွားခြားချက်များကြောင့် ဗျာများနေရတတ်သည်။ အဖြူရောင်မုသားများသုံးပြီး မိသားစုကျေနပ်အောင် ဖျောင်းဖျထားသော်လည်း စိတ်မလုံခြုံသလို ခံစားနေရမည်။ အလုပ်အကိုင်တွင် ရာထူးတိုးခြင်း၊ လစာတိုးခြင်းများ ကြုံရတတ်သည်။ အသက်ကြီးသော သူတစ်ဦးထံမှ ကောင်းမွန်သော အကြံဉာဏ်များရတတ်သည်။

ယတြာ- မွေးနံထောင့်တွင် ပန်း၊ရေချမ်းနှင့် ဆီမီးကပ်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

ဖြစ်ပျက်ပြီးသား ကိစ္စများကို တွေးပူပေးရင်း အအိပ်ပျက်၊ အစားပျက်ဖြစ်နေမည်။ မိမိအနာဂတ် အရေးကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သဖြင့် သူတစ်ပါးအတွက် အချိန်ကုန်လူပန်းဖြစ်နေတတ်သည့် အကျင့်ကိုလွှတ်ချထားခဲ့လိုက်ပါ။ အချစ်ရေးကံကောင်းမည်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- နွမ်းပါးကလေးများအား အနွေးထည်လှူဒါန်းပါ။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင်ချစ်ခင်ရသူများနှင့် နားလည်မှုတည်ဆောက်နိုင်မည့်ကာလဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များနှင့်  လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများကို အတူတကွဖြေရှင်းရင်း ကောင်းမွန်သောဆက်ဆံရေးများကို တည်ဆောက်နိုင်မည်။  တစ်ဦးထက်ပိုသော အချစ်ရေးများ ကြုံတွေ့ရကိန်းရှိသည်။ အနာဂတ်အတွက် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်။

ယတြာ- ဘိုးဘွားရိပ်သာတွင် မနက်စာလှူဒါန်းပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မိမိချစ်ခင်ရင်းနှီးသူတစ်ဦးအား မစဉ်းစားဘဲပြောလိုက်မိသော စကားတစ်ခွန်းကြောင့် တနုံ့နုံ့နှင့်နောင်တရနေမည်။ အကြောင်းစုံကိုဖွင့်ဟတောင်းပန်လိုက်ပါက အရင်ကထက်ပိုတိုးသော ခင်မင်မှုများကို တည်ဆောက်နိုင်မည်။ မမျှော်လင့်သောထွက်လိုက်ရသော ခရီးတိုတစ်ခုကြောင့် သင်တို့ကြားက အဖုအထစ်များကိုချေဖျက်နိုင်မည်။ ငွေကြေးကိစ္စများပြောဆိုဆောင်ရွက်ရန်ရှိပါက အပြာရောင်ဝတ်ဆင်ပါ။ ကံကောင်းမည်။

ယတြာ- လမ်းဘေးတိရိစ္ဆာန်လေးများအား အစားအစာဒါနပြုပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

သင်အရင်က ချမှတ်ထားသော အနာဂတ်အစီအစဉ်များကို နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ပုံဖော်ဆောင်ရွက်ပါ။ သင်မိသားစုအတွင်းကြုံတွေ့နေရသော အခက်အခဲများကို သတိမထားမိသောကြောင့် မိသားစု၏ ငြိုငြင်မှုကို ခံရမည်။ သက်ကြီးရွယ်အိုတစ်ဦးထံမှ အကြံဉာဏ်ကောင်းများစွာရရှိမည်။

ယတြာ- လမ်းတံတားအလှူငွေပေးအပ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်အတွင်း သူတစ်ပါးအရေးကိစ္စများတွင် ပါဝင်စွက်ဖက်တတ်ခြင်းကို ရှောင်ကြဉ်ပါ။ သင့်ရည်မှန်းချက်များကို စိတ်အားထက်သန်စွာအကောင်အထည်ဖော်ဆောင်ရွက်ပါ။ သင်နှင့်မသက်ဆိုင်သော ကိစ္စများတွင် ပါဝင်စွက်ဖက်မိပါက မလိုလားအပ်သော ပြဿနာများကို ဖြေရှင်းရလိမ့်မည်။ သင့်ထက် ငယ်ရွယ်သူတစ်ဦးထံမှ အကူအညီများစွာရရှိမည်။ အဝေးရောက်သူငယ်ချင်း၏ မင်္ဂလာသတင်းကြားရမည်။

ယတြာ- ခိုစာကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အတိတ်ဒဏ်ရာများကြောင့် အနာဂတ်ခြေလှမ်းများ ဝေဝါးနေသော ကာလဖြစ်သည်။ အတိတ်ဆိုးများကို သင်ခန်းစာအဖြစ်ခံယူရင်း လက်ရှိအချိန်ကို တည့်တည့်စူးစိုက်ပြီး အနာဂတ်ကိုလျှောက်လှမ်းပါ။ ပစ္စုပ္ပန်အချိန်တွင် ရရှိနေသော ပျော်ရွှင်စရာများကို အတိတ်ကြောင့်မပျက်စီးပါစေနှင့်။

ယတြာ- သံဃာတော်များကို ဆေးဝါးလှူဒါန်းပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          သူတစ်ပါးအကြောင်းဝေဖန်ပြောဆိုနေသူများနှင့် စကားဖောင်ဖွဲ့ရင်း အချိန်များကို ဖြုန်းနေမိတတ်သည်။ အချစ်ရေးနှင့်ပတ်သက်ပြီး နှလုံးသား၏ အလိုဆန္ဒများကို လိုက်လျောပြီးဆုံးဖြတ်ချက်များ ချမှတ်ပါ။ မိမိ၏အရေးကိစ္စများကို သူတစ်ပါးအကြံဉာဏ်ဖြင့်ဆောင်ရွက်ရန် မသင့်သေးပါ။ ပညာရှာဖွေနေသူများ ကံအထူးကောင်းသည်။
ယတြာ- သံဃာတော်များကို ဆွမ်းလောင်းလှူပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

သင့်ဘဝတွင် ဖြစ်ပျက်နေသောအရာများနှင့်အသားမကျနိုင်ဖြစ်နေမည့် ကာလဖြစ်သည်။ ခံစားချက်များကို သိုဝှက်တတ်သောအကျင့်ကြောင့် မောဟိုက်သလိုခံစားနေရလိမ့်မည်။ ဟန်ဆောင်ကောင်းသော သင့်အကျင့်ကြောင့်အများက သင့်ကိုပျော်ပျော်နေတတ်သူတစ်ဦးအဖြစ် မြင်နေတတ်သည်။ မမျှော်လင့်ဘဲ ချလိုက်မိသောဆုံးဖြတ်ချက်တစ်ခုကြောင့် ကောင်းကျိုးများစွာခံစားရလိမ့်မည်။

ယတြာ- ချို့တဲ့သူတစ်ဦးအား ဖိနပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

သင့်အကြောင်းကို စပ်စုတတ်သောသူများကြောင့် မလွတ်လပ်သလိုခံစားနေရမည်။ အနာဂတ်ဆုံးဖြတ်ချက်များကို အလောတကြီးမဆုံးဖြတ်ပါနှင့်။ ရေနှင့်ပတ်သက်သောလုပ်ငန်းတစ်ခုမှ အကျိုးအမြတ်များစွာရရှိမည်။ ချစ်သူမရှိသေးသော မိန်ရာသီဖွားများ မမျှော်လင့်ဘဲ ချစ်သူရတတ်သည်။

ယတြာ- မိဘမဲ့ကလေးများအား အစားအစာဒါနပြုပါ။

တစ်ပတ်စာဗေဒင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။