အောင်မြင်မှုကို စောင့်ကြပ်နေတဲ့ ဥပဒေသ(၇)ခု

blank

၁။ အစွမ်းအစရှိပါ။ – ကိုယ့်မှာရှိတဲ့စိတ်ကူးအိပ်မက်တွေကို တကယ်လက်တွေ့အကောင်အထည်ဖော် နိုင်တဲ့ အစွမ်းအစရှိရပါမယ်။

၂။ အပေးအယူမျှတပါ။ – ပျော်ရွှင်မှုကိုလိုချင်ရင် ပျော်ရွှင်မှုကိုအရင်ပေးပါ။ အချစ်ကိုလိုချင်ရင် အချစ် ကို အရင်ပေးပါ။ အောင်မြင်မှုကိုရရှိဖို့ ထိုက်သင့်တဲ့ပင်ပန်းမှုကို အရင်ပေးဆပ်ရပါမယ်။

၃။ ကံကြမ္မာကို ယုံကြည်ပါ။ –         ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်ရိတ်သိမ်းရမှာပါပဲ။ ဒါကြောင့် ကံ ကောင်းချင်ရင် အလုပ်ကို ကောင်းကောင်းလုပ်ရပါမယ်။

၎။ လက်တွေ့ကျပါ။- ငှက်တွေက ရေကူးတတ်ဖို့ မကြိုးစားနိုင်သလို ငါးတွေကလည်း ပျံသန်းဖို့ ကြိုး စားလို့မရပါဘူး။ ဒါကြောင့် အောင်မြင်မှုအတွက် ကြိုးစားတဲ့အခါမှာလည်း ကိုယ့်ဘဝနဲ့ လက်တွေ့ကျ တဲ့နည်းလမ်းတွေနဲ့ပဲ ကြိုးစားရပါမယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အာရုံစိုက်ပါ။ – လျှောက်လှမ်းနေတဲ့ပန်းတိုင်ဖြောင့်တန်းဖို့ဆိုရင် ကိုယ့်ရည်ရွယ်ချက်နဲ့ အိပ်မက်ကို သေချာအာရုံစိုက်ပေးရပါမယ်။

၆။ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ။ – အောင်မြင်မှုအတွက် ကြိုးစားတဲ့အခါ ကိုယ့်ဘဝထဲမှာ မရှိသင့် တဲ့အရာတွေကို စွန့်လွှတ်တတ်အောင်လည်း ကြိုးစားရပါမယ်။

၇။ ဘဝကိုတန်ဖိုးထားပါ။ – လူတိုင်းဟာ လောကကြီးအတွက် သူ့နေရာနဲ့သူ အသုံးတည့်တာကြောင့် ကိုယ်ဖြစ်တည်လာတဲ့ဘဝကိုလည်း တန်ဖိုးထားတတ်ရပါမယ်။

ယခုစာစောင်လေးကို  SHARE ရင်း သင်သိမှတ်လိုက်ရတဲ့ ဗဟုသုတလေးတွေကို တခြားသူ တွေအတွက်ပါ ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။