စိတ်ချမ်းသာချင်ရင် ချစ်တဲ့သူရဲ့ဘေးမှာနေလိုက်ပါ

blank
ဂန္ထဝင်စာချစ်သူတို့ရေ…
          ဘဝမှာ ပျော်ရွှင်ချင်သလား။ စိတ်ချမ်းသာချင်သလား။

စိတ်ပညာရှင်တွေကတော့ စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ချစ်တဲ့သူရဲ့ဘေးမှာ ထိုင်နေလိုက် ပါလို့ အကြံကောင်းလေးတစ်ခု ပေးထားကြပါတယ်။ ဘာမှလုပ်စရာမလိုဘဲ ချစ်သူရဲ့ဘေးမှာ ငြိမ်ငြိမ် လေးထိုင်နေရုံပါပဲ။ ကိုယ်ချစ်တဲ့သူရဲ့အနားမှာ ထိုင်နေရတဲ့အတွက် အတွင်းစိတ်ထဲမှာ ကြည်နူးပီတိ စိတ်တွေဖြစ်ပေါ်ပါတယ်။ အဲ့ဒီကြည်နူးစိတ်တွေက လုံခြုံနွေးထွေးမှုနဲ့ သက်တောင့်သက်သာရှိမှုကို ဖြစ်ပေါ်စေတဲ့အတွက် စိတ်ချမ်းသာပျော်ရွှင်လာစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် သင်စိတ်ချမ်းသာချင်တယ်ဆိုရင် သင်တကယ်နှစ်နှစ်ကာကာချစ်နေတဲ့သူတစ် ယောက်ရဲ့ဘေးမှာ တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်နေလိုက်ပါလို့ အကြံပေးလိုက်ပါနော်။

ကဲ… ဒီစာစောင်လေးဖတ်ရင်း သင့်ဘေးမှာရှိစေချင်သူတစ်ယောက်ကို သတိရမိတယ်ဆိုရင် သူ့အမည်လေးကို mention ခေါ်လိုက်ပါဦး။