ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းအရာများ ၂

blank
အပြာရောင် တွင်းနက်ကြီးများ

တွင်းနက်ကြီးတွေ (black holes) တွေလောက် စိတ်ဝင်စားစရာမကောင်းပေမဲ့ အပြာရောင်တွင်းနက်ကြီးတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ အပြာရောင်တွင်းနက်ကြီးတွေဟာ များသောအားဖြင့် ပင်လယ်ရေအောက်မှာ ရှိနေတတ်ပြီး ပင်လယ်ရေမျက်နှာပြင်နိမ့်ကျခဲ့တဲ့ ရေခဲခေတ်ကတည်းက တည်ရှိနေကြတဲ့ တွင်းနက်ကြီးတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်က အနက်ဆုံးတွင်းပြာကြီးက Dean’s Blue Hole လို့အမည်ရပြီး ၂ဝ၂ မီတာ နက်ပါတယ်။ တည်နေရာကတော့ ဘဟားမားစ်၊ ကလားရင့်စ်မြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ အကျယ်ဆုံး တွင်းပြာကြီးကတော့ ပုံမှာပြထားတဲ့ Great Blue Hole ဖြစ်ပြီး အချင်းက ၃ဝဝ မီတာ ကျယ်ဝန်းပါတယ်။ ဘယ်လဇ် (Belize) ကမ်းခြေနားမှာ တည်ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။