ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းအရာများ

blank
အပြာရောင်နီယွန် ရေလှိုင်းများ

အပြာရောင်နီယွန်ရေလှိုင်းလေးတွေကို ဆန်ဒီယေဂိုကမ်းခြေတစ်လျှောက်မှာ တွေ့မြင်နိုင်ပါတယ်။ အခုတော့ အဲဒီလို ထူးထူးဆန်းဆန်းရေလှိုင်းတွေ မရှိတော့ပေမဲ့ ယနေ့ထက်တိုင် ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်နေဆဲပါ။ လေ့လာတွေ့ရှိချက်တွေအရ ရေလှိုင်းလေးတွေမှာ ဒီလိုအရောင်ထွက်နေခြင်းက ပင်လယ်ကလာတဲ့ ရေလှိုင်းလေးတွေက အရောင်ထွက်စေတဲ့ပိုးမွှားအကောင်ငယ်လေးတွေကို အများကြီးသယ်ဆောင်လာတာကြောင့်ဖြစ်ပါတယ်။ ဒီအကောင်ငယ်လေးတွေ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ အမှုန်အမွှားသာသာ ခန္ဓာကိုယ်လေးတွေက သောင်စပ်မှာတင်ပြီး ထူးဆန်းတဲ့အရောင်တွေထွက်နေရခြင်းဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။