ကော်ဖီသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ဘာတွေ ပြောင်းလဲလာသလဲ

blank

အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ဟာ ကြိုက်တတ်သူတွေအဖို့ ဘာနဲ့မှ မလဲနိုင်အောင် အရသာရှိလှပါတယ်။ ကော်ဖီသောက်နေကျလူတွေအတွက် ကော်ဖီတစ်ခွက်မပါရင် တစ်နေ့တာဘဝဟာ မပြည့်စုံဘူးလို့တောင် ထင်တတ်ကြပါတယ်။ ကြိုက်လို့ပဲ သောက်သောက်၊ မကြိုက်ဘဲနဲ့ သောက်ဖြစ်သွားတာပဲ ဖြစ်ဖြစ် ကော်ဖီသောက်ရတာဟာ အခြားဖျော်ရည်တွေ သောက်ရသလို သာမန်မဟုတ်ပါဘူး။ ကော်ဖီသောက်ပြီးသွားတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်လာပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်းပေါ့။

၁ဝ မိနစ် ကြာတဲ့အခါ – ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးကြောတွေထဲကို ရောက်ရှိသွားပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေ မြင့်တက်လာမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
မိနစ် ၂ဝကြာတဲ့အခါ – သတိပိုရှိလာပြီး လက်ရှိလုပ်နေတဲ့ အလုပ်အပေါ် အာရုံစိုက်နိုင်လာမယ်။ ဆုံးဖြတ်ချက်တွေ လွယ်လွယ်နဲ့ ချမှတ်နိုင်လာမယ်။ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းကို အကောင်းဆုံး စဉ်းစားတတ်လာမယ်။ ဘယ်လောက်ပဲစဉ်းစားရပါစေ ဦးနှောက်ကို မပင်ပန်းအောင် ကဖင်းဓာတ်တွေက ကာကွယ်ပေးနိုင်လာမယ်။
မိနစ် ၃ဝ ကြာတဲ့အခါ – သူငယ်အိမ်တွေ ဖြည်းဖြည်းချင်းကျယ်လာပြီး အမြင်အာရုံတွေ ကြည်လင်ပြတ်သားလာမယ်။
မိနစ် ၄ဝ ကြာတဲ့အခါ – seretonin  ပမာဏမြင့်တက်လာပြီး အာရုံကြောတွေ နိုးကြားလာမယ်၊ ကြွက်သားတွေ သန်မာလာမယ်။
၎နာရီ ကြာတဲ့အခါ – ဆဲလ်တွေက ထုတ်လွှတ်ပေးနေတဲ့ စွမ်းအင်ပမာဏမြင့်လာမယ်။ လှုပ်လှုပ်ရှားရှား မလုပ်ဘဲနဲ့တောင် ခန္ဓာကိုယ်တွင်းက အဆီဆဲလ်တွေ လောင်ကျွမ်းသွားမယ်။ အစာအိမ်တွင်းမှာ အက်ဆစ်ပမာဏမြင့်တက်လာမယ်။
၆နာရီ ကြာတဲ့အခါ – ခန္ဓာကိုယ်တွင်းက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အနည်းငယ်ဆုံးရှုံးလာပြီး ကယ်လ်ဆီယမ်ဓာတ်ဖြစ်ပေါ်မှုကို ထိခိုက်လာမယ်။

ကော်ဖီသောက်ပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုလေးတွေကို ဖတ်ရှုလေ့လာပြီး ကော်ဖီသောက်ချင်စိတ်ပေါ်လာတယ်ဟုတ်။ ဒါဆိုရင် မွှေးပျံ့တဲ့ ကော်ဖီခါးခါးလေးတစ်ခွက် အခုပဲသောက်လိုက်ပါနော်။

ကော်ဖီကြိုက်တတ်သူတွေ ဒီစာစောင်လေးကို SHARE သွားဖို့မမေ့နဲ့နော်။