ခန္ဓာကိုယ်မဝလည်း ဗိုက်နားမှာရှိနေတတ်တဲ့ ရုပ်ဆိုးဆိုးအဆီပိုများ

blank
၁။ ခါးပတ်ပတ်လည်မှ အဆီပိုများ

        ခါးပတ်ပတ်လည်မှာ အလှပျက်စွာ ရှိနေတတ်တဲ့ အဆီအဖုအထစ်တွေ ဖြစ်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းရင်းတွေကတော့ အထိုင်များခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အချိုစားလွန်းခြင်းနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကို ပိုမိုစားသုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ခါးပတ်ပတ်လည်က အဆီပိုတွေကို ဖယ်ရှားချင်ရင်တော့

(၁) အယ်ကိုဟောလ်ပါဝင်တဲ့ ဝိုင်၊ အရက်၊ ဘီယာ တွေကို လျှော့သောက်ပါ။

(၂) အဆီနည်းပြီး အာဟာရဓာတ်ဖြစ်စေတဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စားသောက်ပါ။

(၃) ဘယ်လောက်ပဲအလုပ်များများ အချိန်တစ်ခုပေးပြီး gym ကစားပါ။

၂။ ဝမ်းဗိုက်အောက်နားလေးက အဆီပြင်ထူများ

ဝမ်းဗိုက်အောက်နားလေးမှာ စုနေတတ်တဲ့ အဆီပြင်တွေဖြစ်ပြီး အဆီတွေဟာ ပျော့ပျောင်းလျော့တွဲခြင်းမရှိဘဲ ထူထဲကျစ်လျစ်နေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုများခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ကော်ဖီအသောက်များခြင်း၊ အူမကြီးဆိုင်ရာရောဂါဖြစ်ခြင်းနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားသောက်ခြင်းကြောင့် ဖြစ်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းက အဆီတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့

(၁) စောစောအိပ်ပါ။ အိပ်ရေးပျက်ခြင်းက အစာစားချင်စိတ်နဲ့ ခန္ဓာကိုယ်ဓာတ်ပြောင်းလဲမှုကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

(၂) ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေဖို့ ညမအိပ်ခင် တရားထိုင်တာ၊ ရေနွေးနဲ့ရေချိုးတာ၊ အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ပါ။

(၃) ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ နှလုံးကို ပင်ပန်းစေတဲ့ cardio လေ့ကျင့်ခန်းတွေ အလွန်အမင်းလုပ်တဲ့အခါ ကော်တီစောလ် (cortisol) ဟော်မုန်းတွေထွက်လာပြီး အဆီဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ယောဂကျင့်ပါ။ လမ်းများများလျှောက်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်ပဲလုပ်ပါ။

(၄) မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေ၊ အခွံမာအစေ့အဆံတွေ များများစားပါ။

(၅) ယောဂလေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ များများလုပ်ပါ။ စိတ်ဖိစီးစရာတွေကို မတွေးဘဲနေပါ။

၃။ ချက်အောက်ပိုင်းက အဆီများ

လူကပိန်ပေမဲ့ ချက်အောက်ပိုင်းမှာ ဖြစ်နေတတ်တဲ့ ခပ်ပျော့ပျော့ အဆီပြင်တွေဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ လတ်တလော ကလေးမီးဖွားထားခြင်း၊ စားသောက်မှု မူမမှန်ခြင်းနဲ့ ကျောရိုးမကြီးခုံးလွန်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ချက်အောက်ပိုင်းကအဆီတွေကို ဖယ်ရှားချင်တယ်ဆိုရင်

(၁) အမျှင်ဓာတ်များတဲ့အစားအစာတွေ များများစားပါ။

(၂) ထိုင်ထလေ့ကျင့်ခန်းကို စနစ်တကျလုပ်ပါ။ ထိုင်ထလေ့ကျင့်ခန်းလုပ်ရာမှာ ကျောအောက်ပိုင်းကို အားစိုက်လွန်းရင် ကျောရိုးမကြီး ကွေးသွားပြီး အဆီဖြစ်စေပါတယ်။

(၃) Gym ဆော့တဲ့အခါမှာ အောက်ပိုင်း၊ အပေါ်ပိုင်းတွေနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကို မျှတအောင်ဆော့ပါ။

(၄) ရေများများသောက်ပါ။ အသီးအရွက်တွေ၊ ငါးနဲ့ ကြက်သားများများစားပါ။

၎။ မီးဖွားပြီးနောက် ဖြစ်လာတဲ့ အဆီများ

ကလေးမီးဖွားပြီးတဲ့ မိခင်တွေမှာ ဖြစ်တတ်ပြီး ကလေးမွေးပြီးတာတောင် အဆီတွေကြောင့် ဗိုက်ပူပြီး ကိုယ်ဝန်ဆောင်ထားသလို ထင်ရတတ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ ကလေးမီးဖွားပြီး သားအိမ်ကျခြင်း၊ မီးဖွားပြီး ၂လမပြည့်ခင် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တင်ပဆုံးတစ်ဝိုက်က ကြွက်သားတွေ အားနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။

မီးဖွားပြီးနောက် ဖြစ်လာတဲ့ အဆီတွေကို ဖယ်ရှားချင်ရင်တော့

(၁) ငါးကြီးဆီစားပါ။

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုပဲ စားပါ။ ဥပမာ – အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်ဆီနဲ့ သံလွင်ဆီကိုပဲသုံးပါ။

(၃) တင်ပဆုံကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေနဲ့  ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။

(၄) မီးဖွားပြီးကာစမှာ ထိုင်ထလေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။

(၅) နေ့လည်နေ့ခင်းတွေမှာ တရေးတမောအိပ်ပါ။ အိပ်ရာမဝင်ခင် အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပါ။

၅။ ဝမ်းဗိုက်တစ်ဝိုက်က အဆီပြင်များ

ခန္ဓာကိုယ်မှာ အဆီမရှိပေမဲ့ တစ်ခုခုစားပြီးချိန်၊ နေ့လည်နေ့ခင်းတွေမှာ အဆီတွေစုပြီး ဗိုက်ပူသလို ဖြစ်လာတတ်တာဟာ ဝမ်းဗိုက်တဝိုက်က inflated belly တွေကြောင့် ဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့ အစားအစာဓာတ်မတည့်ခြင်း၊ အူလှုပ်ရှားမှုနှေးကွေးခြင်း၊ အစာချေဖျက်မှုမညီမျှခြင်းတို့ကြောင့် ဖြစ်ပါတယ်။

 Inflated belly တွေကို ဖယ်ရှားချင်တယ်ဆိုရင်

(၁) ခန္ဓာကိုယ်ကို ဝစေတဲ့ အစားအစာတွေ (ဥပမာ – ပေါင်မုန့်၊ ပါစတာ၊ ကိတ်၊ ဘီယာ၊ ချိစ်နဲ့ ထောပတ်) ကို ရှောင်ပါ။ ဒီအစားအစာတွေကို ၂ပတ်လောက် လုံးဝရှောင်လိုက်ရင် ဗိုက်သိသိသာသာ ချပ်ရပ်သွားမှာပါ။

(၂) လတ်ဆတ်တဲ့အသီးအနှံတွေ၊ အဆီမပါတဲ့အသားတွေ၊ ငါးတွေများများစားပါ။

(၃) မနက်စာကို စားဖြစ်အောင်စားပါ။ ညနေစာလျှော့စားပါ။ အစာကို ဖြည်းဖြည်းနဲ့ ကျေညက်အောင် ဝါးစားပါ။ ရေများများသောက်ပါ။

(၄) အစာချေစနစ်ကို ပုံမှန်လည်ပတ်စေတဲ့ အစားအစာတွေ (ဥပမာ – ဒိန်ချဉ်၊ ချဉ်တဲ့အသီးတွေ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) များများစားပါ။ အစာအိမ်ကျန်းမာမှ ဝမ်းဗိုက်ချပ်ရပ် လှပမှာ ဖြစ်ပါတယ်။

(၅) မနက်ခင်းတွေမှာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ အစာစားပြီးတိုင်း လမ်းခဏလျှောက်ပါ။

သူငယ်ချင်းတွေ သိစေဖို့ mention ခေါ်လိုက်ပါနော်။