စေ့စေ့တွေးရင် ရေးရေးပေါ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးများ

blank
၁။ သက်ဝင်ယုံကြည်မှုဆိုတာ

တစ်ခါတုန်းက ရွာတစ်ရွာမှာ ရွာသားတွေဟာ မိုးရွာဖို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ ကောင်လေးတစ်ယောက်ကပဲ မိုးရွာရင်ဆောင်းဖို့ ထီးယူလာခဲ့တယ်။

၂။ ယုံကြည်မှုဆိုတာ…

လူကြီးတွေက ကလေးတွေကို လေထဲပစ်မြှောက်တဲ့အခါ ကလေးလေးတွေက ရယ်မောကြပါ တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို သေချာပေါက်ပြန်ဖမ်းမယ်ဆိုတာ ယုံကြည်ထားကြလို့ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မျှော်လင့်ချက်ဆိုတာ…

မနက်ဖြန်အထိ အသက်ရှင်နေမယ်လို့ ဘယ်သူမှအာမမခံပေမဲ့ လူတွေဟာ ညရောက်တိုင်း မနက်ထဖို့ နှိုးစက်ပေးပြီး အိပ်ရာဝင်လေ့ရှိကြတယ်။

၎။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ…

လူတွေဟာ အနာဂတ်ကို မသိပေမဲ့၊ မနက်ဖြန်ဆိုတာ သေချာလား၊ မသေချာလားမသိပေမဲ့ ကြီးမားတဲ့အစီအစဉ်တွေကို ကြိုတင်ချမှတ်ထားကြတယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတယ်ဆိုတာ…

လူတွေဟာ ကိုယ့်ဝန်းကျင်က အိမ်ထောင်ရေးပြဿနာတွေကို တွေ့မြင်နေကြတယ်။ ကိုယ့် အ လှည့်မှာလည်း ဖြစ်နိုင်တယ်ဆိုတာ သိကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုကြတယ်။

အတွေးလေးတွေနှစ်သက်တယ်ဆိုရင် စာစောင်လေးကို SHARE လိုက်ပါဦး။