လူတိုင်းနီးပါး ဒီလိုနောင်တသင်ခန်းစာတွေ ရတတ်ကြတယ်။

blank

၁။ လူတွေဟာ စောဒတက်တာတွေ၊ ဆင်ခြေပေးတာတွေပဲ တတ်ပြီး အလုပ်ကို ကြိုးကြိုးစားစားမလုပ်ခဲ့တာကြောင့် နောင်တနဲ့အတူ ဘဝသင်ခန်းစာတွေ ရတတ်ကြတယ်။

၂။ လူတွေဟာ ငွေကို ဘဝရဲ့အရာရာလို့ထင်တာကြောင့် ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှုတွေကို စွန့်လွှတ်ပြီး ငွေနောက်လိုက်ကြတယ်။ နောက်တော့မှ ငွေနဲ့အရာအားလုံးကို ဖြေရှင်းလို့မရမှန်းသိပြီး နောင်တနဲ့အတူ ဘဝသင်ခန်းစာတွေရကြတယ်။

၃။ ချစ်ရသူတွေ ပျော်ပါစေတော့ဆိုတဲ့စိတ်နဲ့ ပေးဆပ်ရင်း၊ လိုက်လျောပေးရင်းကနေ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေ၊ လိုအင်ဆန္ဒတွေ ပျောက်ဆုံးသွားပြီး ဘဝသင်ခန်းစာတွေ ရကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ တချို့လူတွေက အလုပ်ကို ဦးစားပေးလွန်းပြီး ချစ်ရသူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို မေ့ထားကြတယ်။ တချို့လူတွေကတော့ အလုပ်ကို ပေါ့ပျက်ပျက်လုပ်ပြီး အပျော်အပါးကို ဦးစားပေးကြတယ်။ မညီမျှတဲ့ဘဝဖြတ်သန်းမှုတွေကြောင့် ဆိုးကျိုးတွေဖြစ်လာတဲ့အခါမှ နောင်တနဲ့အတူ သင်ခန်းစာတွေ ရကြတယ်။

၅။ နှုတ်မစောင့်စည်းဘဲ ဒေါသအလျောက်ပြောဆိုမိတာ၊ မစဉ်းစားမဆင်ခြင်ဘဲပြောမိတာတွေအတွက် မှားမှန်းသိမှ “တိတ်တိတ်နေခဲ့ရင်ပိုကောင်းမှာ” ဆိုတဲ့ နောင်တအတွေးနဲ့ သင်ခန်းစာရတတ်ကြတယ်။

၆။ လူတချို့ဟာ ကြိုးစားစရာရှိတာမကြိုးစား၊ လုပ်စရာရှိတာမလုပ်ဘဲ ကြုံခဲ့ရသမျှအခက်အခဲတွေကို ပြန်တွေးပြီး ညည်းညူနေကြတယ်။ တကယ်ကြိုးစားနေသူတွေ အောင်မြင်သွားတဲ့အချိန်မှ “ငါလည်း ကြိုးစားခဲ့သင့်တယ်” ဆိုတဲ့ နောင်တသင်ခန်းစာတွေ ရကြတယ်။

၇။ ဝါသနာနဲ့ ငွေကြေး နှစ်ခုထဲကတစ်ခုကို ရွေးချယ်ရမယ်ဆိုရင် တော်တော်များများက ငွေကြေးကိုရွေးချယ်ကြတယ်။ ဝင်ငွေကောင်းပေမဲ့ ကိုယ်ဝါသနာမပါတဲ့အလုပ်ဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေများပြီး အချိန်လွန်မှ နောင်တရတတ်ကြတယ်။ ဝါသနာနဲ့ ငွေကြေး ရွေးရခက်နေရင် ဝါသနာကို ရွေးလိုက်ပါ။ အောင်မြင်မှုနဲ့ ငွေကြေးက သူ့အလိုလိုနောက်ကနေ လိုက်လာပါလိမ့်မယ်။

၈။ လူတော်တော်များများက ကိုယ့်စိတ်ထဲကအသံထက် ပတ်ဝန်းကျင်ကအသံတွေကို ဦးစားပေးနားထောင်ကြတယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့စိတ်နှလုံးကို လျစ်လျူရှုထားမိမှန်း နားလည်သွားတဲ့အချိန်မှ နောင်တစိတ်ဖြစ်ပေါ်လာကြတယ်။

၉။ ကျရှုံးမှာ ကြောက်တဲ့စိတ်ကြောင့် စွန့်စားနိုင်တဲ့အချိန်မှာ မစွန့်စားရဲခဲ့လို့ သူများအောင်မြင်မှုကို ကြည့်ပြီး ဘဝသင်ခန်းစာတွေ ခံစားရတတ်ကြတယ်။

၁ဝ။ သူများတွေကို အားကျပြီး လိုက်အတုခိုးနေထိုင်ရင်းကနေ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံပျောက်ဆုံးသွားပြီး သူများရဲ့ ပုံတူဖြစ်သွားတယ်။ သူများတွေရဲ့ စည်းဘောင်တွေကို လိုက်နာရင်း ကိုယ့်ဘဝကို ကိုယ်တိုင်စည်းမျဉ်းဆွဲဖို့ မေ့နေတတ်တယ်။ ဒီလိုနဲ့ စစ်မှန်မှုပျောက်ဆုံးသွားပြီး ဘဝသင်ခန်းစာတွေ ရတတ်ကြတယ်။

၁၁။ လူတွေကခက်တယ်။ လောကမှာ အစားထိုးပြန်မရနိုင်တဲ့အချိန်တွေကို လွယ်လွယ်ကြီးဖြုန်းတီးပစ်တတ်ကြတယ်။ ဒီလိုနဲ့ ဘဝအတွက်အချိန်နည်းနည်းပဲ ကျန်တော့တဲ့အချိန်ကျမှ ကုန်လွန်သွားတဲ့အချိန်တွေအတွက် နှမြောစိတ်နဲ့ နောင်တရတတ်ကြတယ်။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ ဖလှယ်ခဲ့ပါဦးနော်။ သဘောကျနှစ်သက်ခဲ့ရင်လည်း SHARE ပေးဖို့ မမေ့ပါနဲ့နော်။