ခြေထောက်နာလို့ ဆေးခန်းသွားပြမှ ခြေဖဝါးမှာ သွားတစ်ချောင်းထွက်နေမှန်းသိရတဲ့ဖြစ်ရပ်

blank

          ၁၉၇၇ ခုနှစ်က ၁၃ နှစ်သားအရွယ် ကလေးလေးတစ်ယောက် သူ့ရဲ့ဘယ်ဘက်ခြေထောက်မှာ ထူးထူးဆန်းဆန်း သွားတစ်ချောင်းပေါက်လာခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သွားတွေ နေရာတကျမပေါက်ဘဲ သွားထပ်ကလေးတွေလိုပေါက်တာတွေ၊ သွားဖုံးအခြေမှာ ပေါက်တာမျိုးတွေက ယနေ့ခေတ်မှာ ဖြစ်နေကျရောဂါတစ်ခုဖြစ်ပြီး အလွယ်တကူကုသနိုင်ပါတယ်။ ဒါပေမဲ့ ခြေထောက်မှာ သွားပေါက်တဲ့ကိစ္စဆိုရင်ရော…။ ယုံကြည်ဖို့ခက်သလို သင်လည်းမယုံနိုင်ဘူးမဟုတ်လား။ ဒါဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ဒေါ့ဂ် ပရစ်ချက် (Doug Pritchard) လို့ အမည်ရတဲ့ ၁၃နှစ်အရွယ်ကောင်လေးဟာ ရက်ပေါင်းများစွာကြာအောင် ခြေဖဝါးမှာ ပြင်းပြင်းထန်ထန်နာကျင်ခံစားခဲ့ရပါတယ်။ နာကျင်မှုဝေဒနာကို မခံစားနိုင်တော့တဲ့အဆုံးမှာ ဖခင်ဖြစ်သူကို ဖွင့်ပြောပြပြီး ခဖင်ဖြစ်သူက ဆရာဝန်ဆီ ချက်ချင်းသွားပြစေခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဆရာဝန်ဆီရောက်တဲ့အချိန်မှာတော့ လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဘယ်ဘက်ခြေထောက်နာကျင်ခြင်းဟာ ခြေဖဝါးအတွင်းမှာ သွားတစ်ချောင်းပေါက်နေတာကို တွေ့လိုက်ရချိန်မှာတော့ ဆရာဝန်ကိုယ်တိုင်က အကြီးအကျယ်အံ့အားသင့်သွားခဲ့ပါတယ်။ ဒီလိုသွားပေါက်တာဟာ နေရာမှားပြီးရောက်နေတဲ့ မျိုးရိုးဗီဇဆဲလ်ကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း ဆရာဝန်က အတည်ပြုပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီနေရာမှားပြီးပေါက်နေတဲ့သွားကို ဖယ်ရှားပေးခဲ့ပါတယ်။

ဒီလို ထူးထူးခြားခြားသွားပေါက်တာဟာ ဒေါ့ဂ် ရဲ့ဖြစ်ရပ်တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ နှာခေါင်းကနေ သွားပေါက်တာ၊ ရင်ဘတ်မှာ သွားပေါက်တာ၊ အဆိုးဆုံးကတော့ မျက်စိမှာ သွားပေါက်တာ စတဲ့ ထူးထူးဆန်းဆန်းကိစ္စတွေလည်း ရှိနေသေးတယ်ဆိုတာ သင်သိရင် သိပ်ကို အံ့သြသွားမှာပါ။ ကမ္ဘာတစ်ဝန်းလုံးက ထူးထူးဆန်းဆန်းသွားပေါက်တဲ့ကိစ္စရပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်က သွားဖုံးအပေါ်ကနေ ချွန်ထက်နေတဲ့ အစွယ်ရှည်ရှည်တွေထွက်လာလို့ သွေးစုပ်ဖုတ်ကောင်လို့တောင် ခေါ်ဝေါ်ခြင်းခံခဲ့ရတယ်။

၂။ အသက် ၂၃ နှစ်အရွယ် အိန္ဒိယနိုင်ငံသူတစ်ယောက်ဆိုရင် သူမရဲ့ ဘယ်ဘက်မျက်လုံးထဲမှာ သွားတစ်ချောင်းပေါက်နေတာကို အချိန်အတော်ကြာတဲ့အထိ သတိမထားမိခဲ့ပါဘူး။

၃။ အာရှစ်ခ် ဂါဗိုင်း (Ashik Gavai) လို့ အမည်ရတဲ့ အိန္ဒိယကောင်လေးတစ်ယောက်ဟာ သွားပေါင်း ၂၃၂ ချောင်းတောင် ပေါက်နေတာကြောင့် အဲဒီသွားတွေကို ဖယ်ရှားဖို့ ၆နာရီကျော်ကြာအောင် ခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်။

၎။ အသက် ၄လအရွယ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးဟာလည်း ဦးနှောက်အကျိတ်ရောဂါကြောင့် ဦးနှောက်ထဲမှာ သွားတစ်ချောင်းပေါက်လာတဲ့အဖြစ်မျိုးလည်း ရှိပါတယ်။

၅။ အသက် ၄၇ နှစ်အရွယ် စတက်ဖန် ဟတ်စ် (Stephen Hirst) ဆိုသူကတော့ ဘယ်ဘက်နားအတွင်းမှာ သွားတစ်ချောင်းပေါက်နေတာကြောင့် ကိုက်ခဲတဲ့ဝေဒနာကို နှစ် ၃ဝကြာခံစားခဲ့ရပါတယ်။

များသောအားဖြင့်တော့ ဒီလိုမျိုး နေရာမမှန်ဘဲ ပေါက်လာတဲ့သွားတွေဟာ ယာယီသဘောမျိုးပေါက်တာဖြစ်ပြီး လွယ်ကူစွာဖယ်ရှားနိုင်တယ်လို့ သိရပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါနော်။