ကမ္ဘာ့အဆင်းရဲဆုံးလူတစ်ယောက်အဖြစ်မွေးဖွားခဲ့ပြီး ကမ္ဘာကျော်သမ္မတဖြစ်လာခဲ့သူတစ်ဦး

blank

သူ့ကို စတင်မွေးဖွားခဲ့တာက သစ်လုံးအိမ်စုတ်လေးထဲက အခန်းတစ်ခန်းရဲ့ ညစ်ပတ်နေတဲ့ ကြမ်းပေါ်မှာပါ။

သူ့ရဲ့ဖခင်ဟာ စာမတတ်ရှာတဲ့အတွက် ကိုယ်ပိုင်လက်မှတ်လေးတောင် ထိုးနိုင်သူမဟုတ်ခဲ့ပါ ဘူး။ သူဟာ ဖခင်ရဲ့မကြာခဏရိုက်နှက်ခြင်းကိုခံရပြီး သူ့အသက်ကိုးနှစ်အရွယ်မှာတော့ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ သူ့မြို့ငယ်လေးမှာ စာပို့သမားအဖြစ် အသက်မွေးရင်း တစ်နှစ်ကို ၅၅ ဒေါ်လာရရှိပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူက စာမတတ်တာကြောင့် သူ့ရဲ့ပညာရေးအသက်ဆက်နိုင်ဖို့ အတွက် တခြားတောက်တိုမယ်ရအလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။ အလုပ်တွေလုပ်ရင်းနဲ့ ခင်မင်စရာကောင်း သူ၊ ပျော်တတ်သူ၊ နှစ်လိုဖွယ်ကောင်းသူအဖြစ် သူ့မြို့လေးမှာ အသိအကျွမ်းများ လာခဲ့တယ်။ အိမ်ကနေထွက်ခွာပြီး အဝေးမှာနေနေခဲ့ချိန်မှာ မိန်းမငယ်လေးတစ်ယောက်နဲ့ ချစ်ကျွမ်း ဝင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ မိန်းကလေးက နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့ရှာပါတယ်။ သူဟာ ချစ်သူမရှိတော့တဲ့ဘဝမှာ ဆက်လက်အသက်ရှင်လိုစိတ်မရှိတော့အောင် အကြီးအကျယ်စိတ်ထိခိုက် ခဲ့ရပါတယ်။ ဒါပေမဲ့ ပညာရေးကို အပျက်မခံဘဲ ဆက်လက်ကြိုးစားခဲ့ရာမှာ ရှေ့နေတစ်ယောက်ဖြစ် လာခဲ့တယ်။ သူဟာ စိတ်ဓာတ်တက်ကြွရမယ့်အစား စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ အထိ စဉ်းစားခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက်တော့ သူဟာ အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆီးနိတ်လွှတ်တော်မှာ အမတ်အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ နှစ်ကြိမ်တိုင်အောင် ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တယ်။ သူ့အမည်ကတော့ ဒီနေ့မှာ တစ်ကမ္ဘာလုံးသိကြတဲ့ အမေရိကန်သမ္မတကြီးအီဗရာ ဟယ်လင်ကွန်းပဲဖြစ်ပါတယ်။

အရှုံးတွေများပေမယ့် အရှုံးမပေးဘဲ ဘဝအောက်ခြေကနေ နိုင်ငံတော်သမ္မတကြီးဖြစ်တဲ့အထိ ဇွဲအပြည့်နဲ့ကြိုးစားခဲ့တဲ့ အီဗရာဟယ်လင်ကွန်းရဲ့ဘဝဇာတ်လမ်းက စာချစ်သူတို့အတွက် စိတ်ဓာတ်ခွန် အားတွေပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ ဦးနော်။