အစားကောင်းမက်သောယောက်ျားနဲ့ မချက်တတ်သောမိန်းမ

blank

လက်ထပ်ထားတာ သိပ်မကြာသေးတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ လက်ရာကောင်းတဲ့ စားသောက်ဆိုင်တစ်ခုကို ညစာစားဖို့ ထွက်ခဲ့ပါတယ်။ ဆိုင်ကိုရောက်တော့ သူ့အကြိုက်၊ ကိုယ့်အကြိုက်မှာကြတာပေါ့။ မှာထားတဲ့အစားအသောက်တွေ ရောက်လာတဲ့အခါမှာတော့ ယောက်ျားဖြစ်သူက –

“အစားအသောက်တွေကတော့ ရှယ်ပဲဟေ့။ စားကောင်းမှာ သေချာတယ်။ ကဲ… စားရအောင် ချစ်ရေ” လို့ ပြောပြီး ဇွန်းနဲ့ ခက်ရင်းကို ကောက်ကိုင်လိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီအခါမှာ မိန်းမဖြစ်သူက –

“မောင်ရေ… မောင်အိမ်မှာ ထမင်းစားခါနီးတိုင်း ဆုတောင်းနေကျလေ။ အခုရော ထမင်းစားခါနီး ဆုမတောင်းတော့ဘူးလား” လို့ မေးလိုက်ပါတယ်။

ဒီတော့ ယောက်ျားဖြစ်သူပြန်ဖြေလိုက်ပုံက-

“အဲဒါက အိမ်မှာ စားတာမို့လို့ စားကောင်းပါစေလို့ ဆုတောင်းရတာလေ ချစ်ရဲ့။ အခုက စားဖိုမှူးချက်တာ။ စားကောင်းမယ်ဆိုတာသေချာပြီးသား။ ဆုတောင်းစရာမလိုဘူး။ စားသာစား” ဆိုသတဲ့။

တစ်ချက်ပြုံးမိတယ်ဆိုရင် သူများတွေပါပြုံးနိုင်ဖို့ SHARE ပေးလိုက်ပါနော်။