အထိုင်များတဲ့သူတွေ အသက်တိုတတ်တယ်တဲ့။

blank
   စာချစ်သူတို့ရေ…          

အထိုင်များခြင်းကလည်း ဆေးလိပ်သောက်သလိုပဲ အသက်အန္တရာယ်ကို ဆိုးဝါးစွာ ထိခိုက် စေပါတယ်။ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိမှုအသစ်အရ တစ်နေ့ကို ၁၂.၅ နာရီ၊ ဒါမှမဟုတ် အဲ့ဒီ ထက်ပိုကြာအောင် ထိုင်တဲ့လူတွေဟာ ရောဂါတစ်ခုခုနဲ့သေဆုံးမှုနှုန်း အမြင့်မားဆုံးလူတွေ ဖြစ်ပါ တယ်။ အဲ့ဒီအခြေအနေကို လျှော့ချဖို့ဆိုရင် မိနစ် ၃ဝ ထိုင်ပြီးတိုင်း အနည်းဆုံး ၁ မိနစ်ကြာတဲ့ လှုပ် ရှားမှုတွေ ပြန်လည်ပြုလုပ်ပေးဖို့ ညွှန်းဆိုထားကြပါတယ်။             တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆိုရင် နာရီဝက်မှာတစ်ခါ စိတ် ကော၊ လူပါ ကောင်းစွာအနားပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကို လုံးဝမလှုပ်ရှားဘဲ အကြာကြီး နေ ခြင်းက ခန္ဓာကိုယ်တွင်းလုပ်ဆောင်လည်ပတ်မှုတွေကိုလည်း ရပ်တန့်သွားစေပါတယ်။ သေဆုံးနိုင်ခြေ လည်း သာမန်ထက်အများကြီးပိုများပါတယ်။ ဒါကြောင့် သင်ကအထိုင်များတဲ့သူတစ်ယောက်ဆိုရင် အောက်ပါနည်းလမ်းလေးတွေနဲ့ လှုပ်ရှားမှုလေးတွေပြုလုပ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ဖုန်းကို နာရီဝက်ခြားတစ်ခါ နှိုးစက်ပေးထားပါ။ ဒါက သင်ဘယ်လောက်ကြာအောင် ထိုင်နေ ခဲ့ပြီးပြီလဲဆိုတာကို သတိပေးရာကျသလို လှုပ်ရှားမှုတွေလည်း ပြုလုပ်ဖြစ်စေပါတယ်။
  • သင့်နှလုံးကျန်းမာရေးအတွက် အနည်းဆုံးတစ်မိနစ်ကြာအောင် လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ပေး ပါ။ ကျွမ်းကျင်သူတွေကတော့ လွယ်ကူတဲ့ လမ်းလျှောက်ခြင်းကို အကြံပြုထားကြပါတယ်။
  • ထိုင်ခုံကနေ ထရပ်တာကလည်း လူကြိုက်များပါတယ်။ ဒါပေမဲ့ မတ်တပ်ထရပ်ရုံသက်သက်က ထိုင်နေတာထက်တော့ အများကြီးပိုမထူးပါဘူး။ ခြေလက်လှုပ်ရှားမှုလေးတွေပြုတာကလည်း အကူအညီရကောင်းရနိုင်ပေမဲ့ လမ်းလျှောက်လိုက်တာကတော့ အကောင်းဆုံးပါပဲ။

ကျန်းမာရေးဆိုင်ရာ သိမှတ်စရာလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။