ဘာကြောင့် မင်္ဂလာမဆောင်ခင် မိန်းကလေးသူငယ်ချင်းတွေပဲစုပြီး အပျော်ခရီးထွက်သင့်တာလဲ

blank
မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲတော့မယ့် သတို့သမီးလောင်းလေးရေ…

သင့်နားမှာရှိတဲ့ သင့်သူငယ်ချင်းတွေ၊ သင့်ညီအစ်မတွေဆိုတာ သင့်အပျိုဘဝရဲ့ အကောင်းဆုံးအဖော်မွန်တွေပါ။ သင်လိုအပ်တဲ့အချိန်တိုင်း သင့်ဘေးမှာအမြဲရှိနေပေးမယ့် soul mates တွေဆိုရင်လည်း မမှားပါဘူး။ လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် သင့်စိတ်ထဲမှာ အဲဒီလို သွေးသောက်ညီအစ်မတွေနဲ့ ဝေးကွာရတော့မယ်လို့ မှတ်ယူထားလိုက်ပါ။

ဒါဆိုရင် သင်အိမ်ထောင်မပြုခင်မှာ သူတို့နဲ့အတူတူ အမှတ်တရတွေ ဖန်တီးထားသင့်တယ်မဟုတ်လား။ အမှတ်တရတွေချန်ထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွေးသောက်ညီအစ်မတွေနဲ့အတူ ပျော်စရာခရီးတစ်ခုထွက်ဖို့ပါပဲ။ ဘာကြောင့်ဒီလိုခရီးထွက်သင့်တာလဲဆိုတဲ့အကြောင်းရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

ချစ်ရတဲ့မိန်းကလေးသူငယ်ချင်းတွေချည်းစုပြီး ခရီးထွက်ခြင်းက

၁။ မကြာခင်မှာ ရင်ဆိုင်ရတော့မယ့် ဘဝနဲ့ချီတဲ့ပြောင်းလဲမှုကြီးအတွက် အသင့်ဖြစ်နေဖို့ စိတ်ခွန်အားတွေ၊ စိတ်လွတ်လပ်ပေါ့ပါးမှုတွေကို ပေးစွမ်းနိုင်လို့။

၂။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အရာအားလုံးထက် မိသားစုကိုပိုပြီး ဂရုစိုက်ရတော့မှာဖြစ်ပြီး စိတ်လွတ်ကိုယ်လွတ်ခရီးသွားဖို့ မလွယ်တော့လို့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လက်ထပ်ပြီးသွားတဲ့အခါ သူငယ်ချင်းတွေ၊ ညီအစ်မတွေအတွက် အရင်ကလောက်အချိန်ပေးနိုင်မှာ မဟုတ်တော့လို့။

၎။ မင်္ဂလာဆောင်နီးတာနဲ့ အသားအရေ၊ အစားအသောက်ကအစ ဂရုတစိုက်ထိန်းသိမ်းရတော့မယ်၊ အဲဒီအချိန်မတိုင်ခင် ခရီးတွေထွက်ပြီး စိတ်တိုင်းကျ စားသောက်ပြီး ကဲနိုင်လို့။

၅။ ဘဝမှာ ဘာကိုမှမတွေးဘဲ စိတ်လွတ်ကိုယ်လွတ်ပျော်ဖူးတယ်ဆိုတဲ့ အတွေ့အကြုံလေးရနိုင်လို့။

၆။ အပျိုဘဝနဲ့ ခရီးထွက်ခဲ့ရတဲ့ နောက်ဆုံးခရီးလေးဖြစ်တာကြောင့် တစ်သက်တာမမေ့နိုင်မယ့် အမှတ်တရတွေ ပိုင်ဆိုင်နိုင်လို့။

စတဲ့ အကြောင်းရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မကြာခင်မှာ လက်ထပ်တော့မယ့် ချစ်စရာသတို့သမီးလောင်းတို့ရေ…။ ဒီလိုအချိန်ဟာ ချစ်ရတဲ့သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်နော်။ ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့နဲ့ အေးအေးဆေးဆေးတွေ့၊ စကားတွေပြောပြီး ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးဖို့ ဘယ်သောအခါမှ အခွင့်ကြုံလာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့လေ။ ဒါကြောင့် အခုပဲ သူငယ်ချင်းတွေစု၊ ခရီးဆောင်အိတ်ပြင်ပြီး ခရီးထွက်လိုက်တော့နော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။