သင့်စိတ်နှလုံးကို သင်ကိုယ်တိုင်အဆိပ်ခတ်မိတာမျိုးမဖြစ်စေဖို့ ဆောင်ရန်ရှောင်ရန်အချက်လေးများ

blank

၁။ သင့်အမှားတွေက သင့်အတွက် သင်ခန်းစာတွေပါ။ ဒါကြောင့် အမှားတွေကို မကြောက်ပါနဲ့။

၂။ သင့်ဘဝကို တခြားသူတွေရဲ့ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်ဟာ သင်ပါပဲ။

၃။ ဘယ်အလုပ်ကိုလုပ်လုပ် မှန်ကန်တဲ့နည်းလမ်းဆိုပြီး တိတိကျကျသတ်မှတ်ထားတာ မရှိပါဘူး။ သင့်အတွက် အဆင်ပြေစေမဲ့နည်းလမ်းနဲ့ အကောင်းဆုံးလုပ်ပါ။

၎။ အများနဲ့တစ်ယောက်ဖြစ်နေပါစေ၊ သင်ယုံကြည်တဲ့ဘက်ကနေပဲ ရပ်တည်ပါ။

၅။ သင့်ကို အထင်သေးဝေဖန်နေတဲ့သူတွေမှာ သင့်ကိုပေးစရာသင်ခန်းစာတွေရှိနေတယ်။ ရအောင်ယူပါ။

၆။ အားသာချက်တွေကို အသိအမှတ်ပြုသလို သင့်ရဲ့အားနည်းချက်တွေကိုလည်း လက်ခံလိုက်ပါ။

၇။ အတိတ်ကို စွန့်စားခန်းတစ်ရပ်လိုပဲမြင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ သင့်ရဲ့ ပါရမီတစ်ခုကို အကြိမ် ၁ဝဝ လောက် မလေ့ကျင့်ဘဲနဲ့ လျှော့မတွက်လိုက်ပါနဲ့။

၉။ သင့်မှာ ရှိနေတဲ့ ပြဿနာတွေကို သင်တစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ပါဘူး။

၁ဝ။ ကိစ္စတိုင်းကို ဉာဏ်ရည်ထက်မြက်စွာ ပြုမူဆောင်ရွက်ပါ။

၁၁။ သင့်ကို အကျိုးရှိစေမယ့်နည်းလမ်းတွေနဲ့ပဲ သင့်ဒေါသတွေကို ထုတ်ဖော်ပါ။

၁၂။ သင့်ကို အောင်မြင်စေချင်တဲ့သူတွေနဲ့ပဲ သင့်ပတ်ဝန်းကျင်ကို ဝန်းရံထားပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။