သရဲကားကြည့်ခြင်းက ဝိတ်ကျစေပါတယ်။

blank

သင်က သရဲကားတွေကို အသည်းစွဲကြိုက်တတ်သူလား။

ဒီလိုဆိုရင်တော့ သင့်မှာ သိပ်ကိုအရေးကြီးတဲ့အမူအကျင့်တစ်ခုကို ဆုပ်ကိုင်ထားနေမိပြီလို့ သ တင်းကောင်းလေးပေးပါရစေနော်။ အထူးသဖြင့် သင်က ဝိတ်တက်နေလို့ ဝိတ်ချချင်နေသူဆိုရင် ပို အဆင်ပြေပါတယ်။

ဘာကြောင့်လဲဆိုတော့ လေ့လာတွေ့ရှိမှုအသစ်တွေအရ တစ်ရက်ကို သရဲကား မိနစ် ၉ဝ ကြည့်မယ်ဆိုရင် ၁၁၃ ကယ်လိုရီအထိ လောင်ကျွမ်းစေနိုင်လို့ပါ။ ဒါဟာ မိနစ် ၃ဝ လမ်းလျှောက်တာ၊ ချောကလက်စားပေးတာတွေကြောင့် လောင်ကျွမ်းသွားတဲ့ကယ်လိုရီပမာဏနဲ့လည်း ညီမျှပါတယ်။ နာမည်ကျော် The Exorcist ဆိုတဲ့သရဲကားဆိုရင် ကြည့်ရှုသူတိုင်းကို အကြီးအကျယ်ထိတ်လန့်စေပြီး ကြည့် သူတွေကို ၁၅၈ ကယ်လိုရီလောင်ကျွမ်းစေတယ်လို့ ညွှန်းဆိုထားပါတယ်။ အဲ့ဒီအဆိုအရ တစ် ရက်ကို သရဲကားတွေအပြန်ပြန်အလှန်လှန်ကြည့်ခြင်းအားဖြင့် ဆိုဖာပေါ်ကနေ တစ်လက်မတောင် ရွေ့စရာမလိုဘဲ ကယ်လိုရီတွေ အလိုလိုလောင်ကျွမ်းစေမယ့် ကောင်းကျိုးကို ရရှိနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီအချက်ကို  ဝက်စ်မင်စတာတက္ကသိုလ်(The University of Westminster)ကပညာရှင်တွေ က  လူ ၁ဝ ယောက်ကို ကြောက်စရာဇာတ်ကားတွေကြည့်စေပြီး အဲ့ဒီအချိန်အတွင်း ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို လေ့လာရင်း တွေ့ရှိခဲ့ကြတာပါ။ အဲ့ဒီလူတွေ ဇာတ်ကားကြည့်နေချိန်အတွင်း နှလုံးခုန်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိနှုန်းနဲ့ အောက်ဆီဂျင် အဝင်နှုန်းတွေကို သိပ္ပံပညာရှင် တွေက သေသေချာချာမှတ်တမ်းတင်ခဲ့ကြပါတယ်။ သရဲကားကြိုက်တတ်သူတွေအတွက်တော့ သတင်းကောင်းပဲ မဟုတ်လား။

ကဲ… သင့်သူငယ်ချင်းတွေထဲက သရဲကားကြိုက်သူတွေကိုလည်း mention ခေါ်လိုက်ပါဦးနော်။