ဘတ်ဂျတ်နည်းနည်းနဲ့ ခရီးများများထွက်ရအောင်

blank

ခရီးထွက်ရတာကို ကြိုက်နှစ်သက်ပေမဲ့ ငွေကုန်ကြေးကျများလွန်းတာကြောင့် နောက်တွန့်နေ မိပါသလား။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျနည်းနည်းနဲ့ ခရီးများများသွားနိုင်စေမယ့် အကြံပြုချက် လေးတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

၁။ လေယာဉ်လက်မှတ်လျှော့ဈေးရမယ့် အချိန်ကို  စုံစမ်းထားပါ။

လေယာဉ်လိုင်းတွေဟာ တစ်ချိန်နဲ့တစ်ချိန် လေယာဉ်လက်မှတ်ခတွေကို လျှော့ဈေးချပြီး ခရီး သည်တွေကို ဆွဲဆောင်လေ့ရှိပါတယ်။ နှစ်သစ်ကူးကာလတွေမှာလည်း လျှော့ဈေးပေးတတ်ကြတာကြောင့် လေယာဉ်လိုင်းတွေရဲ့ facebook page တွေကို like လုပ်ထားပါ။

၂။ နံနက်စောစော ဒါမှမဟုတ် ညဘက်နောက်ကျမှ ထွက်တဲ့လေယာဉ်ချိန်တွေကို ရွေးပါ။

စောစောထွက်တဲ့လေယာဉ်နဲ့ နောက်ကျတဲ့လေယာဉ်တွေဟာ လူကြိုက်နည်းတဲ့အတွက် ဈေး သက်သာပါတယ်။ ဒါ့အပြင် ပိုလျှံနေတဲ့အချိန်များကြောင့် ရောက်တဲ့နေရာမှာ ပိုမိုလည်ပတ်လေ့လာ ရင်း အချိန်ဖြုန်းနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ခရီးစဉ်မှာ လှည့်လည်သွားလာတဲ့သီးသန့်ဘတ်စ်တွေအစား အများသုံးပြည်သူသုံး ပို့ဆောင်ရေးစနစ်တွေကို သုံးပါ။

        အများသုံးဘတ်စ်တွေနဲ့သွားလာခြင်းဖြင့် ငွေကုန်ကြေးကျသက်သာပြီး နေရာအနှံ့ပိုမိုလည် ပတ်နိုင်စေမှာ ဖြစ်ပါတယ်။

၎။ ငွေတွေကို ကြိုတင်လဲလှယ်ထားပါ။

ခရီးမထွက်ခင်ကတည်းက ငွေကြေးတွေကြိုတင်စုံစမ်းလဲလှယ်ထားခြင်းဖြင့် မြင့်မားတဲ့ ငွေ ကြေးလဲလှယ်မှုနှုန်းတွေကို ရှောင်ကြဉ်နိုင်ပါတယ်။ လက်ထဲမှာ ငွေကြေးတချို့ ကိုင်ဆောင်ထားဖို့ လည်း မမေ့ပါနဲ့။

၅။ နေ့လယ်စာကောင်းကောင်းစားပြီး အာဟာရဖြည့်ပါ။

တချို့နိုင်ငံတွေရဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေဟာ ညစာစားချိန်မှာ ဧည့်သည်အများဆုံးဖြစ်တာကြောင့် မနက်စာနဲ့နေ့လယ်စာကို အထူးလျှော့ဈေးတွေ ပေးလေ့ရှိပါတယ်။ ဒါကြောင့် နေ့လည်စာကို အဝစားထားပြီး ညစာကိုခြွေတာပါ။ ဒါ့အပြင် ဒေသထွက်စားစရာလေးတွေက စားသောက်ဆိုင်တွေထက် ဈေးသက်သာတာကြောင့် ခရီးစဉ်တစ်လျှောက်မှာ ကုန် ကျစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် ဒေသထွက်အစားအစာလေးတွေကို ရွေးချယ်စားသုံးပါ။

၆။ ကုန်ကျစရိတ်အတွက်ကြိုတင်စီမံပါ။

လေယာဉ်တစ်စီးနဲ့ တစ်စီးအပြောင်းအရွှေ့ကြားကာလမှာ နားနေဖို့ အများပြည်သူ နားနေစရာ အခမဲ့ပြတိုက်တွေ၊ ပန်းခြံတွေကို ကြိုတင်လေ့လာထားပါ။ ပြည်တွင်း စားသောက်ဆိုင်အညွှန်းတွေကို ရှာဖတ်ထားပါ။

၇။ အများနဲ့ စုပေါင်းပြီးသွားပါ။

အများစုပေါင်းပြီး ခရီးထွက်တာဟာ ကုန်ကျစရိတ်တွေစုပေါင်းကျခံခြင်းဖြင့် စရိတ်ကို လျှော့ချ နိုင်သလို ခရီးသွားကုမ္ပဏီတွေက ဈေးလျှော့ပေးတဲ့ရာခိုင်နှုန်းတွေကြောင့်လည်း ပိုမိုသက်သာစေပါ တယ်။