၂ဝ၁၇ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )  
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ငွေကြေးအခက်အခဲများကြောင့် စိတ်ရှုပ်ထွေးပြီး ပူပန်ရမည့်ကာလဖြစ်သည်။ ယခင်ကသင်ကူညီဖူးသူများပင်လျှင် သင့်ကိုရှောင်ဖယ်နေမည်။ သင်ဖုံးကွယ်ဖို့ကြိုးစားသောအမှားများ ဖုံးလေပေါ်လေ ဖြစ်တတ်တာကြောင့် အရာရာကို အရိုးသားဆုံးဝန်ခံဖို့ ကြိုးစားပါ။ စနေနံ ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားပါက စီးပွားရေးအကြပ်အတည်းများ ပြေလည်သွားမည်။

ယတြာ- နွမ်းပါးသူများကို ထီး(သို့မဟုတ်) ဖိနပ်လှူဒါန်းပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မိမိ၏ ခြေလှမ်းများယိုင်နဲ့ပြီး ဦးတည်ချက်များ ဝေဝါးနေမည့်ကာလဖြစ်သည်။ စိတ်ရှုပ်ထွေးစရာများကြောင့် မိမိရည်မှန်းချက်များ မပျက်ပြားစေပါနှင့်။ မိမိ၏မထင်မှတ်ဘဲ ပြုမူလိုက်သော အပြုအမူများကြောင့် ခင်မင်ရင်းနှီးရသူများနှင့် စိတ်သဘောထားကွဲလွဲတတ်သည်။ အပြောအဆို အနေအထိုင်ဂရုစိုက်ပါ။ လိမ်ညာလှည့်ဖျားတတ်သူများနှင့် ဆုံရတတ်သည်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- ဘုရားတွင်ကြာပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

အနာဂတ်ဘဝအတွက် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်။ မိသားစုအတွင်း ထူးခြားသောသတင်းများကြားရမည်။ သင်ချစ်ခင်ရသူတစ်ဦးမှ လက်ဆောင်တစ်ခုရတတ်သည်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်များကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေမည့်ကာလဖြစ်သည်။ မိမိအကြောင်းကို သေချာမသိဘဲ သွားပုတ်လေလွင့်ပြောတတ်သူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။

ယတြာ- မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

 

သင်အားကိုးယုံကြည်ရသူတစ်ဦး၏ ရုတ်တရတ်ကျောခိုင်းထွက်ခွာခြင်းခံရမည်။ စိတ်ဒဏ်ရာများအကြားမှာပင် မိမိကိုယ်ကိုယ်ယုံကြည်မှုများဖြင့် ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲ တည်ဆောက်နိုင်မည်။ သို့သော် ဆုံးဖြတ်ချက်များကို အလွယ်တကူချမှတ်ရန် အချိန်မကျသေးသဖြင့် အရာရာတိုင်းကို အချိန်ယူစဉ်းစားဆုံးဖြတ်ပါ။ ရပ်ဝေးမိတ်ဆွေတစ်ဦး၏ မင်္ဂလာသတင်းကြားရမည်။
ယတြာ- နွမ်းပါးသူများကို မနက်စာကျွေးမွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စကားကို အလောတကြီးပြောလိုက်မိတာကြောင့် လျှို့ဝှက်ချက်များပေါက်ကြားမည်။ ချစ်သူနှင့်နားလည်မှုလွဲပြီး ကတောက်ကဆများကြုံတွေ့ရမည်။ ချစ်သူမရှိသေးသော သိဟ်ရာသီဖွားများ ချစ်သူနှင့်ဆုံဆည်းမည်။ မထင်မှတ်ဘဲ ငွေဝင်တတ်သည်။ အသွားအလာဂရုစိုက်ပါ။

ယတြာ- သက်ကြီးရွယ်အိုများအား ဆေးဝါးလှူဒါန်းပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သူငယ်များ၏ အကူအညီကို ရရှိမည်။ သင့်သူငယ်ချင်းတွေရဲ့ အရေးကိစ္စတွေမှာကူညီရင်း သင့်အတွက် တက်လမ်းများစွာရရှိတတ်သည်။ ထင်မှတ်မထားဘဲ လက်ဆောင်တစ်ခုရရှိပါက ထီထိုးပါ။ အစားအသောက်မှားတတ်သည်။

ယတြာ- ဘုရားမှာ ဆီမီးကပ်လှူပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အိမ်တွင်းရေးကို စွက်ဖက်တတ်သော သူတစ်ယောက်ကြောင့် သင့်မိသားဝင်များအကြား စိတ်သဘောထားကွဲလွဲမည်။ မိဘ၊အုပ်ထိန်းသူများကို အရာရာတိုင်ပင်အသိပေးခြင်းဖြင့် နားလည်မှုတည်ဆောက်ပါ။ စီးပွားရေးလုပ်ငန်းများနှင့် လုံးပန်းရင်း မိသားစုအတွက် အချိန်မပေးနိုင်ဖြစ်နေမည်။ ရေချိုးမှားတတ်သည်။

ယတြာ- ကလေးငယ်များကို ရေခဲမုန့်ကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

စိတ်ထဲရှိသမျှ ထုတ်ဖော်ပြောတတ်သော အကျင့်ကိုပြင်ပါ။ စကားအမှားများကြောင့် အရှုပ်အရှင်းများကို ဖြေရှင်းရကိန်းရှိသည်။ ဆုံးဖြတ်ချက်မချမှတ်ခင် သေချာစဉ်းစားဆင်ခြင်ပါ။ သင့်ကိုရင်ခုန်စေမည့် သူတစ်ဦးဘဝထဲကို ရောက်လာမည်။ ခက်ခဲသောအချိန်များကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားများ ရင့်သန်နေမည်။

ယတြာ- ချို့တဲ့သူများကို အဝတ်အစားလှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

သင်၏ အားနည်းချက်၊ အားသာချက်များကို သင်ကိုယ်တိုင်ကောင်းစွာ သိမြင်လာပြီး အနာဂတ်အတွက် အရေးပါသော ခြေလှမ်းများကို ပြင်ဆင်နိုင်မည့်ကာလဖြစ်သည်။ အလွယ်တကူကတိပေးတတ်သော အကျင့်ကြောင့် လုပ်စရာများဝန်ပိပြီး ဗျာများနေတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် သင့်အကြားယုံကြည်မှုများပျက်ပြားတတ်သည်။

ယတြာ- ခွေးကလေးများကို အစာကျွေးပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဤအပတ်အတွင်း အချစ်ရေးကံကောင်းသဖြင့် ချစ်သူအားဖွင့်ပြောရန် အချိန်ကောင်းဖြစ်သည်။ သင်ဖြစ်ချင်သည့် အရာများကိုကောင်းစွာဖန်တီးပုံဖော်နိုင်မည်။ အရာရာတိုင်းတွင် ထိပ်ဆုံးကရပ်တည်ချင်သော စိတ်ဓာတ်များဖြင့် အပတ်တကုတ်ကြိုးစားနေမည့်ကာလဖြစ်သည်။ တစ်ပါးသူများ၏ အကြံဉာဏ်များယူရင်း တွေဝေနေတတ်သဖြင့် အရေးကြီးသောဆုံးဖြတ်ချက်များ မချမှတ်နိုင်ဖြစ်နေမည်။

ယတြာ- ခိုစာကျွေးပါ။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

အတိတ်က ဒဏ်ရာဟောင်းတွေကြောင့် အရှေ့ဆက်ဖို့ ခက်ခဲနေမည့် ကာလဖြစ်သည်။ သင်၏ စိတ်ဓာတ်ခိုင်မာမှုတွေကို အကောင်းဆုံးအသုံးချပြီး ပျော်ရွှင်စေမည့်ဘဝခရီးကို တက်လှမ်းပါ။ သူတစ်ပါးအားအချိန်ပေးကူညီတတ်မှုများ သဲထဲရေသွန်ဖြစ်တတ်တာကြောင့် မိမိဘဝအတွက် အရေးပါမည့်အရာများကိုသာ ရှေးရှုပါ။
ယတြာ- နေအိမ်ဘုရားမှာ နို့ဆွမ်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

ကိုယ်ရေးကိုယ်တာ အရှုပ်အထွေးများကြောင့် စိတ်ညစ်ညူးနေမည်။ ပြဿနာများကို မရှင်းဘဲထားတတ်သောအကျင့်ကြောင့် ပိုမိုရှုပ်ထွေးမည်။ ပြဿနာ၏ အရင်းခံကို သေချာသိအောင်လုပ်ပြီးဖြေရှင်းပါ။ စိတ်ရှုပ်ရလင့်တစား ငွေဝင်တတ်သည်။ အချစ်ရေးကိစ္စများ ဖွင့်ဟပြောဆိုရန် အချိန်မသင့်သေးပါ။

ယတြာ- ဘုရားတွင် ဆီမီးကပ်လှူပါ။

သူငယ်ချင်းတွေဖတ်ရှုနိုင်ဖို့ SHARE ပေးလိုက်ပါဦးနော်။