လူတွေ ဘာကြောင့် ကြက်သီးထကြတာလဲ။

ကျွန်မတို့အားလုံး တစ်ချိန်ချိန်မှာတော့ ကြက်သီးထခဲ့ကြဖူးမှာပါ။ ကြက်သီးဖုလေးတွေကို အင်္ဂလိပ်လို “goose pimples”  လို့ခေါ်ပါတယ်။

ကျွန်မတို့ အေးတဲ့အချိန်တွေ၊ ကြောက်တဲ့အချိန်၊ ပီတိဖြစ်တဲ့အချိန်နဲ့ ကာမစိတ်ဖြစ်တဲ့အချိန်တွေမှာ ကြက်သီးထတတ်ပါတယ်။ ခန္ဓာကိုယ်အနှံ့ (အထူးသဖြင့် ခြေ၊ လက်) မှာရှိတဲ့ မွေးညင်းလေးတွေရဲ့ အရင်းက ကြွက်သားတွေကျုံ့ခြင်းကြောင့် ကြက်သီးဖုလေးတွေဖြစ်ပြီး ကြက်သီးမွေးလေးတွေ ထောင်လာရခြင်းဖြစ်ပါတယ်။

ဒီလိုကြက်သီးမွေးထခြင်းဟာ လူတွေတင်မက နို့တိုက်သတ္တဝါတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အေးတဲ့အခါမှာ ကြက်သီးမွေးထခြင်းဟာ ထောင်ထလာတဲ့အမွေးတွေကြား air trap လေးတွေဖြစ်ပြီး အအေးဒဏ်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါနော်။