သင့်အံသွားကို နှုတ်ပစ်သင့်လား၊ ဒီတိုင်းဆက်ထားသင့်သလားသိချင်ရင် ဒီစာစောင်လေးကိုဖတ်ကြည့်ပါ

blank

အံသွားတွေဆိုတာ အစားအစာတွေကို ကျိတ်ဝါးဖို့ လိုအပ်တဲ့သွားတွေပါ။ လူတိုင်းမှာ အသက် ၁၂နှစ်ကနေ ၂၅နှစ်အတွင်း အံသွားပေါက်တတ်ပါတယ်။ ပြီးတော့ အံသွားပေါက်တာနဲ့ တချို့သွားဆရာဝန်တွေက နှုတ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ရော နှုတ်ဖို့လိုလို့လား။

အံသွားကို ဘယ်အခြေအနေတွေမှာ နှုတ်ဖို့မလိုတာလဲ။

၁။ သွားပိုးမစားသေးဘူးဆိုရင်

၂။ ဘေးတဝိုက်က သွားဖုံးတွေ ပုံမှန်အတိုင်းကောင်းနေသေးတယ်ဆိုရင်

၃။ အံသွားက အဆုံးထိထွက်ပြီးပြီဆိုရင် ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ နေရာမှန်မှာပဲ ထွက်ပြီး ဘေးပတ်ပတ်လည်က သွားဖုံးတွေ၊ သွားတွေကို မထိခိုက်ဘူးဆိုရင်

၅။ သာမန် သွားတိုက်နေကျနည်းလမ်းတွေအတိုင်း လွယ်ကူစွာသန့်ရှင်းနိုင်တယ်ဆိုရင်

အံသွားတွေကို နှုတ်ပစ်ဖို့မလိုပါဘူး။

ဒါဆိုရင် ဘယ်အချိန်မှာ အံသွားကို နှုတ်ပစ်သင့်တာလဲ

၁။ အံသွားက သွားဖုံးကိုတိုးပြီး မထွက်နိုင်ဘူးဆိုရင်

(ဒီအခြေအနေမှာ သွားဖုံးမှာ အကျိတ်ဖြစ်စေနိုင်ပြီး ဘေးကသွားတွေရဲ့ အမြစ်ကို ဖျက်ဆီးနိုင်ပါတယ်)

၂။ အံသွားက အပြည့်မထွက်တော့ဘူးဆိုရင်

၃။ အံသွားထွက်ဖို့နေရာမရှိတာကြောင့် နေရာလွဲပြီး ထွက်လာတယ်ဆိုရင်

၎။ အံသွားတဝိုက်မှာ နာကျင်နေတယ်ဆိုရင်

၅။ အံသွားဘေးက နူးညံ့တဲ့နေရာတွေမှာ မကြာခဏပိုးဝင်နေတယ်ဆိုရင်

၆။ အံသွားတဝိုက်မှာ အကျိတ်အဖုတွေ ဖြစ်ပေါ်နေတယ်ဆိုရင်

၇။ အံသွားတဝိုက်က သွားဖုံးတွေ ရောင်ရမ်းနေတယ်ဆိုရင်

၈။ အံသွားနဲ့ ဘေးကသွားတွေ သွားပိုးစားပြီး ကျိုးနိုင်တယ်ဆိုရင်

အံသွားကို နှုတ်ပစ်ဖို့လိုနေပါပြီ။

သင့်အံသွားတွေနဲ့ပတ်သက်ပြီး သွားဆရာဝန်ဆီပုံမှန်သွားရောက် စစ်ဆေးတာထက် ကောင်းတဲ့နည်းလမ်းမရှိတော့ပါဘူး။ အံသွားတွေကို နှုတ်မယ်ဆိုရင် ၂၅နှစ်မတိုင်ခင်နှုတ်ဖို့ သွားဆရာဝန်တွေ အကြံပေးပါလိမ့်မယ်။ အကြောင်းရင်းကတော့ ၂၅နှစ်ကျော်သွားရင် အရိုးတစ်သျှူးတွေအပြည့်အစုံဖြစ်ပေါ်သွားပြီး သွားနှုတ်ဖို့ခက်ခဲသွားနိုင်တဲ့အပြင် ဆဲလ်တွေပြန်ကောင်းဖို့လည်း ခက်သွားနိုင်လို့ဖြစ်ပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE ဖို့မမေ့နဲ့နော်။