၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )              
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြားလူတစ်ယောက်ကြောင့် မိသားစုဝင်တွေအကြား စကားအရှုပ်အရှင်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ စကားအပြောအဆို သတိထားပါ။ အဝေးမှ သတင်းကောင်းကြားရတတ်ပါတယ်။ စပ်တူလုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးမယ့်ကာလ ဖြစ်ပါတယ်။  ဒါပေမဲ့ သင်ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်သင့်ပါတယ်။ တစ်ဦးထက်ပိုတဲ့  အချစ်ရေးမှာ ဗျာများနေရတတ်ပါတယ်။

ယတြာ- ကလေးငယ်များကို အာဟာရလှူဒါန်းပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေနေတဲ့အတွက် ပျော်စရာဖြစ်နေရမယ့် ကာလဖြစ်ပါတယ်။ ဒါပေမဲ့ အရင်းနှီးဆုံးမိတ်ဆွေသူတစ်ဦးနဲ့ စပ်လျဉ်းပြီး ပြဿနာကြုံရတတ်တယ်။ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို ဆင်ခြင်ပါ။ ကျန်းမာရေးအနည်းငယ် ညံ့တတ်တယ်။ နေအိမ်ကို ညအိပ်ညနေ ဧည့်သည်ရောက်လာတတ်တယ်။

ယတြာ- မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)    

မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

ခရီးစဉ်တွေများနေမယ့်ကာလ ဖြစ်ပါတယ်။ ငွေကြေးကံအထူးကောင်းနေမယ်။ ဝန်ထမ်းတွေအနေနဲ့ မမျှော်လင့်ဘဲ ရာထူးတိုးတတ်ပါတယ်။ သင့်ကြိုးစားမှုတွေကို အစွမ်းကုန်အသုံးချရမယ့် အချိန်ပါ။ အခွင့်အလမ်းကောင်းတွေဆက်တိုက်ရလာတတ်တာကြောင့် လက်လွတ်မခံရဖို့ မျက်စိဖွင့်နားစွင့်ထားပါ။

ယတြာ- အင်္ဂါသမီးတစ်ယောက်ကို အပြာရောင် အစတစ်ခုလက်ဆောင်ပေးပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ကြန့်ကြာနေတဲ့လုပ်ငန်းတွေ ပြန်လည်ပတ်လာပါမယ်။ ဆုံးပြီလို့ သတ်မှတ်ထားတဲ့ အကြွေးတွေ ပြန်ရတတ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ အလှူအတန်းတစ်ခုကို မမျှော်လင့်ဘဲ ဖိတ်ကြားခံရတယ်ဆိုရင် ထီထိုးပါ။
ယတြာ- လေလွင့်တိရိစ္ဆာန်လေးတွေကို အစာလှူဒါန်းပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင်လုပ်ပေးတာတွေအတွက် အသိအမှတ်မပြုတဲ့ မိတ်ဆွေသူငယ်ချင်း တချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံရတတ်တယ်။ မနာလိုဝန်တိုတတ်သူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သင့်လုပ်ငန်းတွေကို ထိခိုက်မခံပါနဲ့။ လုပ်စရာရှိတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်ပါ။

ယတြာ- ဘုရားတန်ဆောင်း သန့်ရှင်းရေး ကုသိုလ်ပြုပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ဝင်ငွေထွက်ငွေ အလျဉ်မီအောင် ကြိုးစားနေရတဲ့ကာလပါ။ ရစရာရှိတဲ့ ငွေတွေလည်း ကြန့်ကြာနေတတ်ပါတယ်။ ခရီးရှည်တစ်ခုထွက်ရတတ်တယ်။ ကံကောင်းခြင်း တွေပေးမယ့်ခရီးဖြစ်ပါတယ်။ အချစ်ရေးသာယာပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာ၊ ဒူးနာဖြစ်တတ်တယ်။

ယတြာ- သံဃာတော်များကို ဆွမ်းကပ်လှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စီစဉ်ထားတဲ့အလုပ်တွေ အနားကပ်မှ ပျက်ကုန်တာကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ကာလဖြစ်ပါတယ်။ အစီအစဉ်တွေ ပြောင်းရွှေ့ရပေမယ့် စိတ်ဓာတ် မကျပါနဲ့။ အခက်အခဲတွေကို သင့်ရဲ့ အတွေ့အကြုံကောင်းတွေနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ။ ပညာရပ်အသစ်တစ်ခု ထပ်သင်ရလိမ့်မယ်။

ယတြာ-  မိဘမဲ့ကလေးငယ်တွေအတွက် စာရေးကိရိယာလှူဒါန်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)      

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေ မြင့်မားနေတဲ့ကာလ ဖြစ်ပါတယ်။ စိတ်ကူးထားတဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ အနည်းငယ်ကြိုးစားအားထုတ်မှုလေးတွေတောင် အရာထင်ပြီး ဆောင်ရွက်တိုင်းအောင်မြင်ပေါက်မြောက်နေတဲ့ကာလဖြစ်ပါတယ်။

ယတြာ- ငါးသက်စေ့လွှတ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

လုပ်ငန်းဟောင်းတွေ၊ အချစ်ဟောင်းတွေနဲ့ ပြန်ပတ်သက်ရတတ်တဲ့ ကာလဖြစ် ပါတယ်။ စိတ်ပင်ပန်းမှုတွေ ကင်းဝေးနေရတဲ့အချိန်ပါ။ လုပ်ငန်းမှာ ရှေ့ဆက်တိုးဖို့ ခွန်အားတွေ ဖြည့်ထားပါ။ ရှေ့မှာ သာယာတဲ့အနာဂတ်က သင့်ကို စောင့်ကြိုနေပါ တယ်။ အိမ်ထောင်ရေးနဲ့ အချစ်ရေး အဆင်ပြေနေပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့ကိန်းရှိပါတယ်။

ယတြာ- ခိုကလေးတွေကို အစာကျွေးပါ။

ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာဖိအားပေးမှုတချို့နဲ့  ကြုံနေရတဲ့ကာလဖြစ်ပါတယ်။ အသေးစိတ် ကအစ ဂရုစိုက်လုပ်ကိုင်နေရတဲ့အတွက် ပင်ပန်းနေပါမယ်။ ဒါပေမဲ့ လုပ်စရာရှိတာတွေကို အချိန်မဆွဲပါနဲ့။ မကြာခင်မှာ အခက်အခဲတွေအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကူညီမယ့်မိတ်ဆွေကောင်း တွေ့တတ်ပါတယ်။

ယတြာ- ချို့တဲ့ဘိုးဘွားများကို ဆေးဝါးဒါနပြုပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )  
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

စိတ်နောက်ကိုယ်မပါနိုင်တဲ့ ကာလတစ်ခုပါ။ သင့်ကိုယ်သင် ယုံကြည်မှု ထားဖို့ လိုအပ်နေပါတယ်။ အလုပ်မှာ ခါတိုင်းထက်ပိုအာရုံစိုက်ပါ။ ပူးပေါင်း လုပ်ကိုင်ရမယ့်အလုပ်တွေ အကျိုးမပေးသေးပါ။ ခရီးထွက်ရမယ်။ မိတ်ဆွေကောင်း တွေ့မယ့်ခရီးဖြစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာပါမယ်။

ယတြာ- ဘုရားမှာ အောင်သပြေလှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

စိတ်လက်ကြည်လင်စရာတွေနဲ့ ပြည့်နေမယ့်ကာလ ဖြစ်ပါတယ်။ မင်္ဂလာရှိတဲ့သတင်း ကြားရမယ်။ အလုပ်အကိုင် အပြောင်းအရွှေ့ ကြုံရတတ်ပြီး အထက်အရာရှိရဲ့ ကူညီစောင့်ရှောက်မှုကို ခံရတတ်ပါတယ်။ ချစ်သူမရှိသေးတဲ့ မိန်ရာသီဖွားများ မမျှော်လင့်ဘဲ ချစ်သူရတတ်ပါတယ်။ အစားမှားပြီး ဖျားနာတာမျိုးဖြစ်တတ်တာကြောင့် အစားအသောက်ဆင်ခြင်ပါ။

ယတြာ- နေအိမ်ဘုရားမှာ ပန်း၊ရေချမ်း ကပ်လှူပါ။

ဗေဒင်လေးကို သူငယ်ချင်းတွေ ဖတ်ရှုနိုင်ဖို့ SHARE ပေးလိုက်ပါဦးနော်။