ဒီနေရာလေးတွေမှာ ငွေကြေးသုံးစွဲတာ ရပ်လိုက်ရင် ငွေစုနိုင်ပြီ

blank

ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ ကျွန်မတို့က လိုအပ်တယ်လို့ထင်ပြီး သုံးစွဲနေပေမဲ့ တကယ်ချင့်ချိန်ကြည့်လိုက်တဲ့အခါ မသုံးဘဲနေလို့ရတဲ့ အသုံးစရိတ်တွေရှိပါတယ်။ ကျွန်မတို့က အဲဒီအရာတွေကို လိုအပ်ချက်လို့ ထင်နေပေမဲ့ တကယ်တော့ အဲဒီအရာတွေဟာ ကျွန်မတို့လိုချင်ရုံသက်သက်သာသုံးစွဲတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စာချစ်သူတို့အတွက် ငွေကြေးတွေကို စုမိဆောင်းမိဖြစ်ချင်တယ်ဆိုရင် လိုအပ်ချက်နဲ့ လိုချင်စိတ်ကို ခွဲခြားပြီး သိဖို့အရေးကြီးပါတယ်။ ဒါကြောင့် တချို့နေရာလေးတွေမှာ ငွေကြေးသုံးစွဲတာတွေ ရပ်တန့်လိုက်တဲ့အခါ ငွေပိုငွေလျှံတွေများလာမှာဖြစ်ပါတယ်။ ဘယ်လိုနေရာလေးတွေလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ အသစ်အသစ်တွေထွက်တိုင်းဝယ်တာ…

အခုခေတ်မှာ လူအများစုဟာ ဖုန်းအဟောင်းကို ဖုန်းအသစ်နဲ့လဲဖို့၊ အဝတ်အစားတပုံတပင်ကြီး ရှိပါလျက်နဲ့ ဒီဇိုင်းအသစ်တွေထွက်ဝယ်တာမျိုးတွေနဲ့ ငွေပိုတွေကို သုံးနေမိတတ်ပါတယ်။ သင့်အနေနဲ့ ရှိနေတဲ့အရာတွေနဲ့ အဆင်ပြေအောင် နေတတ်လာတဲ့အခါ အသစ်တွေဝယ်မယ့် ပိုက်ဆံလေးတွေက စုငွေလေးတွေ ဖြစ်လာပြီပေါ့။

၂။ အပြင်စာတွေ စားတာ….

စားသောက်ဆိုင်အသစ်တွေ နာမည်ကြီးတိုင်း သွားစားဖြစ်တာ၊ သူများတွေက ကောင်းတယ်လို့ ညွှန်းဆိုဖြစ်လို့ သွားဖြစ်တာတွေဟာ ဖေ့စ်ဘုတ်ပေါ်တင်ဖို့ ဓာတ်ပုံလှလှလေးတွေရလာနိုင်ပေမဲ့ သင့်ဘတ်ဂျတ်ကိုတော့ ဆိုးဝါးစွာ ထိခိုက်စေပါတယ်။ ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အပြင် ပိုက်ဆံအိတ်လေးကိုလည်း ဝိတ်တွေတိုးစေပါတယ်။

၃။ တကယ်သွားမကစားဖြစ်ဘဲ Gym မှာ နှစ်စဉ်ကြေးပေးသွင်းထားတာ….

အားကစားလုပ်တာက ကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်တစိုက်မတ်မတ်လုပ်ဖြစ်မယ်ဆိုမှ Gym တွေမှာ member အဖြစ်ဝင်သင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ ငွေကုန်ကြေးကျမများတဲ့ အားကစားတစ်ခုဖြစ်တာကြောင့် ကျန်းမာရေးလည်းလိုက်စား၊ Gym ရဲ့ နှစ်စဉ်ကြေးတွေလည်းချွေတာနိုင်ဖို့ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ အင်္ကျိတွေဝယ်တာ…

တချို့လူတွေဟာ ကိုယ်လည်းတကယ်မနှစ်သက်ပါဘဲလျက် လျော့ဈေးရတာ၊ဈေးချိုတာ၊ ဒါမှမဟုတ် အခြားသူတွေဝယ်တာ စတဲ့အကြောင်းပြချက်တွေကြောင့် တချို့အဝတ်အစားတွေကို ဝယ်တတ်ကြပါတယ်။ ဈေးသွားတဲ့အခါ ထောင့်စေ့အောင် စဉ်းစားပြီး အဝတ်စားရွေးချယ်ဝယ်ယူရင်တော့ ငွေတွေ မဖြုန်းတီးတော့ပါဘူး။

၅။ ခေတ်နောက်ကို လိုက်လွန်းတာ…

နေရာအသစ်တစ်ခုပေါ်တိုင်းသွားတာ၊ လူသွားများတဲ့နေရာတွေသွားတာ၊ အားလပ်ရက်တွေတိုင်းလျှောက်လည်တာတွေဟာ ငွေတွေကို မသိမသာနဲ့တိုက်စားနေတဲ့အရာလေးတွေပါ။ တစ်ခါတရံစိတ်အပန်းဖြေဖို့ကလွဲရင် အိမ်မှာနားနားနေနေတာက အချိန်မကုန်၊ငွေမကုန်ဘဲ လူသက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၆။ မိတ်ဆုံစားပွဲတိုင်းမှာ တက်ရောက်တာ…

သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာက ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ မိမိအတွက်နဲ့ သူတစ်ပါးအတွက်ရော အကျိုးမရှိစေဘဲ သောက်စားပျော်ပါးတတ်တဲ့ မိတ်ဆွေတွေ၊ အကြောင်းရေရေရာရာမရှိဘဲ မကြာခဏဆိုသလို ကျင်းပနေတဲ့ မိတ်ဆုံစားပွဲတွေကို ရှောင်လိုက်တာဟာ ငွေကြေးကိုတိုက်စားနေတဲ့ ခြလေးတွေကို ဖယ်ရှားထားတာနဲ့ တူပါတယ်။

၇။ Fancy လက်ဝတ်ရတနာတွေကို ဝယ်လွန်းတာ….

ပြန်လည်ရောင်းချလို့မရတဲ့ ဖန်စီလက်ဝတ်ရတနာတွေဟာ သင့်အံဆွဲထဲမှာ များများရှိမနေလည်း သင့်နေ့စဉ်ဘဝအတွက် ဘာမှထူးထူးခြားခြားယုတ်လျော့မသွားပါဘူး။

၈။ တကယ်မသုံးစွဲဖြစ်တဲ့အရာတွေကို ထပ်ကာထပ်ကာဝယ်တာ…

မိတ်ကပ်မလိမ်းဖြစ်တဲ့သူက မိတ်ကပ်တွေဝယ်တာ၊ စကပ်မဝတ်ဖြစ်ဘဲ စကပ်ဝယ်တာ၊ ရေမွှေးမကြိုက်ဘဲ ရေမွှေးတွေဝယ်ဖြစ်တာ စတာတွေကို ရှောင်ရှားလိုက်မယ်ဆိုရင် ငွေလည်းလျှံ၊ အိမ်လည်းရှင်းပြီပေါ့။

၉။ လျှော့ဈေးပေးတဲ့ပစ္စည်းတိုင်းကို လိုက်ဝယ်တတ်တာ…

၅ဝ% discount လို့ တံဆိပ်ကပ်ထားတဲ့ ပစ္စည်းဟာ သင့်အတွက် မလိုအပ်ဘူးဆိုရင် မဝယ်တာက ပိုကောင်းပါတယ်။ သင့်အိမ်မှာထောင့်ကပ်နေရမယ့်ပစ္စည်း၊ အဝတ်ဘီဒိုမှာ ချောင်ကပ်နေရမယ့် အဝတ်အစားတွေအတွက် တစ်ကျပ်တစ်ပြားလေးတောင် အကုန်မခံပါနဲ့။

စာချစ်သူတို့ရေ…. အထက်ပါ အချက်လေးတွေအတိုင်း လိုက်နာကြည့်ပြီး မလိုအပ်ဘဲ ငွေသုံးစွဲမိနေတဲ့ နေရာတွေကို လျှော့ချပစ်လိုက်ရအောင်။ သူငယ်ချင်းတွေကိုလည်း ဝေမျှပေးဖို့ မမေ့ပါနဲ့နော်။