သွေးဆိုတိုင်းနီရမယ်လို့ ဘယ်သူပြောလဲ… သွေးဆိုတာ ရောင်စုံရှိပါတယ်။

blank

ယုံချင်ယုံ၊ မယုံချင်နေပါ။ သတ္တဝါတွေရဲ့ သွေးတိုင်းက အနီရောင်မဟုတ်ပါဘူး။ သတ္တဝါမျိုးစိတ်အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် သတ္တဝါတွေရဲ့ နေထိုင်ကျက်စားမှုနဲ့ ဗီဇကိုလိုက်ပြီး သွေးက အရောင် (၅)မျိုးတောင်ရှိနေတာကို တွေ့ရပါတယ်။

ဒီလိုသွေးအရောင်ကွဲပြားရခြင်းဟာ သွေးရည်ကြည်မှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ အခြားအာဟာရဓာတ်တွေကြောင့် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သွေးတွေက ဒီလိုထူးထူးဆန်းဆန်းအရောင်တွေရှိတယ်ဆိုတာကို သတ္တဝါလေးတွေကို ဓားနဲ့လှီးပြီး သွေးထွက်တဲ့အခါမှသာ သိမြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အချို့သွေးတွေဟာ လေထဲမှာပါတဲ့ အောက်ဆီဂျင်နဲ့ထိတွေ့မှ ဓာတ်ပြုပြီး အရောင်ပြောင်းသွားတာဖြစ်ပါတယ်။

ကဲ… သွေးအရောင် (၅)ရောင်က ဘာအရောင်တွေလဲ။ ပြီးတော့ ဘယ်သတ္တဝါတွေမှာ ဘာသွေးအရောင်တွေရှိနေလဲဆိုတာကို သိနိုင်ဖို့ ဆက်လက်ဖတ်ရှုကြည့်ရအောင်။

၁။ အနီရောင်သွေး

လူနဲ့ အခြားကျောရိုးရှိသတ္တဝါအများစုရဲ့ သွေးတွေက အနီရောင်ဖြစ်ပါတယ်။

သွေးထဲမှာပါဝင်တဲ့ ပရိုတင်းနဲ့ အခြားဓာတ်တွေကြောင့် အနီရောင်ဖြစ်နေရတာဖြစ်ပါတယ်။ သွေးကြောထဲကသွေးတွေက အနီရင့်ရောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရပြီးထွက်လာတဲ့သွေးတွေက အောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါမှာတော့ အနီရဲရဲအရောင်ပြောင်းသွားပါတယ်။

၂။ အဝါရောင်သွေး

ချေးပိုးထိုးကောင်၊ ပင်လယ်မျှော့တွေနဲ့ sea squirt တွေရဲ့ သွေးက အဝါရောင်ဖြစ်ပါတယ်။

ဒီသတ္တဝါလေးတွေရဲ့သွေးထဲမှာ vanabin ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါမှာ အဝါရောင်အဖြစ်ပြောင်းသွားပါတယ်။ Vanadin ဓာတ်ရဲ့ လုပ်ဆောင်ချက်ဟာ သွေးတွင်းအောက်ဆီဂျင်ကို သယ်ဆောင်ပေးတာမဟုတ်ပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုကဘာလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ အဖြေရှာနေကြတုန်းပါပဲ။

၃။ အစိမ်းရောင်သွေး

မျှော့၊ ကျွတ်နဲ့ တီကောင်မျိုးနွယ်ဝင် သတ္တဝါလေးတွေရဲ့ သွေးက အစိမ်းရောင်ဖြစ်ပါတယ်။

ဒီသတ္တဝါလေးတွေရဲ့ သွေးထဲမှာ chlorocruorin ဆိုတဲ့ ပရိုတင်းဓာတ်ပါတာကြောင့် အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါမှာ အစိမ်းရောင်ပြောင်းသွားပါတယ်။ ဒါပေမဲ့ chlorocruorin ပါဝင်မှုအရမ်းများသွားရင်တော့ အစိမ်းရောင်မပြောင်းဘဲ အနီရောင်ပြောင်းသွားတတ်ပါတယ်။     ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အပြာရောင်သွေး

ပင့်ကူ၊ ပင်လယ်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါးနဲ့ အချို့ပင်လယ်ခရုတွေရဲ့ သွေးက အပြာရောင်ဖြစ်ပါတယ်။

မူလသွေးအရောင်က အရည်ကြည်ဖြစ်ပေမဲ့လည်း သွေးထဲမှာ ကော့ပါးဓာတ်ပါဝင်မှုများပြားတာကြောင့် အောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါ အပြာရောင်ပြောင်းသွားရခြင်း ဖြစ်ပါတယ်။

၅။ ခရမ်းရောင်သွေး

ကမာကောင်၊ penis worm၊ peanut worm စတဲ့ ပင်လယ်တီကောင်မျိုးစိတ်တွေရဲ့ သွေးက ခရမ်းရောင်ဖြစ်ပါတယ်။

ပင်လယ်ရေအောက်က ကျောရိုးမဲ့သတ္တဝါတွေရဲ့ သွေးထဲမှာ hemerythrin လို့ခေါ်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါမှာတော့ hemerythrin က ပန်းခရမ်းရောင်အဖြစ် ပြောင်းလဲသွားပါတယ်။

ထူးထူးဆန်းဆန်းဗဟုသုတလေးတွေဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။