တစ်ခါတုန်းက မေမေကုလားအုတ်ကြီးနဲ့ သားကုလားအုတ်လေးတို့ဟာ သစ်ပင်တစ်ပင် အောက်မှာ အတူလဲလျောင်းနေကြပါတယ်။ အဲ့ဒီမှာ သားကုလားအုတ်လေးက မေမေကုလားအုတ် ကြီးကို မေးခွန်းတစ်ခွန်းစမေးတယ်။
“ မေမေရေ… ဘာဖြစ်လို့ ကုလားအုတ်တွေမှာ ကျောကုန်းဘို့ကြီးတွေ ရှိနေကြတာလဲဟင် ”
မေမေကုလားအုတ်ကြီးက ခဏစဉ်းစားပြီးတော့ “ ဒါက ဒီလိုရှိတယ်သားရဲ့။ မေမေတို့တွေဟာ သဲကန္တာရမှာ နေထိုင်ကျက်စားကြရတဲ့တိရစ္ဆာန်တွေဆိုတော့ ရေကိုသိုလှောင်ဖို့အတွက် ကျောကုန်း ဘို့ကြီးတွေပါရတာပါ။ ဒါကြောင့်လည်း မေမေတို့က သဲကန္တာရထဲမှာရေနည်းနည်းလေးပဲရလည်း အ သက်ရှင်နိုင်ကြတာပေါ့ ”
သားကုလားအုတ်လေးက ခဏစဉ်းစားလိုက်ပြီး “ ကောင်းပါပြီ။ ဒါဖြင့် သားတို့ရဲ့ခြေတံတွေ ကကော ဘာလို့ ဒီလောက်ရှည်ပြီး ခြေထောက်တွေကလည်း လုံးဝန်းနေရတာလဲ” လို့ ဆက်မေး တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ဒါနဲ့ မေမေက “ အဲ့ဒါကတော့ သဲကန္တာရထဲမှာ လမ်းလျှောက်လို့ရအောင်ပေါ့ သားရဲ့” လို့ ပြန် ဖြေတယ်။
သားကုလားအုတ်လေးက နောက်တစ်ခုဆက်မေးပြန်ပါတယ်။
“ သားတို့ရဲ့ မျက်ခန်းတွေကလည်း ဘာလို့ရှည်နေတာလဲ။ တစ်ခါတလေဆို သားတို့မျက်လုံး တွေကိုတောင် ပိတ်တယ် ”
မေမေကုလားအုတ်ကြီးကလည်း စိတ်ရှည်လက်ရှည်ဖြေရှာပါတယ်။
“ မျက်ခွံတွေရှည်လျားရတဲ့အကြောင်းရင်းကတော့ လေတိုက်တဲ့အခါ မေမေတို့မျက်လုံးထဲကို သဲတွေမဝင်အောင် ကာကွယ်ပေးဖို့ပေါ့ ”
သားလေးဟာ စဉ်းစားပြီးရင်း စဉ်းစားနေတယ်။ ပြီးတော့ ဆက်မေးပြန်တယ်။
“ သား သိပါပြီ။ ဒါဆို ဘို့က သားတို့သဲကန္တာရထဲမှာရှိတဲ့အခါ ရေကို သိုလှောင်ဖို့၊ ခြေတံတွေ ရှည်တာက သဲတွေထဲလျှောက်ဖို့၊ မျက်ခွံမွှေးတွေရှည်တာက သဲတွေမဝင်အောင် ကာကွယ်ဖို့ပေါ့နော်။ သားနားမလည်တာတစ်ခုက အဲ့ဒီအရာတွေရှိနေရက်နဲ့တောင် သားတို့က ဘာလို့ တိရစ္ဆာန်ရုံထဲနေနေ ရတာလဲဟင် ”
ပုံပြင်လေးက ရိုးရိုးစင်းစင်းလေးပေမဲ့ တွေးစရာအချက်လေးကတော့ လေးနက်လှပါတယ်။ တ ကယ်တော့ ကျွမ်းကျင်မှုနဲ့အရည်အချင်းတွေဆိုတာ သူ့နေရာနဲ့သူထားရှိမှ အံဝင်ခွင်ကျဖြစ်ပြီး အသုံး တည့်တာပါ။ ဒီလိုမှမဟုတ်ရင် အချည်းနှီးပါပဲဆိုတာကို ပုံပြင်လေးက မီးမောင်းထိုးပြသွားပါတယ်။
ဂန္ထဝင်ချစ်ပရိသတ်ကြီးအားလုံးလည်း မိမိတို့အရည်အချင်းတွေကို သူ့နေရာနဲ့သူ အသုံးချနိုင် တဲ့လွတ်လပ်ပျော်ရွှင်သောဘဝကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။