လက်ရှိပန်းတိုင်အတွက် ဂုဏ်ယူလိုက်ပါ။ ပြီးရင် ပိုမြင့်မားတဲ့ပန်းတိုင်သစ်ဆီ ရှေ့ဆက်သွားလိုက်ပါ။

blank

လောကကြီးမှာ လူအများစုပြောလေ့ရှိကြတဲ့စကားတစ်ခွန်းရှိပါတယ်။

“ ထိပ်ဆုံးထိရောက်အောင် ကြိုးစားနေတယ်။ အဲ့ဒီကို မရောက်မချင်းကြိုးစားသွားမယ်” ဆိုတဲ့ စကားပါ။ တကယ်တော့ စစ်မှန်တဲ့အောင်မြင်မှုမှာ ထိပ်ဆုံးဆိုတာမရှိပါဘူး။ တကယ်အောင်မြင်နေတဲ့ သူတွေကလည်း သူတို့ရဲ့ကြိုးစားမှုခရီးကို ဘယ်တော့မှရပ်တန့်မပစ်လိုက်ကြပါဘူး။

သူတို့တွေဟာ…

  • ပန်းတိုင်တစ်ခုကို ရောက်ရှိတဲ့အခါ နောက်ထပ်ပိုမိုမြင့်မားတဲ့ပန်းတိုင်တစ်ခုကို ရှေ့ဆက် ရှာဖွေကြတယ်။
  • တောင်ထိပ်တစ်ခုကိုရောက်ရှိတဲ့အခါ ပိုမိုမြင့်မားတဲ့တောင်ထိပ်တစ်ခုကိုရှာဖွေဖို့ ကြိုးစား ကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဟာ အောင်မြင်မှုခရီးရဲ့ အဓိပ္ပာယ်စစ်စစ်ပဲဖြစ်ပါတယ်။ သူတို့တွေဟာ တိုးတက်ခြင်းနောက် ကို မျက်ခြေမပြတ်လိုက်ပါဖို့ပဲ ကြိုးစားကြတယ်။ တိုးတက်ကြီးပွားမှုကို အမြဲတမ်းရှာဖွေနေကြတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ ဘဝကို ခွန်အားကြီးမားအောင်တည်ဆောက်သွားကြတယ်။ စိတ်ချမ်းသာပျော်ရွှင်ဖွယ်ဘဝကို ဖန်တီးသွားကြတယ်။ သူတို့အတွက် အောင်မြင်မှုဆိုတာ ဒီနေ့မှာ ဒီနေရာလေးရောက်ဖို့ ဒီလောက်ဝေးတဲ့ခရီးကို ထွက်လာခဲ့ကြတာမျိုးမဟုတ်ပါဘူး။ ရရှိလာတဲ့ အတွေ့ အကြုံတွေကို ကြံ့ခိုင်မှုအဖြစ်အားယူပြီး ပိုပိုကောင်းမွန်တဲ့ အောင်မြင်မှုများဆီ မရပ်မနားလှမ်းတက် သွားကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သင်လည်းစစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေနေသူတစ်ဦးဆိုရင်…

  • လက်ရှိသင့်နေရာအတွက် ဂုဏ်ယူလိုက်ပါ။ ဒါပေမဲ့ ဒီလောက်နဲ့အခြေမချလိုက်ပါနဲ့။
  • သင့်အောင်မြင်မှုအတွက် ဂုဏ်ယူလိုက်ပါ။ ဒါပေမဲ့ နောက်ထပ်အောင်မြင်မှုတွေယူဖို့ မရပ်တန့်လိုက်ပါနဲ့။
  • သင့်ကြိုးစားခဲ့မှုတွေအတွက် ဂုဏ်ယူလိုက်ပါ။ ဒါပေမဲ့ ကြိုးစားမှုတွေကို မရုတ်သိမ်းပစ် လိုက်ပါနဲ့။

အောင်မြင်မှုဆိုတာ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးတစ်ခုပါ။ ဒါကြောင့် ခွန်အား အပြည့်နဲ့သာ ရှေ့ဆက်လျှောက်လိုက်ပါနော်။

စိတ်ဓာတ်ခွန်အားတွေကို မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦး။