(၂၅) နှစ်အရွယ်နှင့် ရှားပါးခြင်းနှင့်ရွေးချယ်မှုပြဿနာ

blank
ဂန္ထဝင်ပရိသတ်ကြီးရေ….

လေ့လာမှုတွေအရ အသက်(၂၅) ကျော်လာသူတွေဟာ အသက်(၂၅) နှစ် အောက်လူတွေထက် လက်ထပ်ဖို့ ရာခါနှုန်းတွေ နည်းသွားတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ဘာကြောင့်လွယ်လွယ်နဲ့ လက်မထပ်တော့တာလဲဆိုတော့…

အသက်(၂၅) ကျော်လာတဲ့အခါ…

ကိုယ့်ကိုယ်ကိုအကောင်းဆုံးသုံးသပ်နိုင်ပြီး ကိုယ်တည်ဆောက်ချင်တဲ့ဘဝကိုလည်း တိတိကျကျသိလာပါတယ်။ နှလုံးသားထက် ဦးနှောက်ကို အသားပေးလာပြီး လက်တွဲဖော်တစ်ယောက်မှာရှိချင်တဲ့ အရည်အသွေးတွေကိုလည်း မလျှော့ချင်တော့တာကြောင့် လက်ထပ်ဖို့ တုံ့ဆိုင်းလာပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ….

အကောင်းအဆိုးကို ကောင်းကောင်းဝေဖန်သုံးသပ်လာနိုင်တဲ့အပြင် အတွေးတွေကလည်း နက်နဲလာပါတယ်။ “အိမ်ထောင်တစ်ခု တည်ထောင်ပြီးတဲ့အခါ” ဆိုတဲ့ အကြောင်းကို ပြင်ဆင်တွေးတောရင်း လက်ထပ်ဖို့ရက်ရွှေ့လရွှေ့ဖြစ်လာတော့တယ်။

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ….

ဆင်ခြင်တုံတရားတွေ ပိုမိုကောင်းမွန်လာပြီး ကောင်မလေးတစ်ယောက်ကို လွယ်လွယ်နဲ့ မပိုးပန်းတော့သလို၊ မိမိကိုပိုးပန်းလာတဲ့ကောင်လေးတစ်ယောက်ကိုလည်း အလွယ်တကူ လက်မခံတတ်တော့ပါဘူး။ ဒါကြောင့် လူငယ်တွေလို လက်ထပ်ဖို့ ချက်ခြင်းမဆုံးဖြတ်တော့တာဖြစ်ပါတယ်။

အသက်(၂၅) ကျော်လာတဲ့အခါ….

စိတ်ကူးအိပ်မက်တွေထက် လက်တွေ့သဘောတွေကို အသားပေးတတ်လာပါတယ်။ အချစ်တစ်ခုတည်းကို ဦးစားမပေးတော့ဘဲ  မိမိဘဝနဲ့ကိုက်ညီတဲ့သူကို ရွေးချယ်ချင်ကြတာကြောင့် အနာဂတ်အတွက် စဉ်းစားတတ်တဲ့ ဒီအရွယ်မှာ လက်ထပ်ဖို့လွယ်လွယ်နဲ့ စိတ်မကူးတော့ပါဘူး။

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ…..

ဘဝမှာသင့်တင့်တဲ့အတွေ့အကြုံတွေလည်း ရှိုလာတဲ့အတွက် နှလုံးသားနဲ့ ဦးနှောက်ကို အချိုးညီညီထိန်းသိမ်းလာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်လွယ်ပျက်လွယ်တဲ့ အချစ်ရေးတွေကို မတည်ဆောက်ချင်တော့ပါဘူး။

အသက်(၂၅) နှစ်ကျော်လာတဲ့အခါ…..

မိမိနဲ့ သင့်တော်လိုက်ဖက်တဲ့သူတွေ ရှားပါးလာပါတယ်။ သင့်တော်လိုက်ဖက်တဲ့သူရှိပြန်တော့လည်း ချစ်ဖို့မလွယ်ကူတော့ပြန်ဆိုတော့ လက်ထပ်ဖို့တွန့်ဆုတ်လာပါတော့တယ်။

အသင်(၂၅) နှစ်ကျော်လာတဲ့အခါ…..

အသည်းကွဲဇာတ်လမ်းတွေအကြောင်း ကြားရတာတွေများလာပါတယ်။ အချစ်ရေးတစ်ခုကိုတည်ဆောက်ပြီး ကံမကောင်းအကြောင်းမလှခဲ့ရင် အသည်းကွဲရမှာကိုကြောက်လာပါတယ်။ ဒါကြောင့်လည်း နှလုံးသားတံခါးကိုလွယ်လွယ်ကူကူမဖွင့်ရဲတော့ဘဲ ချစ်သူရွေးတာနှေးသွားတော့တာပေါ့။