အမေရိကန်နိုင်ငံမှာ cosmetologist အဖြစ် ရပ်တည်အောင်မြင်နေတဲ့ မြန်မာနိုင်ငံသူ Victoria Hunny Wynn နဲ့ တွေ့ဆုံခြင်း

blank

ယနေ့ခေတ်ရဲ့ မြန်မာအမျိုးသမီးတွေဟာ မြန်မာနိုင်ငံမှာကျော်ကြားရုံသာမက ကမ္ဘာကိုပါ ထိုးဖောက်ဖို့ ကြိုးစားနေကြပါပြီ။ အခုလည်း တောင်ကြီးသူတစ်ယောက်ဖြစ်ပေမဲ့ အမေရိကန်နိုင်ငံမှာ ဝါသနာကိုအရင်းပြုပြီး Cosmetologist အဖြစ်ရပ်တည်နေရုံသာမက T.O.R.I Cosmetics ကို ထုတ်လုပ်ဖြန့်ချိပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူတစ်ဦးရှိပါတယ်။ သူကတော့ Victoria Hunny Wynn လို့ အများသိကြတဲ့ မဟန်နီဝင်းဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားမှု၊ အတွေ့အကြုံလေးတွေကို ဖတ်ကြည့်လိုက်ရအောင်။

၁။ မင်္ဂလာပါ အစ်မရေ။ အရင်ဆုံး အစ်မအကြောင်းလေးကို ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး။

မင်္ဂလာပါရှင့်။  ကျွန်မက သာမန် မိသားစုကဆင်းသက်လာပြီး သားနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီတာဝန်အပြင်တော့Washington , DC area မှာနေပြီး Beauty professional (makeup artist and hair dresser) အနေနဲ့ full time လုပ် နေခဲ့တာ ၁၆ နှစ်ရှိပါပြီ။  product educator, Cosmetics company အပိုင်းကိုလဲ manage လုပ်ပါတယ်။

၂။ အစ်မရဲ့ education background အကြောင်းလေးရယ်၊ အစ်မရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပါဦးနော်။

၁ဝ တန်းကို အထက (၄) တောင်းကြီးမြို့မှာ ၁၉၉၆ မှာပြီးပါတယ်။ Collage ကို Essex Community Collage မှာ two years associate degree နဲ့ UMBC (University of Maryland Baltimore County) ကနေ Graphic Design ကို Bachelor Degree, Cosmetology School ကိုလည်း ၂ဝဝ၁ မှာ တစ်ချိန်တည်းပဲ Graduate ဖြစ်ပါတယ်။

၃။ အစ်မ မြန်မာနိုင်ငံကနေ US မှာ စတင်အခြေချဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြောပြပေးပါဦးနော်။

US ကို  ကိုယ်ရွေးချယ်ပြီးသွားချင်ခဲ့တာတော့ မဟုတ်ပါဘူး။ အဖေကိုယ်တိုင် ၁၉၈၉  အလုပ်သွားလုပ်ဖို့ထွက်သွားပြီးတော့ ၁၉၉၆ high school အပြီးမှာ Collage တွေ လဲ ပိတ်ထားတာ တော်တော်ကြာတာနဲ့ မိဘတွေ စာသင်ဖို့ ပို့လို့ ရောက်သွားပါတယ်။

၎။ Cosmetology ကို စတင်လေ့လာဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦးနော်။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံမှာတော့ ဒီ profession ကို အသက်မွှေးဝမ်းကြောင်းပြုတဲ့ ဘာသာရပ်တစ်ခုအနေနဲ့ အတည်ပြုသက်မှတ်ထားခြင်းမရှိတဲ့အတွက် Cosmetologist တွေဘာတွေလုပ်လဲ ဆိုတာကို ဗဟုသုတမရှိကြပါဘူး။

အထက်တန်းကျောင်းလောကမှာကတည်းက  ဝါသနာပါသူမို့ မိဘတွေအတိုက်ခံကြားကနေ ဒီ အလုပ်က US   မှာ professional အလုပ်ဆိုတာကို သိသွားတာနဲ့ တစ်စိုက်မှတ်မှတ်စည်းပူးခဲ့တာပါ။

Graham Webb Hair Academy နဲ့ Aspen Beauty Academy ကို ၂ဝဝဝမှာ စတက်ခဲ့ပါတယ်။ Junior students, senior students ခွဲထားပြီး အပတ်စဉ် written exam နဲ့ practical ဖြေဆိုရပါတယ်။ လေ့လာရတဲ့ဘာသာရပ်တွေက 1) Life skill, 2.Communicating for success, 2) General science 3) General Anatomy (ခန္ဓာဗေဒ), 4) Physiology (ဇီဝကမ္မဗေဒ), 5) Skin structure, 6) Skin disorder and disease, 7) Nails/ nails disorder, 8) Properties of hair and scalp, 9) Basic Chemistry 10) Principles of hair design, 11) Manicure\ Pedicure, 12) Business skills ဆိုတဲ့ သင်ခန်းစာကို ကျက်မှတ်ရပါတယ်။

Cosmetology school မှာ နာရီ ၁၆ဝဝ ပြီးအောင်တက်ပြီးရင် graduate ဖြစ်ပါတယ်။ ဒါပေမယ့် graduate ဖြစ်ပြီးတိုင်း အလုပ်ဝင်လို့မရသေးပါဘူး။ အစိုးရမေးတဲ့ written exam နဲ့ practical ကို သက်မှတ်ထားတဲနေရမှာ Board Certified  ဖြစ်ဖို့အတွက်သွားဖြေရပါတယ်။ အောင်ပြီဆိုမှ License ထုတ်ပေးပါတယ်။

အစိုးရစစ်မှာ written ကျရင်လည်း ၂ မျိုးလုံး ထပ်ဖြေရပါတယ်။ အကြိမ်ရေ အကန့်အသတ် မရှိဖြေဆိုနိုင်ပါတယ်။ ဒါပေမဲ့  ဖြေဆိုတိုင်း application fees $၇၅ ပေးရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ Cosmetic လောကမှာ နေရာတစ်နေရာရဖို့ ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးပါဦးနော်။

အချိန်၊ Continuing eduction အများကြီး နဲ့ practice တွေလိုအပ်ပါတယ်။ ဇွဲရှိပြီး ယုံကြည်မှုကို build လုပ်ရပါတယ်။ အလုပ်ပေါ်မှာ commitment ထားရပါမယ်။  ဒီ cosmetologist အလုပ်က service အလုပ်ဖြစ်တဲ့အတွက်ကြောင့် မေတ္တာ စေတနာ အဓိကထားပြီး ကိုယ့်ဖက်က ပေးနိုင်သမျှအကောင်းဆုံး ဝန်ဆောင်မှုပေးရပါတယ်။ Worth of mouth ဆိုသလို တဆင့်စကားကနေ referrals များကြီးရသွားတာပါ။ ခုချိန်ထိလဲ  new clients လက်ခံပေးပါသေးတယ်။

၆။ Cosmetologist တစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဝေမျှပေးပါဦး။

Cosmetologist ထဲ မှာကို 1. Hairstylist/ colorist  2. Esthetician 3. Nails technician 4. Makeup artist ဆိုပြီး ကိုယ် အားသန်ရာက်ု specialize  ပြန်လုပ်ရပါတယ်။ License ရတာနဲ့လဲမပြီးပါဘူး၊ advance training တွေ conference တွေ တက်ပြီး 2018 spring ဆိုရင် ခေတ်စားလာမယ့် trend တွေကိုကြိုတင်လေ့လာရပါတယ်။ ဒီ  United States က အကြီးကြီးဖြစ်တဲ့အတွက်ရယ်၊ ကိုယ့်လို ambitious ဖြစ်တဲ့သူ များတာတွေကြောင့်ရယ်  ကိုယ်က minority Asian ဖြစ်နေတာကြောင့် သူများထက်ကိုပိုပြီး ပေးဆပ်ခဲ့ရတာတော့ အမှန်ပါ။

ဘယ်လို အခက်ခဲတွေလဲ ဆိုတော့  ပထမဦးစွာ စလုပ်ရင် (licensed စရခါစ) Clientele မရှိသေးတဲ့ အတွက်၊ တစ်နေ့ကို တစ်ပြားမှ မရှာနိုင်တဲနေ့တွေရှိမယ်၊  ဒီမှာက commission base  ၅ဝ/၅ဝ လေ။ ဒါကြောင့် ကိုယ်ဒီနေ့ ၃ ယောက် ကို service ပေးရင် ဒီ ၃ ရောက်ကိုလဲ ကိုယ့်ဆီပြန်လာအောင်လုပ်နိုင်ရမယ် နောက်တစ်ခုက အဲ့ဒီ ၃ ယောက်က နေ ၁၂ ဖြစ်အောင် လုပ်ရမှာကိုယ့်တာဝန်ပါ။  Established ဖြစ်သွားတဲ့သူတစ်ယောက်ရဲ့အခက်ခဲကတော့  ရှိနေဆဲ clients တွေကို keep လုပ်နိုင်ဖို့  ၊လျော့နည်းမသွားစေအောင် ကြိုးစားရပါတယ်။

၇။ T.O.R.I Cosmetics စတင်ထုတ်လုပ်ဖြစ်ခဲ့ပုံလေးတွေကိုလည်း ပြောပြပေးပါဦးနော်။

၂ဝဝဝ ခုနှစ်, ၂ဝဝ၅, ၂ဝဝ၇ တွေမှာ ကိုယ့်အမိမြေပြန်လာတိုင်း  ပုံမှန် အရည်သွေး beauty products/cosmetics တွေကို ခက်ခက်ခဲခဲ ရတဲ့လစာလေးတွေနဲ့ overpriced ဖြစ်နေတဲ့ ပစ္စည်းတွေကို ဝယ်သုံးနေတာတွေ့ရတာတစ်ကြောင်း၊ ဆိုးရွားတဲ့ chemical တွေနဲ့ ပြုလုပ်ထားတဲ့ မိတ်ကပ် တချို့တွေကို အပြစ်မဲ့ စားသုံးသူတွေသုံးပြီး အသားရည်များပျက်စီးတာကို တွေ့ရတာက တစ်ကြာင်း၊ ကိုယ်တိုင်ကလဲ ဒီ Industry မှာပိုင်နိုင်နားလည်သူ ဖြစ်နေတာက တစ်ကြောင်း ကိုယ့်နိုင်ငံက အမျိုးသမီးတွေ professional quality ကို ပေးတဲ့ဈေးနဲ့ တစ်စက်လည်း တန်ဖိုးရှိပြီး makeup ရည် တစ်စက်နဲ့ တန်တဲ့ quality မျိုးကို ပေးချင်တာကြောင့်ပါရှင့်။

၈။ T.O.R.I Cosmetics ကို စတင်ထုတ်လုပ်ပြီး အခုလို ဈေးကွက်ဖြန့်ချိတဲ့အထိ အခက်အခဲတွေတော့ အနည်းနဲ့အများကြုံရမှာပေါ့နော်။ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

ဟုတ်ကဲ့ပါ။ Worldwide well-knowned ဖြစ်တဲ့ brand မဟုတ်တာရယ်။ Background မသိသေးသူတွေ၊ ကျွန်မကို သေချာ မသိသေးတဲ့အတွက် အရမ်းကို စိတ်ရှည်ထားရပါတယ်။ T.O.R.I ရဲ့ parent Company က LA မှာရှိပါတယ်။ ကျွန်မတို့ Artists တွေ ရဲ့ creation တွေ နဲ့ 2008 မှာ တည်ထောင် ထုတ်ထားတဲ့ company ဖြစ်တယ်။ Trade-show , makeup school နဲ့ professionals တွေ ကို LA showroom ကနေ ရောင်းပေးပါတယ်။  အခုဆိုရင် high-end brand ပေါင်း ၂ဝဝကျော် ထုတ်ပေးခဲ့ပြီးပါပြီ။ US က lab မှာ formula ဖော်စပ်ပြီး US FDA qualified ဖြစ်တဲ့ ingredients နဲ့သာပြုလုပ်ထားတာဖြစ်တဲ့အတွက် အရည်သွေးကိုအပြည့်အဝ တာဝန်ယူပါတယ်။

၉။ အခက်အခဲတွေကြုံရတဲ့အချိန်မှာ ဘယ်လိုကျော်လွှားခဲ့လဲ။

မကျော်လွှားခင်မှာတော့ ခဏခဏ စိတ် လျော့ပစ်ပြီး အိမ်မှာ အချိန်ပြည့်ပဲ ကလေးထိန်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်နေရင်းပန်းတိုင်ထိသွားချင်သူမို့   မှတ်တိုင်တစ်ခုစီမှာတွေ့ရတဲ့အခက်ခဲလည်း စိတ်အေးအေးနဲ့ပဲ ဖြတ်သန်းပါတယ်။

၁ဝ။ အစ်မကို motivated  ဖြစ်စေတာ ဘယ်အရာတွေလဲ။

ကျွန်မရဲ့ အမေ နဲ့။ ကျွန်မရဲ့ဘဝမှာ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာ၊ ရည်မှန်းထားတာတွေကို ဖြစ်လာချင်တာကြောင့်၊ ရင်ထဲမှာရှိနေတဲ့ goals တွေကြောင့်ပါ။

၁၁။ US မှာ အခြေချတဲ့အခါ culture ချင်း မတူတာကြောင့် ကြုံရတဲ့ အတွေ့အကြုံလေးတွေကိုလည်း ပြောပြပေးပါဦးနော်။

Discrimination (ခွဲခြားဆက်ဆံခြင်း) က US မှာမှမဟုတ်ပါဘူး။ ကိုယ့်မြန်မာနိုင်ငံမှာတောင်ကြုံတွေ့ရတာကြောင့်၊ ကျွန်မအနေနဲ့ ပြောချင်တာက ဘယ်လူမျိုး၊ ဘယ်အသားရောင်ပဲဖြစ်ဖြစ်၊ သွေးသားနဲ့တည်ဆောက်ပြီး သွေးထွက်တာ အတူတူ၊ ဘယ်သက္တဝါ ကမှ ကမ္ဘာမြေပေါ်ကနေ အသက်ရှင်လျှက် ထွက်ခွာသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မ တော့ အတတ်နိုင်ဆုံး ကိုယ်က စပြီး ခွဲခြားမဆက်ဆံမိဖို့ပဲ နေပါတယ်။

၁၂။ သားလေးတွေကို မြန်မာနိုင်ငံအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်းကို သင်ပေးမှာပေါ့နော်။ ဘယ်လိုလေးတွေ သင်ပေးလေ့ရှိလဲ။

သင်ပေးပါတယ်။ အိမ်မှာလဲ မြန်မာလိုကြိုးစားပြီးပြောခိုင်းပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာလည်း မြန်မာပြည်ကိုခေါ်လာပါတယ်။

၁၃။ အစ်မရဲ့ parenting style လေးကို ဝေမျှပေးပါဦး။

ကလေးရဲ့ personality (ပင်ကိုယ်စရိုက်) က ကလေးတစ် ဦးချင်းစီမှာမတူတဲ့အတွက် ၊ discipline လုပ်တာလည်း ကွဲသွားရတယ်။ သားတွေကိုတော့ လူတွေရဲ့တန်ဖိုး၊ ယောက်ျားကောင်းတွေဖြစ်လာဖို့၊ အမျိုးသမီးတွေကို respect ထားဖို့၊ ပြောပြပါတယ်။ စကားနားမထောင်ရင် ဒဏ်ပေးတယ်။ ကိုယ့်ကလေးကိုလည်း သူတစ်ပါးကလေးတွေနဲ့  မယှဉ်ပါဘူး။

၁၄။ သားလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုမျှော်မှန်းထားလဲ အစ်မ။

သူတို့ကိုတော့ ကောင်းမွန်တည့်မတ်တဲ့ လမ်းကြောင်း လေးတော့လုပ်ပေးမယ်။ ဒါပေမဲ့ သူတို့  ရွေးချယ် ပြီးဖြစ်ချင်တဲ့ လုပ်ချင်တဲ့ အလုပ်ကို 100% အားပေးမယ့်အမေတစ်ယောက်ပဲဖြစ်ချင်ပါတယ်။

၁၅။ အစ်မ အားလပ်ချိန်တွေကို ဘယ်လိုကုန်ဆုံးလေ့ရှိလဲ။

အိမ်ရှင်း၊ ဟင်းချက် ပါတယ်။ အလုပ်မလုပ်နေရင်ပေါ့နော်။ အရင်ကတော့ gym ကို သွားပြီး၊ bodypump, body combat,  နဲ့ yoga သွားဆော့ပါတယ်။ ခုတော့ မြန်မာနိုင်ငံက TORI fan တွေ စီပဲ လာဖြစ်နေတယ် workation လေးပေါ့နော်။

၁၆။ အစ်မခံယူထားတဲ့ perfect life ဆိုတာ ဘယ်လို life မျိုးလဲ။

ကိုယ်အနေချင်ဆုံး ပုံစံ ဘဝနဲ့ နေထိုင်သွားရရင်ကျေနပ်ပါပြီ။ ဘုရားသခင်က ကြွယ်ဝ ဆင်းရဲ ချမ်းသာ လူတစ်ဦးချင်းကိုပြည့်စုံအောင်မထားထားပါဘူး။

၁၇။ အောင်မြင်မှုကို ရယူနိုင်ဖို့ လူတစ်ယောက်မှာ ဘာတွေလိုအပ်တယ်လို့ အစ်မထင်ပါသလဲ။

၁။ ဇွဲ ရှိရမယ်။

၂။ ပယ်ချ ခြင်းကို ခံနိုင်ရမယ်။

၃။ ပြောင်းလဲမှုတွေ (Changes) ခံနိုင်ရမယ်။

၎။ ဝေဖန်မှု (Criticisms )ခံနိုင်ရမယ်။

၅။ ကိုယ့်ကိုယ့်ကို ဝေဖန်သုံးသပ်ရမယ်။ ဘယ်နေရာမှာ အားနည်းတယ်၊ အားသာနေတယ်ဆိုတာစမ်းစစ်ရမယ်။  (Self-evaluation)

၁၈။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ဂန္ထဝင်စာဖတ်ပရိသတ်ညီမငယ်လေးတွေကို အကြံပေးစကားလေးတွေ ဝေမျှပေးပါဦးနော်။

လူငယ်ဆိုတဲ့အချိန်ကာလဟာ  ကိုယ့်ကိုစောင့်နေမှာမဟုတ်တဲ့အတွက်ကြောင့်၊ လူငယ်ဆိုတဲ့အချိန်ကာလဟာ ကိုယ့်ကိုစောင့်နေမှာမဟုတ်တဲ့အတွက်ကြောင့်၊ ဘုရား Energy ပေးထားတဲ့ အချိန်မှာ ဒီနေ့ထက် မနက်ဖြန်က ပိုပြီးအဓိပ္ပာယ်ရှိအောင်နေသွားကြပါလို့” ပြောချင်ပါတယ်။

စာချစ်သူတို့ရေ…

`        မိမိယုံကြည်ရာတွေကို ဇွဲနဘဲကြီးစွာပုံဖော်နေတဲ့ မ Victoria Honey Wynn ရဲ့ အကြောင်းကို ဖတ်ရင်း စာချစ်သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေမြှင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာချစ်သူတို့လည်း အောင်မြင်မှုတွေကို ဆွတ်ခူးရရှိနိုင်ကြပါစေနော်။