ကျောက်မျက်တစ်ပွင့်ကို ရွေးလိုက်ပါ… သင့်ရဲ့အမူအကျင့်တွေကို ခန့်မှန်းပြောပြပေးပါမယ်

blank

ဂန္ထဝင်ပရိသတ်ကြီးရဲ့ အမူအကျင့်လေးတွေကို ခန့်မှန်းပြမယ်ဆိုရင် ယုံမလား။ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ ပုံလေးထဲက ကျောက်မျက်ရတနာ (၆)မျိုးထဲကနေ တစ်မျိုးကို တစ်စက္ကန့်အတွင်း မြန်မြန်ရွေးလိုက်ပါ။ ရွေးပြီးရင် အောက်မှာ သင့်ရဲ့အမူအကျင့်လေးတွေကို ခန့်မှန်းထားတဲ့ အဖြေလေးတွေကို ဖတ်ကြည့်လိုက်ပါနော်။

ပုလဲကို ရွေးချယ်တယ်ဆိုရင်…

ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားသူပါ။ ဘာသာရေးကိုင်းရှိုင်းပြီး မုဒိတာစိတ်များတယ်။ ရိုးသားဖြောင့်မတ်တဲ့ စိတ်နှလုံးရှိတယ်။ သူတစ်ပါးကို စိတ်ရင်းနဲ့ ချီးမွမ်းတတ်တယ်။ သင့်ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေ မကြာခင်ကြုံလာရတော့မယ်။ စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။

ပတ္တမြားကို ရွေးချယ်တယ်ဆိုရင်…

သင်ဟာ လိုချင်တာကို မရရအောင် ယူတတ်တဲ့သူ၊ အလေးအနက်ထားတတ်သူဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်တယ်။ ကိုယ်မှန်တယ်ထင်ရင် တစ်လောကလုံးနဲ့ ပြိုင်ငြင်းရဲတယ်။ ဇွဲကောင်းမှုကြောင့် အောင်မြင်မယ့် ကံဇာတာပါပါတယ်။

စိန်ကိုရွေးချယ်တယ်ဆိုရင်…

သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူပါ။ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသာချမှတ်တတ်တယ်။ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြတယ်။ ဘေးနားကလူတွေကိုပါ စိတ်ခွန်အားတွေပေးနိုင်တယ်။ စွန့်စားရတာတွေကို ကြိုက်တယ်။ စွန့်စားမှုတွေကြောင့် အောင်မြင်မယ့်သူဖြစ်ပါတယ်။

နီလာကို ရွေးချယ်တယ်ဆိုရင်…

စိတ်တည်ကြည်ပြီး အိနြေ္ဒကြီးစွာ နေထိုင်တတ်သူပါ။ ဆိတ်ငြိမ်အေးချမ်းမှုကို တန်ဖိုးထားတယ်။ သဘာဝတရားကြီးကို ချစ်တယ်။ တောင်တန်းတွေဘက် ခရီးသွားရတာကို ကြိုက်တယ်။ ကတိသစ္စာကို အသက်ထက် တန်ဖိုးထားတယ်။

မြကို ရွေးချယ်တယ်ဆိုရင်…

မွေးရာပါ စူးစမ်းလေ့လာစိတ်ရှိသူပါ။ ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားသလို ကိုယ်တိုင်ကလည်း သူများနဲ့မတူဘဲ တစ်မျိုးလေးထူးခြားနေတတ်ပါတယ်။ ပွင့်လင်းပြီး ရိုးသားတယ်။ လူချစ်လူခင်ပေါတယ်။ အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မယ့်သူပါ။

ခရမ်းစွဲကို ရွေးချယ်တယ်ဆိုရင်…

တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ အပေါ်ယံမိတ်ဆွေတွေ အများကြီးရှိတာထက် မိတ်ဆွေစစ်အနည်းငယ်ပဲရှိတာ ပိုကောင်းတယ်လို့ ခံယူထားတတ်ကြတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေအတွက် ထုတ်ဖော်ကြွားဝါလိုစိတ်မရှိကြဘူး။
ဘယ်လိုလဲ… ခန့်မှန်းထားတာ မှန်တယ်မဟုတ်လား။ မှန်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။
ဘာကို ရွေးလိုက်တယ်ဆိုတာလေးကိုလည်း comment box မှာ ပြောသွားခဲ့ပါဦး။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ မြန်မာ့ကျောက်မျက်ရတနာတွေကို အရည်အသွေးမှန်၊ ဈေးမှန်ရောင်းချပေးနေတဲ့ Thida Gems တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။