၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (သြဂုတ် ၁၄-ရက်နေ့မှ ၂ဝ-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )              
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အကြီးအကဲပုဂ္ဂိုလ်တွေဆီကနေ သင့်အတွက် အကြံဉာဏ်ကောင်းတွေ ရရှိတတ်ပါတယ်။ သင့်ဘဝအတွက် အောင်မြင်မှုတွေကို လက်ကမ်းကြိုဆိုရမယ့်အချိန်ပါ။ ဒါကြောင့် သင့်ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ မတွန့်ဆုတ်ပါနဲ့။ အခွင့်အရေးကောင်းတွေက သင့်ဆီလာနေပါတယ်။ ဒီရက်ပိုင်းအတွင်း စကားအပြောအဆိုဆင်ခြင်ပါ။ ပြဿနာ ဖြေရှင်းရတတ်တယ်။

ယတြာ ။        ။ သက်ကြီးဘိုးဘွားများကို ဆေးဝါးဒါနပြုလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

သင့်အနေနဲ့ ပြောင်းလဲမှုတစ်ခုခုအတွက် စဉ်းစားနေတယ်ဆိုရင် ဒီအချိန်က အဲ့ဒီပြောင်းလဲမှုကို စတင်ဖို့ အသင့်တော်ဆုံးအချိန်ပါ။ ဖိအားတွေကြောင့် စိတ်ရှုပ်ရတတ်ပေမယ့် ဒါတွေက သင့်အောင်မြင်မှုအတွက် အရေးပါတဲ့ တွန်းအားတွေ ဖြစ်လာမှာပါ။ အချစ်ရေးမှာ နှစ်ခွဖြစ်နေတတ်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။ အဝေးက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်ရတတ်တယ်။

ယတြာ ။        ။ အောင်မြင်မှုရရှိအောင် သပြေညွှန့် ဆောင်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)    
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

မိသားစုအကြားသဘောထားကွဲလွဲစရာလေးတွေ ရှိတတ်တယ်။ ကြားလူတွေစကားရှုပ်တတ်တာကြောင့် မိသားစုအချင်းချင်း ဖြေရှင်းတာက ပိုကောင်းပါတယ်။ ချစ်သူဟောင်းက ပြန်ဆက်သွယ်လာတတ်တယ်။ စီးပွားရေးအတွက် အခွင့်အလမ်းတွေပေါ်လာမယ်။ အခွင့်အရေးကို ဖမ်းဆုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ။

ယတြာ ။        ။ သင့်မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာပေါ့ပေါ့ပါးပါးကိစ္စလေးတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဖြစ်ပါတယ်။ အလုပ်ထဲမှာ အခက်အခဲတချို့ရှိပေမယ့် ကြီးကြီးမားမားမဟုတ်ပါဘူး။ သင့်အတွေ့ အကြုံကောင်းတွေကို အသုံးချပြီး မကြာခင် ကျော်လွှားနိုင်မှာပါ။ မမျှော်လင့်ဘဲ နိုင်ငံခြားခရီးစဉ်တစ်ခု ပေါ်လာတတ်တယ်။ သင့်အတွက် ပျော်ရွှင်စရာခရီးဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ။         ။ ကလေးသုံးဦးကို မုန့်ဝယ်ကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေ သင့်ဆီကို ရောက်လာတတ်ပါတယ်။ အဲ့ဒီအခွင့်အလမ်းတွေကိုလက်လွှတ်မခံပဲ သင် ဝါသနာပါတဲ့အရာကို သေချာစဉ်းစားပြီး ရွေးချယ်လိုက်ပါ။ သင့်ကိုယ်သင် ပိုပြီးယုံကြည်မှုရှိလာအောင် တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပါ။ ဒါကြောင့် သင့်စိတ်ကူးအိပ်မက်တွေကို ပျော်ရွှင်စွာနဲ့ အကောင်အထည်ဖော်လိုက်ပါ။

ယတြာ ။        ။ ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အဆိုးနဲ့အကောင်း ယှဉ်တွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် သေချာစဉ်းစားပြီးမှ လုပ်ပါ။ မမျှော်လင့်ဘဲ အလုပ်နေရာအသစ်တစ်ခုကို ပြောင်းရွှေ့ခွင့်ကြုံရတတ်ပါတယ်။ အဲ့ဒါက သင့်အတွက်ကောင်းတဲ့နေရာတစ်ခုပါ။ မိသားစုအတွက် စိတ်ညစ်ရတာလေးတွေကြုံရတတ်တယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ ။        ။ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သင်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ အနည်းငယ်ကွာဟနေတတ်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုနဲ့ ရှေ့ဆက်မယ်ဆိုရင် သင်ဖြစ်ချင်တာတွေဖြစ်လာမှာပါ။ အလုပ်ရဲ့အခက်အခဲတွေကနေ သင့်အတွက် အတွေ့အကြုံတွေယူရမယ့် အချိန်ဖြစ်ပါတယ်။ လူကြီးမိဘတွေဆီက အကြံဉာဏ်ကောင်းတွေ ရရှိတတ်ပါတယ်။ အလုပ်နေရာအပြောင်းအရွှေ့ရှိတတ်ပါတယ်။

ယတြာ ။        ။ ဘုရားမှာ ဘယာကြော်ကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ငွေကြေးပြဿနာအရှုပ်အရှင်းနဲ့ တွေ့ကြုံရတတ်တဲ့ကာလဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး လက်လွန်တာ၊ နှုတ်ကျွံတာမျိုးတွေကို သတိပြုဆင်ခြင်ပါ။ အချစ်ရေး သာယာနေပါတယ်။ မိသားစုအတွင်း သတင်းကောင်းကြားရတတ်တယ်။ မောင်နှမသားချင်းတစ်ဦးကြောင့် ဂုဏ်ယူနေရတတ်တယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

စိတ်ချမ်းသာစရာတွေပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ သတင်းကောင်းတွေ ကြားရတတ်တယ်။ ကျန်းမာရေးအနည်းငယ်ချူချာတတ်တယ်။ အနေအထိုင်အစားအသောက်သတိပြုပါ။ မိတ်ဆွေသူငယ်ချင်းကောင်းတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို ရရှိမယ်။ အဆက်ပြတ်နေတဲ့သူငယ်ချင်းတွေနဲ့ ပြန်အဆက်အသွယ်ရတတ်တယ်။

ယတြာ ။        ။ မိမိမွေးရက်မှာ သံဃာတစ်ပါးကို သင်္ကန်းလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိတ်ဆွေသူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးရဲ့ အရေးကိစ္စတွေအတွက်  လိုက်ကူညီပေးရင်း အချိန်ကုန်နေရတတ်တယ်။ ဒီရက်ပိုင်းအတွင်း လူမှုရေးကိစ္စတွေများနေတာကြောင့် သင့်အလုပ်တွေကို လှည့်မကြည့်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ လူမှုရေးလုပ်ကိုင်ရင်းနဲ့ နောင်တစ်ချိန်မှာ သင့်ဘဝအတွက် အရေးပါလာမယ့် မိတ်ဆွေကောင်းအသစ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။

ယတြာ ။        ။ မိမိမွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )  
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ ကြုံရတတ်ပါတယ်။ အသွားအလာအနေအထိုင် သတိပြုပါ။ ဒီရက်ပိုင်းအတွင်း ငွေဝင်ကိန်းရှိသလို မလိုအပ်ပဲ ငွေကုန်ကြေးကျလည်း များနေတတ်ပါတယ်။ အလုပ်အကိုင်အသစ်တစ်ခုစတင်ချင်တာ၊ ဒါမှမဟုတ် ငွေရေးကြေးရေးကိစ္စတစ်ခုခုဖြေရှင်းစရာရှိရင် ကြာသပတေးနေ့ကို ရှောင်ပါ။ ပညာရေးကံကောင်းနေပါတယ်။ ဘာသာစကားအသစ်တစ်ခုသင်ရတတ်တယ်။

ယတြာ ။        ။ ဘုရားမှာ သောက်တော်ရေချမ်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင် ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းဟောင်းတွေဆီကနေ မမျှော်လင့်ပဲ အကျိုးအမြတ်တွေရရှိပါမယ်။ အလှူအတန်းတစ်ခုခု ပြုရတတ်တယ်။ သင့်အနာဂတ်အတွက် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အသင့်တော်ဆုံးအချိန်ပါ။ အချစ်ရေးကံကောင်းနေတဲ့အတွက် ချစ်သူမရှိသေးသူများ မိမိချစ်နေသူကို ဖွင့်ပြောလိုက်ပါ။

ယတြာ ။        ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးလိုက်ပါ။