ကောင်းမွန်မြင့်မြတ်ပြီး နားဝင်ချိုတဲ့စကားတစ်ခွန်းရဲ့ အခြေခံပါဝင်ပစ္စည်းများ

blank

“နှုတ်ကြောင့်သေ ၊ လက်ကြောင့်ကြေ” တယ်ဆိုတာ စကားပြောမတတ်တဲ့သူတွေမှပါ။ စကားပြောတတ်တဲ့သူတွေကျတော့ ပြောစကားတစ်ခွန်းချင်းစီကြောင့် ကောင်းကျိုးချမ်းသာတွေ ရကြပါတယ်။ ဒီတော့ နားဝင်ချိုပြီး ကောင်းကျိုးဖြစ်အောင် စကားကိုဘယ်လိုပြောကြမလဲ။

လွယ်ပါတယ်။ စကားတစ်ခွန်းပြောတိုင်းပြောတိုင်း အောက်မှာဖော်ပြထားတဲ့ အချက် (၄)ချက်လုံးပါဝင်အောင်ပေါင်းစပ်ပြီးမှ ပြောပါ။

၁။ ရိုးသားမှု

တကယ်အရေးကြီးတဲ့အချက်ပါ။ ရိုးသားစွာပြောပါ။ ဖြောင့်မတ်မှန်ကန်ပြီး ရှင်းလင်းအောင်ပြောပါ။ ရိုးသားစွာပြောလိုက်လို့ တစ်ဖက်သားထိခိုက်ရမယ်ဆိုရင်တော့ အဲဒီစကားကို မပြောတာအကောင်းဆုံးပါပဲ။

၂။ စစ်မှန်မှု

စိတ်ထဲကရှိနေတဲ့ အမှန်တရားကိုပဲပြောပါ။ စစ်မှန်တဲ့အကြောင်းအရာ၊ စကားတွေကိုပဲပြောပါ။

၃။ သိက္ခာတရား

ပြောလိုက်တဲ့စကားလုံးတိုင်းက ပြောတဲ့သူကိုထင်ဟပ်နေတာကြောင့် ပြောစကားတွေမှာလည်း သိက္ခာရှိဖို့၊ ဖြောင့်မတ်ဖို့လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မေတ္တာတရား

ပြောတဲ့သူက မေတ္တာတရားနဲ့ ပြောလိုက်ရင် နားထောင်ရတဲ့သူမှာလည်း မေတ္တာတရားကို ခံစားရပါတယ်။ စကားလုံးတွေက ပျံ့နှံ့လွယ်တာကြောင့် စကားလုံးတွေမှာ မေတ္တာပါတစ်ပါတည်းပါသွားရင် တစ်ကမ္ဘာလုံးကို မေတ္တာဓာတ်တွေလွှမ်းခြုံနိုင်ပြီပေါ့။

တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် သတိဆောင်ပြီး ပြောဆိုနိုင်ကြပါစေရှင်။

သင့်ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း comment box မှာ ပြောပြထားခဲ့ပါဦးနော်။