ကျွန်မက ခြောက်နှစ်အရွယ်သားငယ်လေးတစ်ယောက်ရဲ့မေမေပါ။ တစ်ရက်မှာ ကျွန်မတို့သား အမိနှစ်ယောက် သားအတွက် ကစားစရာအရုပ်တွေဝယ်ဖို့ ဈေးဝယ်စင်တာတစ်ခုဆီသွားရင်း လမ်းမှာ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်တွေနဲ့ ဝှီးချဲပေါ်ထိုင်နေတဲ့လူရွယ်တစ်ယောက်ကို တွေ့လိုက်ကြပါတယ်။ လူ ရွယ်ဟာ ဆိုးဝါးတဲ့မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရဟန်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရွယ်မှာခြေထောက်နှစ်ဖက်လုံးမရှိသလို မျက်နှာပေါ်မှာလည်း အနာရွတ်တွေနဲ့ ပြည့်နေလို့ပါ။
လူရွယ်ကိုမြင်မြင်ချင်း ကျွန်မရဲ့သားလေးက “ ဟာ အဲ့ဒီလူကြီးကို ကြည့်စမ်းပါဦး မေမေ” လို့ အလန့်တကြားထအော်တော့ ကျွန်မလည်း အားနာပြီး သားကို ဟန့်မိတယ်။ ပြီးတော့ “ သူများကို အဲ့ဒီ လိုပြောတာ ရိုင်းရာကျတယ် သားရဲ့” လို့လည်း ဆုံးမလိုက်တယ်။ ဒါပေမဲ့ သားက ကျွန်မစကားကို အမှုမထားတဲ့အပြင် ကျွန်မကို လက်တွဲဖြုတ်ပြီး အဲ့ဒီလူရွယ်ဆီကို တဟုန်ထိုးပြေးသွားပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
လူရွယ်နားရောက်တော့ သားက အသံကျယ်ကြီးနဲ့ “ ဦးလေးနားကြပ်က ကောင်းလိုက်တာဗျာ။ အဲ့ဒီနားကြပ်ကို ဘယ်နားမှာဝယ်ခဲ့တာလဲ ” လို့ မေးလိုက်တယ်။ သားလေးရဲ့အားပါးတရအမေးကို ကြားလိုက်ရချင်းချင်း လူရွယ်က ရုတ်တရက်ကြောင်နေပြီးမှ သဘောကျစွာ ရယ်မောလိုက်ပါတယ်။ လူရွယ်ဘယ်လောက်ပျော်ရွှင်သွားတယ်ဆိုတာ ချက်ချင်းတောက်ပသွားတဲ့လူရွယ်ရဲ့မျက်လုံးတွေက သက်သေခံနေကြပါတယ်။ အဲ့ဒီနောက်တော့ လူရွယ်နဲ့ ကျွန်မရဲ့သားလေးတို့ဟာ လူရွယ်ရဲ့နားကြပ် အကြောင်းသာမကဘဲ တခြားသောနားကြပ်တွေအကြောင်းကို ဆက်ပြောနေကြတော့တယ်။
ဒီအဖြစ်အပျက်လေးဟာ ကျွန်မအတွက်တော့ လောကကြီးထဲ ကျွန်မတို့မေ့လျော့နေတဲ့ သတိ ပြုဆင်ခြင်စရာသင်ခန်းစာလေးတစ်ခုကို မွေးဖွားပေးလိုက်တာပါပဲ။ သူတစ်ဖက်သားကိုစတွေ့တဲ့အခါ လူကြီးဖြစ်တဲ့ကျွန်မက ဝှီးချဲပေါ်ကလူတစ်ယောက်ရဲ့ဒုက္ခဆိုးကို မြင်လိုက်ချိန်မှာ ကျွန်မရဲ့ ဖြူစင်လှ တဲ့ ခြောက်နှစ်အရွယ်သားငယ်လေးကတော့ ကောင်းကွက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့ဒီအကောင်း မြင်စိတ်လေးက တစ်ဖက်သားကိုပါ တက်ကြွပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လေ။
တကယ်တော့ လောကကြီးမှာ အကောင်းမြင်စိတ်တွေမွေးဖွားဖို့ဆိုရင် အဆိုးမြင်ဓာတ်ခံတွေ ကို အရင်ဖယ်ရှားထားရမယ်ဆိုတဲ့ အကောင်းဆုံးသင်ခန်းစာလေးတစ်ခုကို သားဆီကနေ ကျွန်မ သင် ယူခွင့်ရလိုက်ပါတယ်။
ယခုစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။