ဘဝရဲ့“ စိန်ခေါ်မှု” တွေဆိုတာ အောင်မြင်မှုအတွက် “အခွင့်အရေး” တွေပါ။

blank
မင်္ဂလာပါ စာချစ်သူတို့ရေ…

ဒီနေ့က သင့်အတွက် အစစအရာရာအဆင်မပြေမှုတွေနဲ့ ဆိုးတဲ့နေ့တစ်နေ့လား။ ဒါမှမဟုတ် အရာရာအဆင်ပြေချောမွေ့နေတဲ့ နေ့ရက်ကောင်းလေးတစ်ရက်များလား။ ဆိုးတဲ့နေ့ရှိနေတယ်ဆိုရင် တော့ သင့်မှာ ကောင်းတဲ့ရက်ကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါနော်။ ဘာကြောင့်လဲဆို တော့ ဆိုးတဲ့နေ့တွေက သင့်ဘဝတိုးတက်စေမယ့် အတွေးအမြင်တွေကို သင်ကြားပေးနေကြလို့ပါ။

လောကကြီးမှာ ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဉာဏ်ရည်ကောင်းရုံနဲ့မရပါဘူး။ ဉာဏ် ပညာကောင်းနဲ့ ယှဉ်တွဲနေထိုင်သွားရတာပါ။ ပြီးတော့ ဘဝရဲ့စိန်ခေါ်မှုတွေကို မကျော်ဖြတ်ဘဲနဲ့လည်း မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိုမိုကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုမှန်ရင် အတွေ့အကြုံနဲ့သင် ခန်းစာတွေကို မလွဲမသွေဖြတ်ကျော်ရတာချည်းမို့ပါ။ လူအတော်များများဟာ ကိုယ့်ကိုယ်ကိုသတိမ ထားမိဘဲ သက်တောင့်သက်သာဖြစ်စေတဲ့နေထိုင်မှုနယ်နိမိတ်ထဲမှာ ကန့်သတ်ထားလေ့ရှိကြပါတယ်။

အဲ့ဒီနယ်နိမိတ်ဟာ အောင်မြင်မှုရဲ့အဓိကရန်သူဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုတွေကို ရပ်တန့်နေ စေတဲ့ တရားခံလည်း ဖြစ်ပါတယ်။

တကယ်တော့ အောင်မြင်ဖို့ဆိုရင် အဲ့ဒီနယ်နိမိတ်ထဲက ရုန်းထွက်ပြီး ဘဝထဲက ကြုံလာသမျှ စိန်ခေါ်မှုတိုင်းကို ပွေ့ဖက်ရဲတဲ့သတ္တိမွေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိန်ခေါ်မှုတိုင်းရဲ့နောက် ကွယ်မှာ သင့်ကို ပိုမိုတိုးတက်စေမယ့် သင်ခန်းစာနဲ့ အတွေ့အကြုံတွေ ထက်ကြပ်မကွာ လိုက်ပါလာ ကြလို့ပါ။ သင်တိုက်ခိုက်ကျော်လွှားနိုင်ရင် ပိုပြီးမြင့်မားတဲ့ နေရာတစ်ခုဆီကို သင်လှမ်းတက်နိုင်မှာပါပဲ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကမ္ဘာကြီးက ရပ်တန့်နေတာမဟုတ်တဲ့အတွက် တခြားသူတွေရဲ့အနောက်မှာ ကျန်ရစ်မနေခဲ့ဖို့ ဆိုရင် သင့်ကိုယ်သင် သက်တောင့်သက်သာဖြစ်အောင်နေနေတဲ့ အခြေအနေကနေ အရင်ရုန်းထွက်ဖို့ လိုအပ်ပါတယ်။ သင့်ဘဝဆိုတာ သင်မှမပြောင်းလဲရင် ဘယ်သူကမှ ပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။

လက်ရှိမှာ သင့်ဘဝက ဆိုးတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားသလား။ ဒါမှမဟုတ် ကောင်းတဲ့ နေ့ ရက်တွေကို ဖြတ်သန်းနေရသလား။ အဖြေက သင့်လက်ထဲမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ဘဝဆိုတာ သင်ဖန်တီးတဲ့အပေါ်မှာ မူတည်နေလို့ပါ။ ဒါကြောင့် သင့်ဘဝထဲ ဝင်ရောက်လာတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ကြောက်ရွံ့မနေဘဲ အခွင့်အရေးအဖြစ် အသုံးချပြီး ပိုမိုကောင်းမွန် တဲ့ အောင်မြင်သူဘဝဆီ တက်လှမ်းသွားလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။