ချစ်သူကိုချစ်သလို မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းကိုချစ်မြတ်နိုးစေမည့် ပြုမူစရာလေးများ။

blank

ပရိသတ်ကြီးရေ… မိန်းကလေးတစ်ယောက်ကို စတင်ချစ်မိတဲ့အခါ…..

ပထမဆုံးသူ့ကိုမြင်မြင်ချင်း ရင်ခုန်မယ်။

နောက်တော့သူ့အကြောင်းကိုသိအောင်စုံစမ်းမယ်။

သူနဲ့ပတ်သက်တဲ့အရာတွေနဲ့ အဆင်ပြေအောင်ကြိုးစားမယ်။

ပြီးတော့အချစ်ရေးသာယာပျော်ရွှင်အောင် ထိန်းသိမ်းဖို့ ကြုံတွေ့လာတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားမယ်။

ချစ်သူဟာကိုယ့်အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို အမြဲတွေးနေမယ်။

ချစ်သူနဲ့တွေ့ရရင်အမြဲရင်ခုန်စိတ်လှုပ်ရှားနေမယ်။

နောက်တော့သင့်ရဲ့အချစ်ရေးမှာ သင်လိုချင်တဲ့ ဦးတည်ချက်တစ်ခုရအောင် ကြိုးစားမယ်။

ပရိသတ်ကြီးရေ…လုပ်ငန်းခွင်မှာ အဆင်ပြေအောင်မြင်ဖို့ဆိုတာကလည်း အချစ်ရေးတစ်ခုကို စတင်တည်ဆောက်တာနဲ့တူပါတယ်။ မိမိလုပ်ကိုင်နေတဲ့အလုပ်ဟာ မြင့်မားတဲ့ဘဝဆီ တွန်းပို့နိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် မိမိအလုပ်မှာအဆင်ပြေဖို့လိုပါတယ်။ မိမိလုပ်ကိုင်တဲ့အလုပ်မှာ အဆင်ပြေဖို့ အလုပ်ကို ချစ်မြတ်နိုးဖို့လိုပါတယ်။ အလုပ်ကို ချစ်ဖို့အတွက်-

  • မိမိအလုပ်နဲ့ပတ်သက်ပြီး မိမိရင်ခုန်စိတ်လှုပ်ရှားတဲ့အချက်တွေကို ချရေးထားပါ။
  • နေ့ရက်တိုင်းရဲ့အစမှာ ဦးတည်ချက်တစ်ခုထားပါ။
  • မိမိဝါသနာပါရာအလုပ်ကိုပဲ ရွေးချယ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
  • ကောင်းမွန်တဲ့နည်းလမ်းတွေကို အမြဲမပြတ်ရှာဖွေစူးစမ်းပါ။
  • သင့်အလုပ်ဟာ သင့်ဘဝအတွက် ဘယ်အတိုင်းအတာထိအရေးပါလဲဆိုတာကို အမြဲနှလုံးသွင်းပါ။
  • ဦးတည်ချက်တွေသတ်မှတ်ထားပြီး ပြည့်အောင်ကြိုးစားပါ။
  • အောင်မြင်မှုတစ်ခုရတိုင်း မိမိကိုယ်ကိုယ်ဆုပေးပါ။
  • အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို အမြဲတမ်းခွဲခြားထားပါ။
  • အလုပ်ချိန်အပြီးမှာ မိသားစုတွေ၊သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။

ပရိသတ်ကြီးရေ… ချစ်သူနဲ့အမြဲတမ်းသာတွေ့နေရမယ်ဆိုရင် အလွမ်းဆိုတာဘာမှန်းသိမှာမဟုတ်ပါဘူး။ အလွမ်းဆိုတာ အချစ်တွေကိုပိုပြီး ချိုမြိန်စေသလိုပဲ အလုပ်တွေကိုပဲ ၂၄ နာရီလုံး နှစ်မြှပ်ထားတာဟာ အလုပ်ကိုငြီးငွေ့သွားစေမှာပါ။ အလုပ်ကိုချစ်မြတ်နိုးဖို့ မိမိမိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေအတွက် မျှတတဲ့အချိန်တွေပေးရင်း အလုပ်ခွင်ကိုတက်ကြွစွာ အားမာန်အပြည့်နဲ့ လှမ်းချီနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားလိုက်ရပါတယ်ရှင်။