နေပျော်တဲ့ဘဝတည်ဆောက်ဖို့အတွက် ပညာရှိကြီးပေးတဲ့ နည်းလမ်း(၃)ခု

blank

တစ်ခါတုန်းက ဘဝကို ပိုမိုပျော်ရွှင်အောင်တည်ဆောက်ချင်နေတဲ့ ကိုသီဟဆိုတဲ့လူတစ် ယောက်ရှိပါတယ်။ ကိုသီဟဟာ ဘဝပျော်ရွှင်အောင်တည်ဆောက်နိုင်မယ့်နည်းလမ်းကို သိချင်တဲ့ အတွက် ပညာရှိတစ်ဦးထံကို သွားရောက်မေးမြန်းခဲ့ပါတယ်။

“ ပညာရှိကြီးခင်ဗျာ။ ကျွန်တော်ဟာ ကျွန်တော့်ဘဝကို ပိုမိုလှပကောင်းမွန်အောင်တည် ဆောက်ဖို့နည်းလမ်းလေးတွေကို ရှာဖွေနေပါတယ်။ ပညာရှိကြီးအနေနဲ့ အဲ့ဒီနည်းလမ်းလေးတွေကို သိရင် ကျွန်တော့်ကို ပြောပြပေးစေချင်ပါတယ် ”

ကိုသီဟစကားကိုကြားတဲ့အချိန်မှာ ပညာရှိကြီးက ဘာမှပြန်မပြောဘဲ နံဘေးမှာရှိတဲ့ ချည်မျှင် စတချို့၊ ဖယောင်းတိုင်တစ်တိုင်နဲ့ အပ်တစ်ချောင်းကိုသာ ကိုသီဟကို ပြန်ပေးတယ်။

ပြီးတော့ “မောင်ရင် ဒါတွေကိုယူပြီး ပြန်နိုင်ပါပြီ” လို့ ပညာရှိကြီး တစ်ခွန်းပဲပြောတယ်။

ပညာရှိကြီးကပေးလို့သာ ယူပြီးပြန်ခဲ့ရပေမဲ့ ကိုသီဟစိတ်ထဲ သိပ်ဘဝင်မကျလှပါဘူး။ ပညာရှိ ကြီးပေးလိုက်တဲ့ပစ္စည်းတွေကို ဘာလုပ်ရမယ်ဆိုတာကိုမသိသလို ဒီအရာတွေက သူ့ဘဝကို ဘယ်လို ကောင်းမွန်အောင် ကူညီပေးနိုင်မယ်ဆိုတာလည်း ကိုသီဟနားမလည်နိုင်အောင်ဖြစ်နေမိတယ်။

ဒါနဲ့ပဲ နောက်ဆုံးမှာ ပညာရှိကြီးထံ နောက်တစ်ခေါက်ပြန်သွားမေးတယ်။

“ စိတ်တော့မရှိပါနဲ့ ခင်ဗျာ။ ပညာရှိကြီးအနေနဲ့ ကျွန်တော့်ကို ဒါတွေဘာလို့ပေးလိုက်တယ်ဆို တာ နားမလည်ပါဘူး။ ဒါတွေကကော ကျွန်တော့်ဘဝပိုကောင်းလာအောင် ဘယ်လိုကူညီနိုင်မှာလဲ ”

ပညာရှိကြီးက တစ်ချက်ပြုံးရင်း ရှင်းပြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ကျုပ်ပေးလိုက်တဲ့အရာတစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်လေးနက်မှုအဓိပ္ပာယ်တွေရှိနေကြ တယ်။ ကျုပ် မောင်ရင့်ကို ပေးလိုက်တဲ့ ချည်မျှင်စတွေဆိုတာ အဝတ်အထည်တွေပြုလုပ်လို့ရတယ်။ လူတိုင်းကို နွေးထွေးမှုပေးနိုင်တယ်။ ဘာနဲ့တူသလဲဆိုတော့ ချည်မျှင်လိုကျင့်ကြံတဲ့လူဟာ တခြားသူ တွေရဲ့ဘဝကို နွေးထွေးလုံခြုံအောင် ဖေးမစောင့်ရှောက်လိမ့်မယ်။ ဖယောင်းတိုင်ကတော့ တခြားသူ တွေကို အလင်းရောင်ပေးနိုင်တယ်လေ။ နောက်ဆုံးပေးလိုက်တဲ့အပ်ကတော့ အပ်မရှိဘဲ ဘယ်အ ဝတ် အစားကိုမှချုပ်နိုင်မှာမဟုတ်ဘူးလေ။ ဒါက ဘာနဲ့တူသလဲဆိုတော့ ဟော့ဒီကမ္ဘာမှာ ကွဲအက်နေ တဲ့ အသည်းနှလုံးတွေကို ပြန်ဖာထေးဖို့၊ လူတွေကိုကူညီဖို့အတွက် ချစ်ခြင်းမေတ္တာဆိုတဲ့ အပ်ကလေး လိုအပ်တယ်ဆိုတာပါ။ အဲ့ဒီအဓိပ္ပာယ်တွေနဲ့ မောင်ရင့်ကို ကျုပ်ပေးလိုက်တာပါပဲ။ ဒါကြောင့် မောင်ရင့် အနေနဲ့ လက်ရှိဘဝထက် ဘဝကိုပိုမိုကောင်းမွန်နေပျော်ချင်တယ်ဆိုရင် ကျုပ်ပြောခဲ့တဲ့အချက်လေး တွေကို မောင်ရင့်မှာပိုင်ဆိုင်လာအောင် အရင်ကြိုးစားကြည့်ပါ ”

ပညာရှိကြီးရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာ ကိုသီဟတစ်ယောက် ဘဝကိုပျော်ရွှင်အောင် တည်ဆောက်ရမယ့်နည်းလမ်းတွေကို ကောင်းစွာနားလည်သဘောပေါက်သွားပြီး အိမ်ကိုပျော်ရွှင်စွာ ပြန်သွားတော့တယ်။

        ပုံပြင်လေးက ရိုးစင်းလှပေမဲ့ ဘဝအတွက် ဒဿနတွေအများကြီးရရှိလိမ့်မယ်လို့ မျှော်လင့်မိပါ တယ်။ မိမိဘဝကောင်းမွန်ပျော်ရွှင်ဖို့ဆိုရင် မိမိဝန်းကျင်ကိုလည်း တတ်နိုင်မျှ ကာကွယ်စောင့်ရှောက် ဖေးမတတ်ဖို့၊ မိမိပိုင်ဆိုင်ထားတဲ့အလင်းရောင်ကို မိမိဝန်းကျင်ကိုဝေမျှဖို့နဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုး ထားတတ်ဖို့တွေက အရေးကြီးကြောင်းကို ပုံပြင်လေးက မက်ဆေ့ဂ်ျပေးထားပါတယ်။ အားလုံးလည်း လေးနက်လှပတဲ့အပြုအမူကောင်းလေးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝကို ဖော်ဆောင်နိုင်ကြပါစေရှင်။

ပုံပြင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။