ခန္ဓာကိုယ်အလေးချိန်ကို (၆)ဆပိုမိုမြန်ဆန်စွာ လျော့ကျစေမယ့် ပြေးနည်း

blank

သင် နောက်ပြန်ပြေးဖူးပါသလား။ ပြေးဖူးတယ်ဆိုရင်လည်း ခေတ္တခဏအပျော်သဘောနဲ့ ပြေးဖူးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ နောက်ပြန်ပြေးခြင်းကို အားကစားတစ်ခုအနေနဲ့ လိုက်စားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပြန်ပြေးတဲ့ ခြေလှမ်း (၁ဝဝ)က ရိုးရိုးပြေးတဲ့ခြေလှမ်း (၁ဝဝဝ)နဲ့ ညီမျှပြီး၊ နောက်ပြန်ပြေးတာက ရိုးရိုးပြေးတာထက်ပိုပြီး ၆ဆ အဆီကျမြန်စေလို့ပါပဲ။

ဒါတင်မကသေးပါဘူး။ အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။

၁။ ခြေထောက်တွေကို လှပကျစ်လစ်စေတယ်။

နောက်ပြန်ပြေးခြင်းက ဒူးနှစ်ဖက်အပေါ်ကို ဖိအားမသက်ရောက်စေတဲ့အပြင် ကြွက်သားတွေကိုပါ သန်မာစေပါတယ်။ ညှို့သကျည်း၊ ခြေသလုံးနဲ့ တံကောက်ကွေးနားတစ်ဝိုက်က အဆီတွေကို လျှော့ချပေးပြီး ကျစ်လျစ်လှပစေပါတယ်။

၂။ ဒဏ်ရာဖြစ်ပွားမှုကိုကာကွယ်ပေးပြီး ဒူးကို နေရာတကျဖြစ်စေတယ်။

ရှေ့ကိုပြေးတယ်ဆိုတာ အချိန်ကြာလာတဲ့အခါမှာ ဒူးခေါင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပွားစေပါတယ်။ နောက်ပြန်ပြေးခြင်းကြောင့် ဒူးခေါင်းနဲ့ ကြွက်သားတွေကြားကို မျှတအောင်ထိန်းညှိပေးပြီး ဒူးကိုက်ဒူးနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ လဲကျပြီး ဒူးပွန်းတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ အကြားအာရုံကို ကောင်းမွန်စေတယ်။

နောက်ပြန်ပြေးတဲ့အခါ အရှေ့ကို မမြင်နိုင်တာကြောင့် အမြင်အာရုံအစား အကြားအာရုံကို ဦးစားပေးပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရပါတယ်။ ဒါကြောင့် အကြားအာရုံခံနိုင်စွမ်းကို မြင့်တက်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဦးနှောက်ကို ကောင်းကျိုးဖြစ်စေတယ်။

နောက်ပြန်ပြေးတဲ့အခါ ကြွက်သားတွေနဲ့ အရိုးတွေကလည်း ဆန့်ကျင်ဘက်အတိုင်း လှုပ်ရှားရတာကြောင့် ဦးနှောက်ကိုလည်း ကွဲပြားတဲ့အတွေးအမြင်၊ အကြံဉာဏ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်။

၅။ ကိုယ်နေဟန်ထားကို လှပစေတယ်။

နောက်ပြန်ပြေးတဲ့အခါ ကျောကို မတ်မတ်ထားရသလို ဖြစ်စေတာကြောင့် ခါးအောက်ပိုင်းနာကျင်ခြင်းကို သက်သာစေပြီး ကိုယ်နေဟန်ထားကို လှပစေပါတယ်။

၆။ ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတယ်။

ခါးကိုမတ်မတ်ထားပြီး နောက်ပြန်ပြေးလေလေ၊ ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပြီး ကြွက်သားတွေကို ကျစ်လျစ်သန်မာစေလေလေဖြစ်ပါတယ်။

နောက်ပြန်ပြေးတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

၁။ ကိုယ်ပြေးနေကျ ရင်းနှီးတဲ့လမ်းမှာပဲပြေးပါ။ ဒါမှ လမ်းအမှတ်အသားတွေက သင့်ကိုတစ်ခုခုနဲ့ ဝင်မတိုင်မိအောင် လမ်းပြပေးမှာ ဖြစ်ပါတယ်။

၂။ ခလုတ်တိုက်တာမျိုးမဖြစ်အောင် ကတ္တရာလမ်းမှာ ပြေးပါ။

၃။ နောက်ပြန်ပြေးတယ်ဆိုတာ လူအများရဲ့အမြင်မှာတော့ ထူးဆန်းနေပါတယ်၊ ဒါကြောင့် ထူးထူးဆန်းဆန်းအကြည့်တွေကနေ ကင်းဝေးအောင် ပြေးစက်ပေါ်မှာ ပြေးတာ ပိုကောင်းပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။