ဒေါသဆိုတာ ပူလောင်မှုတွေကို ကူးစက်လောင်ကျွမ်းစေတဲ့မီးပွား

blank

အဆင်မပြေမှုတချို့ကြောင့် ဒေါသထွက်နေတဲ့မန်နေဂျာတစ်ယောက်ဟာ သူ့ရဲ့ဒေါသကို အ လုပ်သမားအပေါ်ပုံချပြီး ပေါက်ကွဲပစ်လိုက်တယ်။

အလုပ်သမားက အိမ်ပြန်ရောက်တဲ့အခါမှာ ဇနီးဖြစ်သူကို ညစာတွေတူးအောင်ချက်ထားလို့ ဆို ပြီး အပြစ်တင်တယ်။

ဝမ်းနည်းသွားရှာတဲ့ဇနီးသည်ဟာ သမီးဖြစ်သူကို ချဉ်နေတဲ့နွားနို့တွေ ဝယ်လာရမလားဆိုပြီး ဆူတယ်။

သမီးဖြစ်သူဟာ မျက်ရည်တွေကျပြီး နွားနို့ရောင်းလိုက်တဲ့သူကို ပြန်သွားအော်တယ်။

ဆိုင်ရှင်ဟာ အိမ်ရောက်တော့ ပန်းကန်တွေဆေးမထားတဲ့သားကို ဆူပူတယ်။

နွားနို့ဆိုင်ပိုင်ရှင်အမျိုးသမီးဟာ အိမ်ပြန်ရောက်တဲ့အခါမှာ သားဖြစ်သူကို ပန်းကန်တွေဆေးမ ထားရကောင်းလားဆိုပြီး အော်ငေါက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမရဲ့သားဖြစ်သူကတော့ ဒေါသမထွက်ပါဘူး။

“ မေမေ့ကိုကြည့်ရတာ အလုပ်မှာ အခက်အခဲတွေ့လာပုံရတယ်။ ကောင်းကောင်းအနားယူ လိုက်နော် မေမေ။ ပြီးရင် သားတို့လက်ဖက်ရည်အတူတူသောက်ကြမယ်လေ။ သား ကိတ်မုန့်တစ်ခု ဝယ်လာတယ် ” လို့ ချိုချိုသာသာ ပြောလိုက်တယ်။

အဲ့ဒီခဏမှာပဲ တောက်လျှောက်လည်ပတ်လာတဲ့ ဒေါသစက်ဝိုင်းဟာ နားလည်မှု၊ ခွင့်လွှတ်မှုနဲ့ အေးငြိမ်းတဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ရပ်တန့်သွားခဲ့တယ်။ တကယ်တော့ ဒေါသဆိုတာ မီးနဲ့တူပြီး လောင်စရာအစတစ်စရတာနဲ့ တောက်လျှောက်ကူးစက်လောင်ကျွမ်းပြီး ပူလောင်ရပါတယ်။ နားလည် မှု၊ ခွင့်လွှတ်မှုနဲ့ ချစ် ခြင်းမေတ္တာတွေကတော့ ရေနဲ့တူပြီး မီးကို ငြိမ်းသတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်တစ်နေ့တာမှာ ကျင်လည်လှုပ်ရှုားရင်း ပူလောင်စရာမီးစတွေ သင့်ဆီရောက်လာတဲ့အခါ ကူးစက် မခံရအောင် နားလည်မှု၊ ခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ငြိမ်းသတ်ပစ်လိုက်ပါနော်။

တန်ဖိုးရှိတဲ့အတွေးအမြင်စာစောင်လေးတွေကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။