ဘက်စုံတော်တဲ့မိန်းမသားတစ်ယောက် (သို့) ဗစ်တိုးရီးယားဘက်ခမ်း

blank

ဗစ်တိုးရီးယားဘက်ခမ်းလို့ဆိုလိုက်ရင် ကမ္ဘာကျော်ဘောလုံးသမားဒေးဗစ်ဘက်ခမ်းရဲ့ က တော်လည်းဖြစ်၊ တစ်ချိန်က ကျော်ကြားအောင်မြင်ခဲ့တဲ့ Spice Girls တေးဂီတအဖွဲ့ဝင် အဆိုတော် မလေးကို မြင်မိကြမှာပါ။

အခုချိန်မှာ သူမက လုပ်ငန်းရှင်ဘဝ၊ မိခင်ဘဝနဲ့ ဇနီးမယားကောင်းတစ်ယောက်ရဲ့ဘဝမှာ အောင်မြင်ပျော်ရွှင်နေခဲ့ပြီဖြစ်ပါတယ်။ သာမန်မိခင်၊ သာမန်ဇနီးမယားတော့ မဟုတ်ပါဘူး။ ဘက်စုံ တော်တဲ့ အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်းတစ်ယောက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သားသမီးတွေ များစွာမွေးဖွားထားပြီး သေချာပြုစုပျိုးထောင်ပါတယ်။ မိသားစုအားလုံး အိမ်မှာပျော်ရွှင်စေဖို့လည်း အမြဲဖန်တီးတတ်တဲ့မိခင်ပါ။ ခင်ပွန်းသည်အတွက်လည်း လိုလေသေးမရှိ ပါရမီဖြည့်ပေးတဲ့အပြင် စီး ပွားရေးဘက်မှာလည်း ကိုယ်ပိုင် brand တွေကို အောင်မြင်အောင် ထိုးဖောက်ထွက် ကြိုးစားလာခဲ့တဲ့ အာဂမိန်းမသားပါ။ သူမကို ကြည့်လိုက်ရင် အမြဲလန်းဆန်းတက်ကြွနေပြီး မီဒီယာပုံရိပ်တွေကို ကြည့် လိုက်ရင် ခင်ပွန်းသည်နဲ့ သားသမီးတွေကို ဘယ်လိုအလေးထားဂရုစိုက်တဲ့ မိခင်ကောင်းလဲဆိုတာ ပေါ်လွင်နေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမက အိမ်မှာ သီချင်းအမြဲဆိုတယ်။ ကတယ်။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။

ခင်ပွန်းသည်အတွက်လည်း ဇနီးမယားကောင်းတစ်ယောက်အနေနဲ့ အမြဲရှေ့တန်းတင်ဖို့ မမေ့ တတ်သူပါ။ သူမအမြဲပြောနေကျစကားကတော့…

“ ဒေးဗစ်သာမပါရင် ကျွန်မလည်း အခုလောက်တာဝန်ကျေတဲ့မိခင်ဖြစ်လာနိုင်မှာ မဟုတ်ပါ ဘူး။ သူက သိပ်ကောင်းတဲ့ဖခင်၊ ခင်ပွန်းသည်ဖြစ်ရုံသာမက သူချစ်တဲ့သူတွေအတွက် အမြဲဖြည့်ဆည်း ထောက်ပံ့ပေးတတ်တဲ့သူမျိုးပါ။ ကျွန်မ နေ့တိုင်းပျော်ပျော်ရွှင်ရွှင်သီချင်းဆိုနိုင်တာ သူပေးတဲ့ ပျော်ရွှင်မှု တွေကြောင့်ပါပဲ ” တဲ့။

သူမပြောသလိုပါပဲ။ ဘယ်သွားသွားဘယ်လာလာ မိသားစုတရုန်းရုန်းနဲ့ ပြုံးပျော်နေကြတဲ့ သူမတို့မိသားစုဘဝလေးကို မြင်ရတာအားကျပျော်ရွှင်စရာကြီးပါ။ ဘက်စုံတော်တဲ့မိန်းမသားတစ် ယောက်က ဘယ်လိုဆိုတာ သက်သေပြနေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖြတ်သန်းမှုလေးတွေကို ဖတ်ရတာ ဂန္ထဝင်စာချစ်သူတို့အတွက် ကျေနပ်နှစ်သက်စရာဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။