၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၁၇-ရက်နေ့မှ ၂၃-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )  
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာ အဆင်မပြေတာလေးတွေကြောင့် စိတ်လေနေမယ့်ကာလဖြစ်ပါတယ်။  စိတ်ရှည်သည်း ခံခြင်းနဲ့ လမ်းကြောင်းမှန်ကိုသာ လျှောက်လှမ်းလိုက်ပါ။ ကြိုးစားမှုတွေက အချိန်တန်တဲ့အခါ အရာ ထင်လာမှာပါ။ အချစ်ရေးသာယာပါတယ်။ ကျန်းမာရေးအနေနဲ့ ရေချိုးမှားတတ်တယ်။ သတိပြုပါ။

ယတြာ။         ။ ဆေးရုံတစ်ရုံမှာ ဆန်ပြုတ်ဒါနပြုပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဘဝက အချိုးအကွေ့တွေနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေမယ့်ကာလဖြစ်ပါတယ်။ ကောင်းတဲ့အ ချိုးအကွေ့တွေများတာကြောင့် အရာရာကို လေ့လာသင်ယူရင်း အကောင်းဆုံးကြိုးစားကျော်ဖြတ် လိုက်ပါ။ နေအိမ်ကို ရပ်ဝေးမှဘုရားတစ်ဆူပင့်ဆောင်ခွင့်ရမယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ စာကလေးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)    

မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

        ဝါသနာပါတဲ့အလုပ်နဲ့ ရွေးချယ်သင့်တဲ့အလုပ်ကြားမှာ ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ သင့်အတွက် ရေရှည်မှာအဆင်ပြေစေမယ့်အလုပ်ကို ရွေးချယ်လိုက်ပါ။ လူမှုရေးကိစ္စတွေကြောင့် လမ်းများနေရမယ်။ ချစ်သူကို အချိန်မပေးနိုင်တာကြောင့် အထင်လွဲစရာလေးတွေဖြစ်နေမယ်။ ငွေ ကြေးကံကောင်းနေပါတယ်။     

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        စကားအရှုပ်အရှင်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ ရင်းနှီးသူတွေနဲ့ဆိုရင်တောင် စကားအပြော အဆို ဆင်ခြင်ပါ။ လုပ်ငန်းသစ်တိုးချဲ့ရမယ်။ ကြာသပတေးနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အ ချစ်ရေးမှာ နေမြဲအတိုင်းရှိမယ်။ ရပ်ဝေးက သတင်းထူးတစ်ခုကြားရမယ်။ ၁ အစ ၉ အဆုံး ထီထိုးပါ။

ယတြာ။         ။ မိဘမဲ့ကလေးတစ်ယောက်ကို အဝတ်အစားတစ်စုံ လက်ဆောင်ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အမျိုးအဆွေတွေရဲ့ သာရေးနာရေးကိစ္စတွေနဲ့ လုံးပန်းနေရမယ့်ကာလဖြစ်ပါတယ်။ ငွေဝင်သ လောက် ငွေထွက်လည်း ကြမ်းနေမယ်။ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေတာကြောင့် အတန် ငယ် စိတ်ပျက်နေမိမယ်။ အချစ်ရေးသာယာပါတယ်။ အိမ်ထောင်သည်ဖြစ်ပါက နေအိမ်အပြောင်း အ ရွှေ့ရှိတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပွင့်သက်စေ့လှူပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        ကျန်းမာရေးအနည်းငယ်ချူချာပြီး ငွေကုန်ကြေးကျများနေတဲ့ ကာလဖြစ်ပါတယ်။ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်တာမို့ အစားအသောက်ကို သေချာဂရုစိုက်ပါ။ အချစ်ရေးမှာ စန်းပွင့် လွန်းနေတာကြောင့် ရွေးချယ်ရခက်နေတတ်တယ်။ မိသားစုနဲ့အဆင်ပြေတဲ့သူကို ဦးစားပေးပြီး ရွေး ချယ်လိုက်ပါ။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ကြားဝင်သွေးထိုးသူတစ်ယောက်ကြောင့် မိသားစုအကြား၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ စိတ်ဝမ်းကွဲရတတ်တယ်။ သူစိမ်းတွေစကားကို အယုံကြည်မလွယ်ပါနဲ့။ ကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်ပါ။ အချစ်ရေးမှာ စိတ်ဝင်စားနေသူဆီက အဖြေရမယ်။ အနာဂတ်အတွက် အစီအမံလေးတွေ ချမှတ်ရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီနီ ၉ ပွင့်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        မမျှော်လင့်ထားတဲ့နေရာကနေ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိတယ်။ ထီပေါက်တာ၊ အမွေရတာ၊ အဖိုးတန်ပစ္စည်းကောက်ရတာမျိုးတွေ ကြုံရတတ်တယ်။ အလှူအတန်းများများ ပြုလုပ်ပါ။ လိုအပ်နေသူတွေကို တတ်နိုင်သလောက်ကူညီပါ။ စိတ်စေတနာကောင်းထားခြင်းဖြင့် ဘဝရဲ့ ကြီးပွား တိုးတက်မှုဆီတက်လှမ်းသွားနိုင်မယ့် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ယတြာ။         ။ နေအိမ်ဘုရားမှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        ဥစ္စာပစ္စည်းတွေ မထင်မှတ်ဘဲ ပျောက်ပျက်သွားနိုင်တဲ့ကာလဖြစ်ပါတယ်။ ရွှေငွေ၊ ဖုန်း စတဲ့ အဖိုးတန်ပစ္စည်းတွေကို သေချာဂရုတစိုက်သိမ်းပါ။ တခြားသူကို မငှားပါနဲ့။ ကျပျောက်တတ်ပါတယ်။ နေအိမ်အပြောင်းအရွှေ့ရှိတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာပါတယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

        မထင်မှတ်ဘဲ သူများပြဿနာကြားမှာ ဝင်ပါရတတ်တဲ့ကာလဖြစ်ပါတယ်။ အမှုအခင်းအထိ ဖြစ်နိုင်တာကြောင့် သူများရဲ့အရှုပ်အရှင်းကိစ္စတွေမှာ ဝင်မပါပါနဲ့။ တာဝန်မယူပါနဲ့။ နေအိမ်ကို စက် ပစ္စည်းကြီးကြီးမားမားဝင်မယ်။ နေအိမ်အသစ်ပြုပြင်ရမယ်။ လူပျိုကြီး၊ အပျိုကြီးဖြစ်ပါက အိမ်ထောင် ကျကိန်းရှိတယ်။

ယတြာ။         ။ ဘုရားကို သစ်သီး ၉ မျိုးကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )  
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

အစီအစဉ်တွေမရှိဘဲ ဆက်တိုက်ခရီးထွက်ဖြစ်နေမယ့်ကာလဖြစ်ပါတယ်။ သင့်အတွက် ကံ ကောင်းခြင်းတွေယူဆောင်လာပေးမယ့် ခရီးပါ။ မိသားစုအတွင်း မင်္ဂလာသတင်းကြားရမယ်။ ချစ်သူ မရှိသေးသူများ ရည်ရွယ်ထားသူနဲ့နီးစပ်ခွင့်ကြုံမယ်။ ငွေဝင်ကိန်းရှိသလောက် ငွေထွက်ကိန်းတွေ လည်းများနေပါတယ်။

ယတြာ။         ။ လိုအပ်တဲ့နေရာတွေမှာ ဆေးဝါးဒါနပြုပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မလိုသူတွေရဲ့ကောလာဟလတွေကြောင့် အတန်ငယ်စိတ်ကသိကအောက်ဖြစ်နေရမယ်။ ရန် ကို ရန်ချင်းမတုံ့နှင်းပါနဲ့။ မေတ္တာတရားနဲ့သာ ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ အမှန်တရားပေါ်ပေါက် ပြီး အဆင်ပြေသွားမှာပါ။ အချစ်ရေးမှာ သင့်ထက်အသက်ကြီးတဲ့ချစ်သူနဲ့ ဆုံတွေ့ရတတ်တယ်။ ငွေ ကြေးကံ သင့်တင့်ပါတယ်။

ယတြာ။         ။ ငွေ ၅ဝဝဝ ပံ့သကူပစ်ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။