ရာသီစက်ဝန်းကာလနဲ့ ကျွန်မတို့မိန်းမသားတွေရဲ့ စိတ်အခြေအနေပြောင်းလဲမှုများ

blank

မိန်းမသားတွေရဲ့ တစ်လတာမှာ ရာသီသွေးဆင်းချိန်ကာလဆိုတာ ရာသီဥတုလေးမျိုးလိုပဲ တလှည့်စီဖြစ်ပေါ်နေတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ တချို့မိန်းမသားများတွေအတွက်တော့ ရာသီစက်ဝန်းကာလတွေကို စိတ်အလိုမကျမှု၊ မကြည်လင်မှုတွေနဲ့ ခက်ခဲစွာဖြတ်ကျော်ကြရပါတယ်။ ဒါကြောင့် ရာသီကာလပြီးဆုံးချိန်မှာ မိန်းမသားအများစု ခံစားရလေ့ ရှိတဲ့ စိတ်ခံစားမှုအနိမ့်အမြင့်အတက်အကျ အခြေအနေလေးတွေကို ရာသီဥတု(၄)မျိုးနဲ့ နှိုင်းယှဉ်တင်ပြလိုက်ပါတယ်ရှင်။

ပထမပတ် ( နွေဦးရာသီ )

ဒီကာလဟာ အေးစက်ရှည်လျားတဲ့ဆောင်းရာသီကုန်ဆုံးပြီးချိန်မှာ ဆိုက်ရောက်လာတဲ့ နွေဦး ပေါက်ရာသီလေးနဲ့တူပါတယ်။ ရာသီသွေးဆင်းပြီးခါစအချိန်မှာ အက်စ်ထရိုဂျင်ဟော်မုန်းတွေ တိုးလာ တာကြောင့် နေရထိုင်ရတာ ပိုကောင်းလာပါတယ်။ ရာသီကာလရဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ ရိုလာကို စတာစီးရသလို စိတ်ခံစားမှုတွေ ပြီးသွားချိန်မို့ သွေးသစ်လောင်းလိုက်သလို ပြန်လည်လန်းဆန်းစပြု လာတယ်။ အကောင်းမြင်စိတ်တွေလည်း တိုးလာပြီး စွမ်းအင်တွေရှိလာပါတယ်။

ဒုတိယပတ် ( နွေရာသီ )

အက်စ်ထရိုဂျင်ဟော်မုန်းက တစ်လတာရဲ့အမြင့်ဆုံးကို ရောက်ရှိနေတာကြောင့် လှပမှု၊ ဆွဲဆောင်အားကောင်းမှုနဲ့ လှုပ်ရှားတက်ကြွမှုတွေပြည့်နေတဲ့အချိန်ပါပဲ။ ကိုယ့်ကိုယ်ကို ကမ္ဘာကြီးရဲ့ ထိပ်ဖျားပေါ်ရောက်နေသလို ခံစားရပါတယ်။ စွမ်းအင်တွေကလည်း ခန္ဓာကိုယ်အနှံ့စီးဆင်းနေတယ်။ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် စိတ်ကြည်လင်ပေါ့ပါးစွာ လုပ်ကိုင်ဖြစ်နေပြီး ဘေးမှာရှိတဲ့လူတွေကလည်း ကိုယ့်အတွက် စိတ်ကျေနပ်နှစ်သိမ့်စရာတွေချည်းဖြစ်နေပါတယ်။

တတိယပတ် ( မိုးရာသီ )

သားအိမ်မှ သန္ဓေဥတွေထွက်ခွာသွားပြီးနောက်မှာ အက်စ်ထရိုဂျင်တွေက နက်ရှိုင်းလာတယ်။ Progesterone ခေါ် သန္ဓေသားမဖြစ်ပေါ်အောင် ကာကွယ်တားဆီးပေးတဲ့ဟော်မုန်းတွေတိုးလာတယ်။ အုံ့မှိုင်းနေတဲ့မိုးရာသီမှာ နေထိုင်နေရသလိုမျိုး တက်ကြွမှုတွေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လျော့ကျ လာတယ်။ သံသယစိတ်တွေ၊ မလုံခြုံသလိုခံစားမှုတွေနဲ့ စိတ်တိုလွယ်၊ ကျွဲမြီးတိုလွယ်နေပြီး သုန်သုန် မှုန်မှုန်ဖြစ်နေပါတယ်။ စိတ်တွေမွန်းကြပ်နေပြီး အသက်ရှူမဝသလိုမျိုး ခံစားနေရပါတယ်။

စတုတ္ထပတ် ( ဆောင်းရာသီ )

အက်စထရိုဂျင်နဲ့ Progesterone ဟော်မုန်းနှစ်ခုလုံး အနက်ရှိုင်းဆုံးဖြစ်ပေါ်နေချိန်ဖြစ်တာ ကြောင့် ရိုလာကိုစတာပေါ် ရောက်နေသလိုပါပဲ။ အလိုလိုနေရင်းဒေါသထွက်ချင်နေတာ၊ ငိုချင်နေတာ၊ စိတ်ဓာတ်ကျတာ၊ မောပန်းနွမ်းလျတာ၊ နာကျင်ကိုက်ခဲတာတွေ စသဖြင့် စုပြုံဖြစ်ပေါ်နေတတ်တယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ကိုယ်ဖြစ်ချင်တာတွေအကုန်ရုပ်သိမ်းပြီး သီးခြားကမ္ဘာငယ်လေး နဲ့ နေချင်သလို၊ အထီးကျန်သလို ခံစားရတယ်။  ဒါပေမဲ့ တကယ်တမ်းက ဒီခံစားချက်တွေဟာတကယ် ဖြစ်နေတာမဟုတ်ပါဘူး။ ကိုယ့်ကို ဘယ်သူကမှလည်း ပစ်ပယ်ထားတာမဟုတ်ပါဘူး။ ရာသီသွေးကာ လနီးလို့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်လေးတွေသာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်ကို ကြံ့ခိုင်စွာ ဖြတ်ကျော်ဖို့ အားမွေးသင့်ပါတယ်။

စာချစ်သူတို့ရေ… တလှည့်စီဖြစ်နေတဲ့ မိန်းမသားတို့ရဲ့ ရာသီဥတုလေးမျိုးကို ပျော်ရွှင်တက်ကြွစွာ ကြော်ဖြတ်နိုင်ဖို့ အစားအာဟာရ၊ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့လိုသလို လိုအပ်တဲ့ဆေးဝါးတွေကို သုံးဆောင်မှီဝဲဖို့လည်း အရေးကြီးပါတယ်နော်။ သဘာဝဗီတာမင်အီးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Prim-E ဟာ ပျိုမေတို့ရဲ့ လစဉ်ဝေဒနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အကောင်းဆုံးမိတ်ဆွေတစ်လက်ပါ။ ဒါကြောင့်….

“မိန်းမသားတိုင်း ရာသီကာလကို တက်ကြွစွာဖြတ်ကျော်နိုင်စေဖို့ Prim-E ကိုသောက်ကြစို့”

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် ဂန္ထဝင် မဂ္ဂဇင်း နှင့် ပျိုမေတို့ရဲ့ ကျန်းမာခြင်းအတွက် အလိုအပ်ဆုံးဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ Prim-E မှ ပူးပေါင်း ရေးသားတင်ဆက်ခြင်း ဖြစ်သည်။