၂ဝ၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၁ဝ ရက်နေ့မှ ၁၆ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries)
(မတ်လ ၂၁ရက်မှ ဧပြီ ၂ဝရက်နေ့အတွင်း မွေးဖွားသူများ)

ဒီတစ်ပတ်အတွင်းမှာတော့ အတိတ်က အဖြစ်အပျက်တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလင့်တစား လုပ်ငန်းခွင်၊ အချစ်ရေးနဲ့ ငွေရေးကြေးရေး အခြေအနေအားလုံး အဆင်ပြေတဲ့ကာလဖြစ်တယ်။ ပစ္စုပ္ပန်ကိုအာရုံစိုက်ခြင်းဖြင့် လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကောင်းမွန်တဲ့အခြေအနေတွေကို အပြည့်အဝခံစားလိုက်ပါ။ ဆုံးပြီထင်နေသော ငွေကြေးအချို့ကို ပြန်ရတတ်တယ်။

ယတြာ- သူငယ်ချင်းတစ်ဦးအား ရေခဲမုန့်ဝယ်ကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus)
(ဧပြီလ ၂၁ရက်မှ မေလ ၂၁ရက်အတွင်း မွေးဖွားသူများ)

ဒီတစ်ပတ်မှာတော့ ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်တချို့ကို ချမှတ်နိုင်မယ်။ အချစ်ရေး ကံကောင်းမယ်။ ပြိဿရာသီဖွား အိမ်ထောင်ရှင်များအနေနဲ့ ရင်သွေးနှင့် ပတ်သက်သော သတင်းကောင်းကြားရမယ်။ လုပ်ငန်းပြောင်းဖို့ စဉ်းစားနေသူတွေ အဆင်ပြေမယ်။ ငွေကြေးလက်လွန်တတ်တယ်။

ယတြာ- ဖျားနာနေသူတစ်ဦးအား ဆန်ပြုတ်ဝယ်တိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

(မေလ ၂၂ ရက်မှ ဇွန် ၂၁ ရက်အတွင်း မွေးဖွားသူများ )

မေထုန်ရာသီဖွားတွေအနေနဲ့ မမျှော်လင့်ထားတဲ့ တာဝန်တွေကို လက်ပြောင်းယူရကိန်းရှိတယ်။ စိတ်ကူးထားတဲ့ကိစ္စတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်။ ငွေအစုလိုက် အပြုံလိုက်ဝင်လိမ့်မယ်။ အချစ်ရေးမှာတော့ မုန်တိုင်းထန်လိုက် လေပြည်တိုက်လိုက်ဖြစ်နေမယ်။

ယတြာ- ဘုရားစင် သန့်ရှင်းရေးပြုလုပ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

(ဇွန်လ ၂၂ရက်မှ ဇူလိုင်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

လုပ်ငန်းခွင်အတွင်းမှာ ဦးဆောင်ဦးရွက်ပြုလိုက်တဲ့ ကိစ္စတွေအဆင်ပြေမယ်။ ငွေကြေးအတွက် လုံးချာလိုက်နေခဲ့သမျှတွေ အဆင်ပြေမယ်။ မိမိရဲ့အခက်အခဲတွေကို ကူညီပေးမယ့်သူတစ်ယောက်ပေါ်လာမယ်။ ပန်းချီကားလက်ဆောင်ရပါက ထီထိုးပါ။ ချစ်သူမရှိသေးသော ကရကဋ်ရာသီဖွားများ ချစ်သူရတတ်သည်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပြီး ခုနှစ်ရက်သားသမီးများအား မေတ္တာပို့သပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)
(ဇူလိုင်လ ၂၄ရက်မှ သြဂုတ်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

အလုပ်တွင်းမှာ အခြားသူတွေရဲ့ အကြံဉာဏ်တွေကို ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်ပါ။ ထူးခြားတဲ့ အောင်မြင်မှုတွေရရှိမယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး သေချာသုံးသပ်ရမယ့် ကာလဖြစ်တယ်။ ဘဝလမ်းကျောင်းအသစ်တွေကို ပြောင်းလဲလျှောက်လှမ်းသူတွေ အဆင်ပြေမယ်။ ငွေကြေးလက်လွန်တတ်တာကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး အယုံမလွယ်ပါနဲ့။

ယတြာ- ကလေး(၃) ယောက်အား အချိုရည်တိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo)
(သြဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ)

ဒီတစ်ပတ်အတွင်းမှာတော့ စိန်ခေါ်မှုအသစ်တွေကို ကြုံရမယ်။ ခေါင်းမာမာနဲ့ တစွတ်ထိုးဆုံးဖြတ်တတ်တဲ့ အကျင့်ကိုပြင်ပါ။ သွေးအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် စိန်ခေါ်မှုတွေကနေ ကောင်းကျိုးတွေခံစားရမယ်။ အောင်မြင်မှုလမ်းကြောင်းကို ဦးတည်ပေးနိုင်မယ့် အခွင့်အရေးတွေရရှိမယ်။ အချစ်ရေးဖြောင့်ဖြူးမယ်။ ကျန်းမာရေးအနည်းငယ် ညံ့တတ်တယ်။

ယတြာ- မွေးနံထောင့်တွင် ဆီမီးကပ်လှူပါ။

၇။ တူရာသီဖွား (Libra)
(စက်တင်ဘာလ ၂၄ရက်မှ အောက်တိုဘာ ၂၃ ရက်အတွင်းမွေးဖွားသူများ)

ယခုတစ်ပတ်အတွင်းမှာတော့ တူရာသီဖွားတွေအတွက် ကံကောင်းခြင်းတွေ ဝန်းရံနေတဲ့ ကာလဖြစ်တယ်။ အချစ်ရေး၊ငွေကြေးနဲ့ လုပ်ငန်းခွင်တွေ အားလုံးစိတ်ရှိသလောက် ပေါက်မြောက်အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်။ ဘဝအတွက် ခြေလှမ်းအသစ်တွေကို လျှောက်လှမ်းနိုင်မယ်။ အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် အခြားလူတွေထက် တစ်ပန်းသာမယ်။
ယတြာ- တနင်္ဂနွေသားသမီးတစ်ယောက်အား ရွှေရင်အေးတိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)
(အောက်တိုဘာလ ၂၄ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)

ဒီတစ်ပတ်အတွင်းမှာတော့ အနီးအနားကလူတွေရဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ရလိမ့်မယ်။ မိမိရဲ့အချိန်တွေကို သူတစ်ပါးကြောင့် အကုန်ခံနေရလိမ့်မယ်။ ဘဝကိုတစ်ဆင့်မြင့်မားစေမယ့် သင်တန်းတစ်ခုတက်ရလိမ့်မယ်။ ပညာရှာနေတဲ့ဗြိစ္ဆာရာသီဖွားတွေအတွက် အထူးကောင်းတဲ့ ကာလဖြစ်တယ်။ အထက်လူကြီးရဲ့ အကူအညီတွေများစွာရရှိမယ်။

ယတြာ-ချို့တဲ့သူတစ်ယောက်အား အဝတ်တစ်စုံလှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius)
(နိုဝင်ဘာလ ၂၃ရက်မှ ဒီဇင်ဘာလ ၂၁ရက်အတွင်းမွေးဖွားသူများ)
ယခုတစ်ပတ်မှာတော့ ဓနုရာသီဖွားတွေအတွက် အိမ်တွင်းရေး သာယာအဆင်ပြေမယ်။ ငွေကြေးကံကောင်းမယ်။ အခြားလူတွေရဲ့ ခံစားချက်တွေ၊ အမြင်တွေကို စဉ်းစာပေးတတ်တဲ့ စိတ်ကိုပြင်ပါ။ ဓနုရာသီဖွား အမျိုးသမီးတွေအနေနဲ့ မိမိရိုသေလေးစားရသူတစ်ယောက်ရဲ့ ချစ်ရေးဆိုခြင်းကို ခံရလိမ့်မယ်။
ယတြာ- လိပ်စာကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

(ဒီဇင်ဘာ ၂၂ရက်နေ့မှ ဇန်နဝါရီ ၂ဝရက်အတွင်း မွေးဖွားသူများ)

ဒီတစ်ပတ်အတွင်းမှာ အပြောအဆိုတွေကို သတိထားပါ။ စေတနာနဲ့ သတိပေးလိုက်တဲ့ ကိစ္စတွေမှာ နားလည်မှုလွဲတတ်တယ်။ အိမ်တွင်းမှာ ပဋိပက္ခတွေဖြစ်တတ်တယ်။ မိမိရဲ့အမြင်တွေကို သူတစ်ပါးကို ပြောပြတတ်တဲ့ အကျင့်ကိုပြင်ပါ။ အချစ်ရေးအဆင်ပြေချောမွေ့မယ်။ ငွေကြေးပျောက်ရှတတ်တယ်။
ယတြာ- ဘုရားသန့်ရှင်းရေးအတွက် လုပ်အားဒါနပြုပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius)
(ဇန်နဝါရီလ ၂၁ရက်မှ ဖေဖော်ဝါရီ ၁၉အတွင်း မွေးဖွားသူများ)

ကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲနိုင်မယ်။ ရိုးသားကြိုးစားတဲ့ အကျင့်ကြောင့် လုပ်ငန်းခွင်အတွင်းမှာ နေရာရတတ်တယ်။ အပြောင်းအလဲတွေကို ကောင်းစွာအသုံးချတတ်တာကြောင့် အဆင်ပြေချောမွေ့မယ်။ အမှုမဲ့အမှတ်မဲ့နေတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေးအနည်းငယ်ညံ့မယ်။
ယတြာ- ဘုရားတစ်ခုခုတွင် လျှပ်စစ်မီးလှူဒါန်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)
(ဖေဖော်ဝါရီလ ၂ဝရက်နေ့မှ မတ်လ ၂ဝရက်အတွင်း မွေးဖွားသူများ)

ဒီတစ်ပတ်မှာတော့ မိန်ရာသီဖွားတွေ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ကြုံတွေ့ရမယ်။ စကားဖလှယ်တတ်သူတစ်ယောက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းရလိမ့်မယ်။ အဝေးက ဧည့်သည်တစ်ဦးရောက်လာလိမ့်မယ်။ ပညာရှာဖွေနေသူများ ပညာတော်သင်သွားရတတ်တယ်။ အချစ်ရေးအသင့်အတင့် အဆင်ပြေမယ်။

ယတြာ-သက်ကြီးရွယ်အို တစ်ဦးအား ဆေးဝါးဒါနပြုပါ။