အချိန်ဆွဲဖင့်နွှဲတတ်တဲ့ အကျင့်ဆိုးကြီးကို ပပျောက်စေနိုင်မယ့် နည်းလမ်းကောင်းများ

blank

သင်ဘယ်လိုပဲကြိုးစားကြိုးစား၊ အလုပ်တွေ အချိန်မီမပြီးတာ၊ အစည်းအဝေးတွေ မမီတာ၊ အလုပ်တွေ လက်လွှတ်လိုက်ရတာ၊ အချိန်ကို ကောင်းကောင်းမစီမံနိုင်ဘူးဆိုရင် သင်ဟာ အချိန်ဆွဲ ဖင်နွှဲတတ်သူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။

အချိန်ဆွဲဖင့်နွှဲတတ်တဲ့အကျင့်က စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်တယ်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နားလည်မှုလွဲစေတယ်၊ အခွင့်အလမ်းတွေကို လက်လွှတ်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှ အချိန်ဆွဲတတ်တဲ့အကျင့်ရှိနေတယ်ဆိုရင် စောစောစီးစီး ဖယ်ရှားပစ်လိုက်တာ ပိုမကောင်းဘူးလား။

ဒါကြောင့် အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်း (၁၂)ခုကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နွှဲနေတယ်ဆိုရင် အချိန်ဇယားဆွဲပြီး အချိန်ဇယားအတိုင်း တိကျစွာ လိုက်နာပါ။

၂။ သင့်ကို စိတ်ခွန်အားပေးစေတဲ့အကြောင်းတွေကလွဲရင် ဘာအကြောင်းကြောင့်မှ အလုပ်လုပ်တာကို မနှောင့်နှေးစေမိအောင် သတိပြုပါ။

၃။ အလုပ်တစ်ခုကိုမပြီးခင် နောက်အလုပ်တစ်ခုကို ပြောင်းလုပ်တယ်ဆိုတာ သင့်ပျင်းရိမှုကြောင့်ဆိုတာ သတိရပါ။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်နေတာက လက်ရှိအလုပ်တွေကို အချိန်ဆွဲနေသလို ဖြစ်စေနိုင်တာကို သတိပြုပါ။

၅။ အချိန်ဆွဲဖင့်နွှဲတာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးပြီးလုပ်ပါ။

၆။ အလုပ်တွေအရမ်းများပြီး ဘယ်ကစလုပ်ရမှန်းမသိရင် အလုပ်တစ်ခုချင်းစီကို သေသေချာချာ ခွဲခြားဆန်းစစ်ပြီး အလုပ်သေးသေးလေးတွေကနေ စလုပ်ပါ။
၇။ နားချိန်မှာနားပြီး အလုပ်လုပ်ချိန်မှာ အလုပ်ကို အပြည့်အဝအာရုံစိုက်ပြီး လုပ်ဆောင်ပါ။

၈။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မြန်မြန်ပြီးပြတ်အောင် လုပ်တတ်တဲ့အကျင့်ကို မွေးမြူထားပါ။

၉။ အင်တာနက်ပေါ်မှာ အရေးမကြီးဘဲ chatting ထိုင်တာ၊ မက်ဆေ့ခ်ျပို့တာတွေကို ကန့်သတ်ပါ။

၁ဝ။ အချိန်ရရင်ရသလို အလုပ်လေးတွေကို ပြီးပြတ်အောင်လုပ်ပါ။ အားပြီဆိုတာနဲ့ ဖုန်းကိုင်ပြီးအင်တာနက်သုံးတာမျိုး တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။

၁၁။ အင်တာနက်ပေါ်က သတင်းထူးတွေကို ဖတ်တာက အချိန်ကို ကုန်မှန်းမသိ ကုန်လွန်စေပါတယ်။ ဒါကြောင့် အလုပ်လုပ်ရမယ့်အချိန်မှာ သတင်းဖတ်မယ့်အစား ခဏတာအနားယူတဲ့အချိန်မှာ သတင်းဖတ်ပါ။

၁၂။ Online Shopping page တွေကို တစ်ခုပြီးတစ်ခုဝင်ကြည့်ပြီး အွန်လိုင်းကနေ ဈေးဝယ်တာကလည်း အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးစေနိုင်တယ်ဆိုတာကိုလည်း သတိပြုဆင်ခြင်ပါ။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။