၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၃-ရက်နေ့မှ ၉-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

၅၂၈ နဲ့ ၁၅ဝဝ ချစ်ခြင်းမေတ္တာကြားမှာ လူးလာခေါက်တုံ့ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ အနာဂတ်အတွက် အုတ်မြစ်ချနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်မယ်။ ဘာ သာရပ်အသစ်တွေ သင်ယူခွင့်ရမယ်။ မရောက်ဖူးတဲ့ခရီးသစ်တစ်ခု ထွက်ရမယ်။ ကျန်းမာရေးအတန် ငယ်အညံ့ရှိတယ်။ ရေချိုးမှားတတ်တယ်။ ဂရုစိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

“ သည်းခံခြင်းသည်အောင်မြင်ရာ၏ ” ဆိုတဲ့ဆိုရိုးစကားနဲ့အညီ အရာရာကို စိတ်ရှည်သည်းခံ မှုနဲ့ ဖြတ်ကျော်ရမယ့်ကာလဖြစ်ပါတယ်။ အခွင့်အရေးကောင်းတွေက ရောက်လာဖို့ နှောင့်နှေးကြန့် ကြာနေလိမ့်မယ်။ တွေ့ဆုံရမယ့်သူတွေနဲ့ လွဲချော်နေတတ်တယ်။ ရစရာရှိတဲ့အကြွေးတွေ အချိန်ဆိုင်း ငံ့ထားတတ်တယ်။ အချစ်ရေးမှာ ချစ်သူနဲ့နားလည်မှုလေးတွေ တိုးနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ မိဘမဲ့ကလေးဂေဟာတစ်ခုမှာ နို့ထမင်းဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)    
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

နှလုံးသားအရေးထက် ဘဝအရေးကို အလေးပေးနေရမယ့်အချိန်ကာလဖြစ်ပါတယ်။ လုပ်စရာ အလုပ်တွေများလွန်းနေတာကြောင့် ရွေးချယ်ရခက်နေတတ်တယ်။ အရေးကြီးတဲ့အလုပ်နဲ့ အချိန်ရွှေ့ လို့ရတဲ့အလုပ်တွေကို သေချာခွဲခြားပြီး လုပ်ကိုင်ပါ။ အလုပ်ထဲမှာ အခက်အခဲတချို့ရှိပေမဲ့ မကြာခင် အဆင်ပြေသွားမှာပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ အိမ်ရှေ့လမ်းပေါ် အမှိုက်ကောက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ခြောက်သွေ့နေတဲ့ဘဝထဲကို စိမ်းလန်းမှုမိုးစက်လေးတွေ ဖျန်းပက်လာမယ့်ကာလဖြစ်ပါ တယ်။ လုပ်ကိုင်သမျှတိုင်းက အဆင်ပြေသာယာနေမယ်။ ရောက်လေရာမှာ ချစ်ခင်သူတွေ များနေ တတ်တယ်။ အချစ်ရေးအဆင်ပြေပါတယ်။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ မိသားစု အကြီးအကဲကျန်းမာရေး ဂရုစိုက်ပါ။ ပူပန်ရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းထဲ အရိပ်ရသစ်ပင်စိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ရွေးချယ်စရာအလုပ်တွေကြားမှာ စိတ်များနေရတတ်တယ်။ အလုပ်သုံးလေးခုကို မနိုင်မနင်း မလုပ်ဘဲ တစ်ခုတည်းကို ဖိဖိစီးစီးလုပ်တာ ပိုအောင်မြင်နိုင်ပါတယ်။ အဝတ်အထည်လုပ်ငန်း အကျိုး ပေးမယ်။ အလုပ်ကိစ္စနဲ့စပ်လျဉ်းပြီး ခရီးတိုလေးတွေ ထွက်ရမယ်။ အစားမှားတတ်တယ်။ အစားအ သောက်ဆင်ခြင်သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ခေါက်ဆွဲကြော်ပြီး အိမ်နီးချင်းတွေကိုဝေပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        ငွေရေးကြေးရေးကိစ္စနဲ့ အရှုပ်အရှုင်းဖြစ်ရတတ်တဲ့ကာလဖြစ်ပါတယ်။ အချေးအငှား မလုပ်ပါနဲ့။ လောင်းကစားကိစ္စတွေ မပြုလုပ်ပါနဲ့။ “ ဓားခုတ်ရာလက်ဝင်လျှို ” သလိုမျိုး ကြုံရတတ်တာကြောင့် သူ များပြဿနာတွေကြားမှာ ဝင်မပါပါနဲ့။ အချစ်ရေးမှာ ချစ်သူဆီက အဖြေရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းနယ်ကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးကြီးကြီးမားမားဝင်ကိန်းရှိနေတဲ့ကာလပါ။ မတော်တဆ အရှုပ်အရှင်းတွေလည်း ရှိ တတ်တာကြောင့် အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ လူတိုင်းကို အယုံကြည် မလွယ်ပါနဲ့။ လူဆိုးလူကောင်းကြည့်ပေါင်းပါ။ အပေါင်းအသင်းကြောင့် ငွေကုန်ကြေးကျများပြီး ဂုဏ် သိက္ခာကျတတ်ပါတယ်။ အချစ်ရေးသင့်ပါတယ်။

ယတြာ။         ။ နာမကျန်းနေသူတစ်ဦးကို ဆေးဝါးဖိုးဒါနပြုပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာ အတိုက်အခိုက်တချို့ကြောင့် စိတ်အနှောင့်အယှက်ကြုံရတတ်တဲ့ကာလဖြစ်ပါ တယ်။ စိတ်မပူပါနဲ့။ ပြောင်းလဲတိုးတက်ဖို့အတွက် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေးမှာ အပြိုင်အဆိုင်ပေါ်လာတာကြောင့် ပူပန် နေရတတ်တယ်။ သဘောထားကြီးမှုနဲ့သာ သင့်အချစ်စစ်ကို ပြသလိုက်ပါ။

ယတြာ။         ။ ချစ်ခင်ရသူတစ်ဦးကို မုန့်လိုက်ကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်။ လုပ်ငန်း သစ်တွေ၊ အချိုးအကွေ့အသစ်တွေကြောင့် ဆုံးဖြတ်ချက်ချရခက်တာတွေ ကြုံရမယ်။ စိတ်မပူပါနဲ့။ ခါ တိုင်းထက်နှစ်ဆတိုးပြီးသာ ကြိုးစားကျော်ဖြတ်လိုက်ပါ။ သင့်ကို ကူညီမယ့်မိတ်ဆွေကောင်း၊ ဆရာသ မားကောင်းတွေလည်း တွေ့မှာပါ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

        စကားအရှုပ်အရှင်းဖြစ်တတ်တာကြောင့် စကားပြောဆင်ခြင်သတိပြုသင့်တဲ့ကာလဖြစ်ပါတယ်။ ရင်းနှီးတယ်ဆိုတိုင်းလည်း စကားမကျွံမိပါစေနဲ့။ အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးတယ်။ စုပေါင်း စပ်ပေါင်းလုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ စကားပြောကောင်းသူနဲ့ ဖူးစာဆုံရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ မွေးနံတူတဲ့သူငယ်ချင်းကို ဟော့ပေါ့ကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )  
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ငွေဝင်များသလောက် ငွေထွက်များနေတဲ့ကာလဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေများနေတာ ကြောင့် အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေပါမယ်။ အလှူအတန်းပြုရမယ်။ ခရီးထွက်ရမယ်။ အ ချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားလူကြောင့် အထင်လွဲစရာလေးတွေဖြစ်နေမယ်။ စိတ်ရှည်ရှည်နဲ့ ဖြေ ရှင်းလိုက်ပါ။

ယတြာ။         ။ မွေးနံထောင့်မှာ ပုတီး ၉- ပတ်စိပ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လုပ်စရာအလုပ်လေးတွေရှိနေပေမဲ့ စိတ်အတန်ငယ်လေနေတဲ့ ကာလဖြစ်ပါတယ်။ မမျှော် လင့်ဘဲ အိမ်ထောင်ကျတတ်တယ်။ မိသားစုအတွင်း သတင်းထူးကြားရမယ်။ ငွေကြေးကိစ္စနဲ့ အချင်း များရတတ်တယ်။ ပညာရေးကံကောင်းနေပါတယ်။ ဝန်ထမ်းများ ပြောင်းရွှေ့ရကိန်းရှိတယ်။ ကျန်းမာ ရေး ဒူးနာခါးနာဖြစ်တတ်တယ်။ အထိုင်အထ၊ အသွားအလာ ဆင်ခြင်သတိပြုပါ။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။