၁။ လက်ဖြင့်ပိတ်ပြီး နှာချေခြင်း။
နှာချေခြင်းကို ကာကွယ်ဖို့အတွက် နှာခေါင်းနဲ့ပါးစပ်ကို ပိတ်လိုက်တဲ့အခါ ဦးခေါင်းခွံအတွင်း ဖိ အားတွေ သိသိသာသာတိုးလာပါတယ်။ ဦးနှောက်ထဲ သွေးစီးဆင်းမှုတွေ ပြိုကွဲပြီး သွေးကြောနဲ့ အာရုံ ကြောတစ်ရှူးတွေ ကျုံ့သွားပြီး ခေါင်းကိုက်ခြင်း၊ သွေးကြောတွေထိခိုက်ခြင်းနဲ့ အကြားအာရုံကို ထိ ခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လုံးဝပိတ်တာထက် လက်ဖြင့်အသာကာပြီးတော့သာ နှာချေသင့်ပါတယ်။
၂။ ရေမွှေးကို အမြဲတမ်းအသုံးပြုခြင်း။
ရေမွှေးဖြစ်ပေါ်ဖို့အတွက် အရာဝတ္ထုတွေကို ပေါင်းစပ်ထားရပါတယ်။ ဒါကြောင့် ရေမွှေးတွေကို အမြဲစွဲပြီး အသုံးပြုခြင်းအားဖြင့် မူးဝေခြင်း၊ အော့အန်ခြင်းနဲ့ ထိုင်းမှိုင်းငိုက် မြည်းခြင်းတို့ကို ဖြစ်ပေါ်စေ ပါတယ်။ ဒါ့အပြင် မျက်လုံး၊ လည်ချောင်းနဲ့ အရေပြားတို့ကိုလည်း ယားယံစေပါတယ်။
၃။ အစားအစာကို ပလတ်စတစ်ဘူးတွေနဲ့ထားသိုခြင်း။
ပလတ်စတစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Phthalate နဲ့ Bisphenol လို ဓာတုပစ္စည်းတွေဟာ ပလတ်စတစ်ရဲ့ကွေးနိုင်ဆန့်နိုင်မှုကို အကြာကြီးထိန်းထားပြီး အစားအစာတွေဆီ ပြန်စိမ့်ဝင်သွားတာ ကြောင့် ကင်ဆာလို ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အစားအစာတွေ ကိုထည့်သိုရာမှာ ပလတ်စတစ်အစား စတီးလ်၊ ဖန်ထည်နဲ့ကြွေထည်တွေကိုသာ အသုံးပြုသင့်ပါတယ်။
၎။ အစာစားပြီးချင်းချင်း သွားတိုက်ခြင်း။
သွားဆရာဝန်တွေက အစားစားပြီး အနည်းဆုံးမိနစ် ၃ဝ-ကြာမှသွားတိုက်ဖို့ ညွှန်းဆိုထားကြပါ တယ်။ ဘာကြောင့်လဲဆိုတော့ အစာစားပြီးစအချိန် အက်ဆစ်ဓာတ်တွေက သွားအောက်ခြေနဲ့ ကြွေ လွှာ တွေပေါ်တင်ကျန်နေချိန်မှာ ဘရပ်ရှ်နဲ့သွားကို ဖိတိုက်ခြင်းဖြင့် အက်ဆစ်ဓာတ်တွေက ပိုနစ်ဝင် သွားစေပါတယ်။ ဒါဟာ သွားကြွေလွှာအတွက် ကြီးမားတဲ့ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။
၅။ ပိုးသတ်ဆပ်ပြာကို မကြာခဏအသုံးပြုခြင်း။
လူ့ခန္ဓာကိုယ်အရေပြားမျက်နှာပြင်ပေါ်မှာ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အ သုံးဝင်ဘက်တီးရီးယားအရေအတွက် အများအပြားရှိနေကြပါတယ်။ ပိုး သတ်ဆပ်ပြာကို မကြာခဏ အသုံးပြုခြင်းအားဖြင့် ဘက်တီးရီးယားဆိုးတွေကို တိုက်ထုတ်ပေးမယ့် ဘက်တီးရီးယားကောင်းတွေ ကို ဖယ်ရှားပစ်ရာရောက်ပါတယ်။ ဒါကြောင့် အရေပြားရောဂါအထူးကု ဆရာဝန်တွေက ပိုးသတ်ဆပ် ပြာကို ကိုက်ရာ၊ ရှရာနဲ့ ပွန်းပဲ့ရာတွေအတွက်သာသုံးပြီး ဖြစ်နိုင်ရင် တစ်ပတ်နှစ်ကြိမ်ထက် ပိုမသုံးဖို့ ညွှန်းဆိုထားကြပါတယ်။
၆။ ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်ဆင်ခြင်း။
ဂျင်းတွေဟာ ဖက်ရှင်ကျတာမှန်ပေမဲ့ ခန္ဓာကိုယ်နဲ့ နာ့ဗ်ကြောတွေကို အမြဲတမ်းတင်းကျပ်နေ စေပါတယ်။ ဒါဟာ သက်တောင့်သက်သာမရှိရုံသာမက နာ့ဗ်ကြောဆိုင်ရာစနစ်တွေကို ပြဿနာရှိစေ ပြီး ခန္ဓာကိုယ်တွင်း လေဝင်လေထွက်မရှိစေတာကြောင့် ယားယံမှု၊ ထုံကျင်မှုတို့ကို ဖြစ်ပေါ်စေပါတယ်။
၇။ သစ်သီးဖျော်ရည်တွေကို အလွန်အမင်းသောက်ခြင်း။
လူအတော်များများဟာ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်များစွာသောက်ခြင်းက နာမကျန်းဖြစ် စေသလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတာကိုမသိကြပါဘူး။ ဆီးချိုရောဂါရှိသူတွေနဲ့ အဝလွန်သူတွေ ဆိုရင် စပျစ်သီးဖျော်ရည်ကိုတောင် မသောက်သုံးသင့်ပါဘူး။ ဖျော်ရည်တွေဟာ ဓာတ်မတည့်မှုတွေ လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို တိုက်မယ်ဆိုရင် ပမာဏနည်းနည်းကိုပဲ တိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် သင့်တော်တဲ့ပမာဏကို ဆရာဝန်နဲ့အရင်မေးပြီးမှ ကလေးတွေကို သစ်သီးဖျော်ရည်တိုက် သင့်ပါတယ်။
သိမှတ်စရာဗဟုသုတကောင်းလေးတွေကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။