ဒီစည်းမျဉ်းလေးတွေနဲ့ အောင်မြင်မှုကို သိမ်းပိုက်ကြရအောင်

blank

၁။ အလုပ်မှာ စိန်ခေါ်မှုတွေများလေလေ ပိုမိုကြိုးစားရလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်စိတ်အား ထက်သန်မှုတွေကို နေ့စဉ်တိုးမြှင့်ဖို့ ကြီးမားတဲ့ပန်းတိုင်တွေ ချမှတ်ပါ။

၂။ အလုပ်တွေ ပြီးမြောက်အောင်မြင်ဖို့ဆိုရင် သင်လုပ်ပြီးတဲ့အတိုင်းအတာ၊ ဘယ်ကိုဆက်သွားရမယ် ဆိုတာတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့် ပန်းတိုင်ကာလကို တိကျစွာသတ်မှတ်ပါ။

၃။ မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကို ဖြေရှင်းနိုင်ခြင်းက ရလဒ်ကောင်းတွေကို ထွက်ပေါ်စေပါတယ်။ ဒါကြောင့် နံနက်လင်းတာနဲ့ အရေးကြီးတဲ့တစ်နေ့တာလုပ်ငန်းတာဝန်တွေကို ချမှတ်ပါ။

၎။ ဆင်ခြေဆိုတာ အလုပ်တစ်ခုကို နှောင့်နှေးပျက်ပြားစေတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲ တွေကြုံလာတဲ့အခါ ဆင်ခြေမပေးဘဲ နှစ်ဆတိုးအားစိုက်ထုတ်တတ်တဲ့အကျင့်ကို မွေးမြူပါ။

၅။ ချမှတ်ထားတဲ့အလုပ်ကို ဘာပဲဖြစ်ဖြစ် ပြီးမြောက်တဲ့အထိလုပ်မယ်ဆိုတဲ့ဇွဲမျိုး ထားရှိပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အလုပ်ပြီးမြောက်စေဖို့ လိုအပ်တဲ့အချက်တွေကို ကြိုတင်ပြင်ဆင်မှုပြုပါ။

၇။ သင်စတင်ထားတဲ့အလုပ်ကို အဆုံးသတ်တဲ့အထိ တာဝန်ယူလုပ်ကိုင်တတ်တဲ့အကျင့်ကို တည် ဆောက်ပါ။

၈။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဆိုတာ တိုးတက်မှုနဲ့ အပြောင်းအလဲတွေကို ခုခံတတ်တဲ့ သဘာဝရှိပါတယ်။ ဒါ့အပြင် အဲ့ဒီအရာတွေကို တိုက်ခိုက်နိုင်တဲ့စွမ်းအားလည်း ရှိတာကြောင့် သင်လုပ်စရာရှိတာကိုသာ လုပ်လိုက်ပါ။

၉။ ခံစားချက်တွေကို ဦးစားမပေးဘဲ အလုပ်ကို ဦးစားပေးတတ်တဲ့အကျင့်ကို မွေးမြူပါ။

၁ဝ။ ပျင်းရိစိတ်ဆိုတာ အလုပ်တွေကို မပြီးမြောက်စေတဲ့အဟန့်အတားဖြစ်ပါတယ်။ ဒါကြောင့် ဦး နှောက်စွမ်းရည်ကို လှုံ့ဆော်ပေးတဲ့ဂိမ်းတွေကစားပါ။

၁၁။ အလုပ်ရဲ့အခက်အခဲတွေကို မကြည့်ဘဲ အလုပ်ပြီးမြောက်ဖို့ကိုပဲ အာရုံစိုက်ထားပါ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။